၂၀၀၄ မြန်မာဆိုင်ကလုန်း
အလွန်အမင်း ပြင်းထန် ဆိုင်ကလုန်းမုန်တိုင်း (IMD စကေး) | |
---|---|
အဆင့် ၁ (Saffir–Simpson scale) | |
Satellite image of the cyclone offshore Myanmar | |
ဖြစ်ပေါ်ခြင်း | May 16, 2004 |
ကွယ်ပျောက်ခြင်း | May 19, 2004 |
အမြင့်ဆုံးလေတိုက်နှုန်း | 3-minute sustained: တစ်နာရီ ၁၆၅ ကီလိုမီတာနှုန်း (တစ်နာရီ ၁၀၅ မိုင်နှုန်း) 1-minute sustained: ၁၂၀ ကီလိုမီတာနှုန်း (တစ်နာရီ ၇၅ မိုင်နှုန်း) |
အနိမ့်ဆုံး လေဖိအား | ၉၅၂ mbar (hPa)၊ ၂၈.၁၁ inHg |
အသေအပျောက် | 236 total |
ပျက်စီးမှု | $99.2 သန်း (2004 USD) |
သက်ရောက်သည့် ဧရိယာ | Odisha, Bangladesh, Myanmar, Thailand, Yunnan |
2004 North Indian Ocean cyclone season ၏ အစိတ်အပိုင်း |
၂၀၀၄ မြန်မာဆိုင်ကလုန်း သည် မြန်မာနိုင်ငံတွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းတစ်ခု ဖြစ်သည်။ ၁၉၆၈ ခုနှစ်ကတည်းက နိုင်ငံတွင် တိုက်ခတ်သည့် ငလျင်များထဲတွင် အဆိုးဆုံးဖြစ်သည်ဟု သတ်မှတ်ကြသည်။ ဤဆိုင်ကလုန်းမုန်တိုင်းသည် ၂၀၀၄ ခုနှစ် မြောက်အိန္ဒိယသမုဒ္ဒရာဆိုင်ကလုန်းရာသီတွင် တိုက်ခတ်သည့် ဒုတိယမြောက်ဆိုင်ကလုန်း ဖြစ်သည်။ ၎င်းသည် ဘင်္ဂလားပင်လယ်အော် အလယ်ဗဟိုတွင် မေလ ၁၆ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ် ဖြစ်ပေါ်လာခဲ့သည်။ နောက်ပိုင်းတွင် မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားကာ ထိုမုန်တိုင်းသည် အရှေမြောက်ဘက်သို့ တည်ငြိမ်စွာရွေ့လျားသွားသည်။ မေလ ၁၉ ရက်နေ့တွင် ဆိုင်ကလုန်းသည် မြန်မာနိုင်ငံ၊ စစ်တွေမြို့အနီး အနောက်မြောက်ပိုင်းတစ်လျှောက်သို့ ကုန်းမြေသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည်။ ထိုသို့ တိုက်ခတ်ရာတွင် အိန္ဒိယမိုးလေဝသဌာန၏ တိုင်းတာချက်အရ အမြင့်ဆုံး လေတိုက်နှုန်းသည် 165 km/h (တစ်နာရီ ၁၀၅ မိုင်နှုန်း) ဖြစ်သည်။ ကုန်းမြေသို့ ဝင်ရောက်သည့်အခါတွင် မုန်တိုင်းသည် မြန်ဆန်စွာ အားလျော့သွားခဲ့သည်။ သို့သော်လည်း ၎င်း၏ အရှိန်ကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် တရုတ်နိုင်ငံ၊ ယူနန်စီရင်စုတို့တွင် မိုးများရွာသွန်းခဲ့သည်။
