ဆဒ္ဒန်ဂူ
Jump to navigation
Jump to search
ဆဒ္ဒန်ဂူသည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ဇွဲကပင်တောင်တန်း၏ တောင်ဘက်အကျဆုံး ဆဒ္ဒန်တောင်တွင် တည်ရှိသည်။ သံလွင်မြစ်၏ အရှေ့ဘက်ကမ်း ကော့ဝါးဆူးကျေးရွာအနီးတွင် တည်ရှိပြီး ဘားအံမြို့မှ မိုင်(၂၀)ခန့် အကွာတွင် တည်ရှိသည်။[၁]
ဆဒ္ဒန်ဂူသည် အရှေ့အနောက် ၁၀၇ မီတာ ရှည်လျားပြီး ၄၀ မီတာ ကျယ်ဝန်းသည်။ ဆဒ္ဒန်ဂူသည် နှစ်ဘက်ပွင့် တိုးလျှို ပေါက်ဂူဖြစ်ပြီး အဝင်ဝ ကျဉ်းမြောင်းကာ ကရင်ပြည်နယ်တွင် အရှည်လျားဆုံး ဂူဖြစ်သည်။ ဆဒ္ဒန်ဂူသည် မြေပြင်မှ ပေ(၃၀)ခန့် အမြင့်တွင်တည်ရှိပြီးလုံးဝန်းသော ပုံသဏ္ဌာန်ရှိ၍ ဒေသခံ များက ဆဒ္ဒန်ဂူဟု ခေါ်ကြသည်။ ဆဒ္ဒန်ဂူဘုရားပွဲတော်ကို နှစ်စဉ်သင်္ကြန်အတက်နေ့တွင် ကျင်းပသည်။[၁]
ရုပ်ပုံများ[ပြင်ဆင်ရန်]
ကိုးကား[ပြင်ဆင်ရန်]
- ↑ ၁.၀ ၁.၁ ကရင်ပြည်နယ်၏ ဒေသန္တရ အချက်အလက်များ။ ကရင်ပြည်နယ်အစိုးရ။ ၂ ဖေဖော်ဝါရီ ၂၁၀၇ တွင် ပြန်စစ်ပြီး။
![]() ![]() | ဤ ကရင်ပြည်နယ် ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတို တစ်ပုဒ်ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |