မြို့ထောင့်စေတီ
ဝီကီပီးဒီးယား မှ
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ ကျေးဇူးပြုပြီး စိတ်ချယုံကြည်နိုင်လောက်သော အချက်အလက်ရင်းမြစ် များကို ကိုးကားရည်ညွှန်း၍ ဤဆောင်းပါးကို မွမ်းမံ ပေးပါ။ အကိုးအကားမပါသော အချက်အလက်များသည် စောဒကတက်ခြင်းခံရနိုင်ပြီး ဖယ်ရှားခြင်းပါခံရမည်ဖြစ်သည်။ |
ရွှေဘိုမြို့၏ အရှေ့ မြောက်ဘက်တွင် တည်ရှိသည်။ အလောင်းမင်းတရား တည်ထားခဲ့သည်။ အလောင်းမင်းတရားသည် ဟံသာဝတီ(ပဲခူး)တွင် နေထိုင်စဉ် ရွှေမော်ဓောဘုရားအား ဖူးမြော်ခဲ့ပြီး ကြည်ညိုသဒ္ဓါပွားများကာ ရွှေဘိုသို့ ပြန်လည်အရောက်တွင် တည်ထားကိုးကွယ်ခဲ့သည်။ မူလက မော်ဓောမြင်သာစေတီတော်ဟု ဘွဲ့အမည်ထားခဲ့သော်လည်း နောက်ပိုင်းတွင် မြို့ထောင့်စေတီဟုသာ အမည်တွင်ခဲ့သည်။