ဆိုင်ကလုန်းမုန်တိုင်း၏ တိုက်ခတ်မှုသည် မြန်မာနိုင်ငံတွင် 157 km/h (98 mph) ရှိခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သည်။ မုန်းတိုင်းတိုက်ခတ်မည့်အခြေအနေမှတစ်ပါး အစိုးရက ၁၀ ကြာသည့်တိုင် မုန်တိုင်းနှင့်ပတ်သက်သတ်၍ မည်သည့်အချက်အလက်မှ ထုတ်ပြန်မှုမရှိပေ။ မြန်မာအစိုးရများသည် မုန်တိုင်းများ ကုန်းမြေအတွင်းသို့ ဝင်ရောက်တိုက်ခတ်သည့်အခါမှသာ ထုတ်ပြန်လေ့ရှိသည်။ ဤဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တစ်လျှောက်လုံးတွင် မိုးများသန်းထန်စွာရွာသွန်းခဲ့ကာ ပျက်စီးမှုများ ရှိခဲ့သည်။ အိမ်ပေါင်း ၄၀၃၅ လုံးပျက်စီးခဲ့ကာ လူပေါင်း ၂၅၀၀၀ ဦးသည် အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ထို့အပြင် စိုက်ပျိုးသီးနှံအခင်းများ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ၎င်း၏ ရလဒ်အနေဖြင့် စားနပ်ရိက္ခာများ ပြတ်တောက်ခြင်း ဖြစ်ပေါ်ခဲ့သည်။ လမ်းများပျက်စီးခဲ့သဖြင့် အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးများ ပြုလုပ်၍ မရရှိခဲ့သည်။ မြန်မာတစ်နိုင်ငံလုံးတွင် ပျက်စီးမှုတန်ဖိုးသည် ကျပ် ၆၂၁ သန်း (အမေရိကန်ဒေါ်လာ ၉၉.၂ သန်း) ရှိခဲ့သည်။ ဤမုန်တိုင်းသည် ၁၉၆၈ ခုနှစ်ကတည်းက နိုင်ငံတွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်းများတွင် အဆိုးရွားဆုံး ဖြစ်ခဲ့သည်။ လူ ၂၃၆ ဦး သေဆုံးခဲ့သည်။ တရားဝင်မဟုတ်သည့် ထုတ်ပြန်ချက်များတွင် စုစုပေါင်း သေဆုံးမှုသည် ၁၀၀၀ အထိ ရှိခဲ့သည်။ ပျက်စီးမှုများသည် မြန်မာနိုင်ငံတွင် အဆိုးဆုံးဖြစ်သော်လည်း ၎င်း၏ သက်ရောက်မှုသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပင် ပျံ့နှံ့ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သစ်ပင်များကျိုးအောင် လေတိုက်ခတ်ခဲ့ကာ သင်္ဘောနှစ်စင်းလည်း မှောက်ခဲ့သည်။
မိုးလေဝသမိုင်း
[ပြင်ဆင်ရန်]သက်ရောက်မှု
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ
[ပြင်ဆင်ရန်]မုန်တိုင်းစတင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသသည် ပျက်စီးမှု အများဆုံး ဖြစ်ခဲ့သည်။ လေတိုက်နှုန်းသည် 157 km/h (98 mph) ရှိခဲ့သည်။[၁][၂] အပူပိုင်းမိုးရွာသွန်းမှုသည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂလားပင်လယ်အော်တစ်လျှောက်တွင် ၅၀၀ မီလီမီတာ (၂၀ လက်မ) ရှိခဲ့သည်။ [၃]ထို့အပြင် ကမ်းရိုးတန်းတစ်လျှောက်တွင် လှိုင်းအမြင့်သည် ၁၅ မီတာ (၅၀ ပေ) ရှိခဲ့သည်။ မြင့်မားသည် မုန်တိုင်းဒီရေနှင့် ကမ်းရိုးတန်းတွင် ရေကြီးမှုသည် ရခိုင်ပြည်နယ်ရှိ မြို့လေးမြို့တွင် ဖြစ်ပွားခဲ့ကာ ရေနှင့်ပတ်သက်သည်များကို ပျက်စီးစေခဲ့သည်။[၄] မြို့ပေါင်း ရှစ်မြို့သည် ထိခိုက်မှုရှိခဲ့ကာ ထိုအထဲမှ ငါးမြို့သည် ပြင်းထန်ခဲ့သည်။[၅]
၁၀ရက်ကြာသည့်တိုင်အောင် မြန်မာအစိုးရသည် ဆိုင်ကလုန်းနှင့် ပတ်သက်၍ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။ မြန်မာအစိုးရသည် အမြဲတမ်း နိုင်ငံတွင်ခံစားရသည့် မုန်တိုင်းများနှင့် ပတ်သက်၍ ထုတ်ပြန်မှု မရှိပေ။ မုန်တိုင်းနှင့်ပတ်သက်၍ အသိပေးမှု အနည်းငယ်လုပ်ဆောင်ခဲ့ကာ ကျယ်ပြန့်စွာ လုပ်ဆောင်မှု မရှိခဲ့ပေ။[၆][၇] မုန်တိုင်းသည် အိမ်ပေါင်း ၂၆၅၀ လုံးကို ဖျက်ဆီးပစ်ခဲ့ကာ နောက်ထပ် အိမ် ၁၃၈၅ လုံးကို ပြင်းထန်စွာ ဖျက်ဆီးပစ်ခဲ့သည်။[၈] လူပေါင်း ၂၅၀၀၀ သည် အိုးအိမ်များကို စွန့်ခဲ့ရကာ အိုးအိမ်မဲ့ ဖြစ်ခဲ့ပြီး အများစုသည် ပေါက်တောမြို့မှ ဖြစ်သည်။[၉] ဒေသရှိ ဆေးရုံလေးခုသည် ဆိုးရွားစွာ ပျက်စီးခဲ့သည်။ ထိုအဲမှ တစ်ခုသည် စစ်တွေမြို့မှဖြစ်ကာ မူလပုံမှန်အတိုင်း အလုပ်လုပ်ဆောင်နိုင်မှု မရှိတော့ပေ။ [၄]ကျောင်းပေါင်း ၃၀၀ ခန့် ပျက်စီးခဲ့ပြီး ထိုအထဲမှ ၄၄ ခုသည် စစ်တွေမြို့မှ ဖြစ်သည်။[၂][၄] ထိုဒေသတစ်လျှောက်တွင်လည်း လေပြင်းများဒဏ်ကြောင့် တယ်လီဖုန်းတိုင်များသည် လဲကျခြင်း၊ ပါဝါထောက်အထောက်အပံ့ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။[၁၀][၄] နွား အကောင် ၂၀၀၀ ခန့်သည့် သေဆုံးခဲ့သည်။ များစွာသောစပါးစိုက်ခင်းများသည်လည်း ပျက်စီးခဲ့ရကာ ရလဒ်အနေဖြင့် အစားအသောက်ကုန်ဈေးနှုန်းသည် ၇၀% မြင့်တက်ခဲ့သသည်။[၆] လမ်းများသည်လည်း ပျက်စီးခဲ့ရသဖြင့် ပို့ဆောင်ဆက်သွယ်ရေးလည်း ပြတ်တောက်ခဲ့သည်။ [၂]၎င်းကြောင့် စားနပ်ရိက္ခာပြတ်တောက်ခြင်း၊ ရေသန့် ရရှိမှုများ ပြတ်တောက်ခြင်း စသည်တို့ ဖြစ်ပေါ်ခဲ့သည်။[၁၁] မုန်တိုင်းတိုက်ခတ်စဉ်အတွင်း ပင်လယ်ထဲတွင် သင်္ဘော ၈၄ စင်းတို့သည် ပျောက်ဆုံးခဲ့သည်။[၆] စစ်တွေမြို့ရှိ အဓိကဆိပ်ကမ်းသည်လည်း ပျက်စီးခဲ့သည်။[၈]
ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုပူးပေါင်းဆောင်ရွက်ရေးရုံးအဖွဲ့က ဤမုန်တိုင်းသည် ၁၉၆၈ ခုနှစ်ကတည်းက တိုက်ခတ်ခဲ့သည့် မုန်တိုင်းများထဲတွင် အဆိုးဆုံးဖြစ်ခဲ့သည်ဟု ဆိုခဲ့သည်။[၄] မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် ကျပ် ၆၂၁ သန်းကျော် (အမေရိကန်ဒေါ်လာ ၉၉.၂ သန်း) ရှိခဲ့သည်။[၁၀][nb ၁] တရားဝင်ထုတ်ပြန်ကြေညာချက်များအရ နိုင်ငံတွင် သေဆုံးသူသည် ၂၃၆ ဦး ရှိသည်။[၁၀] သို့သော်လည်း အတည်ပြုထားခြင်းမရှိသည့် ထုတ်ပြန်မှုများတွင် သေဆုံးသူသည် ၁၀၀၀ အထိ မြင့်တက်ခဲ့သည်။[၁၃] မြေပုံမြို့ တစ်မြို့တည်းတွင်ပင် သေဆုံးသူသည် ၁၃၉ ဦး ရှိခဲ့သည်။[၄] သေဆုံးသူအများစုသည် ရခိုင်ပြည်နယ်မှ ငါးဖမ်သမားများဖြစ်ကာ ပင်လယ်ထဲသို့ မျောပါသေဆုံးခဲ့ခြင်း ဖြစ်သည်။[၆]
တိုက်ခတ်ပြီး အခြေအနေ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedmgp
- ↑ ၂.၀ ၂.၁ ၂.၂ Myanmar: Floods Information Bulletin No. 1/2004။ International Federation of Red Cross And Red Crescent Societies (အစီရင်ခံစာ)။ ReliefWeb။ 2004-06-01။ 2015-05-25 တွင် ပြန်စစ်ပြီး။
- ↑ Steve Lang (2004-05-19)။ Tropical Storm brings Heavy Rains to Burma။ NASA။ 2015-05-25 တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ ၄.၂ ၄.၃ ၄.၄ ၄.၅ Myanmar: Storm OCHA Situation Report No. 1။ United Nations Office for the Coordination of Humanitarian Affairs (အစီရင်ခံစာ)။ ReliefWeb။ 2004-05-27။ 2015-05-25 တွင် ပြန်စစ်ပြီး။
- ↑ Jesse Allen (2004-05-26)။ Flooding in Myanmar။ NASA။ 2015-05-25 တွင် ပြန်စစ်ပြီး။
- ↑ ၆.၀ ၆.၁ ၆.၂ ၆.၃ "Myanmar breaks silence over deadly cyclone, says many dead and missing"၊ UNICEF၊ 2004-05-29။ 2015-05-25 တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။
- ↑ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedat
- ↑ ၈.၀ ၈.၁ "Myanmar cyclone toll: at least 140 dead – UN says at least 18,000 homeless from May 19 storm"၊ UNICEF၊ 2004-05-28။ 2015-05-25 တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။
- ↑ Myanmar Appeal No. 01.65/2004 Annual Report။ International Federation of Red Cross And Red Crescent Societies (အစီရင်ခံစာ)။ ReliefWeb။ 2005-05-27။ 2015-05-25 တွင် ပြန်စစ်ပြီး။
- ↑ ၁၀.၀ ၁၀.၁ ၁၀.၂ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedrc68
- ↑ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedj
- ↑ Historical Exchange Rates။ Oanda Corporation (2015)။ 4 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-05-25 တွင် ပြန်စစ်ပြီး။
- ↑ Cyclone Nargis Update (PDF)။ Center for Excellence in Disaster Management and Humanitarian Assistance (2008-05-08)။ 24 March 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 July 2021 တွင် ပြန်စစ်ပြီး။
ကိုးကား အမှား - <ref>
tags exist for a group named "nb", but no corresponding <references group="nb"/>
tag was found