ဥပဒေရေးရာ ဝန်ကြီးဌာန
| Ministry of Legal Affairs | |
![]() | |
| အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
| ဖွဲ့စည်းခြင်း | ၃၀ ဩဂုတ် ၂၀၂၁ |
| အဖွဲ့အစည်းအမျိုးအစား | ဝန်ကြီးဌာန |
| ဌာနချုပ် | နေပြည်တော် |
| ဆောင်ပုဒ် | ဥပဒေပညာသည် အကျင့်သိက္ခာနှင့်ပြည့်စုံသော ပညာဖြစ်သည် |
| ဝန်ကြီးများ | ဒေါက်တာ ဒေါ်သီတာဦး၊ ပြည်ထောင်စုဝန်ကြီး |
| ဒုတိယဝန်ကြီးများ | ဒေါက်တာ ထိန်လင်းဦး |
| မိခင်အဖွဲ့အစည်း | ပြည်ထောင်စုအစိုးရအဖွဲ့ |
| ဝက်ဘ်ဆိုက် | oag.gov.mm |
ဥပဒေရေးရာဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Legal Affairs) သည် မြန်မာနိုင်ငံ၏ ဥပဒေရေးရာများကို ဆောင်ရွက်သည့် ဝန်ကြီးဌာနဖြစ်သည်။၂၀၂၁ခုနှစ်တွင် အိမ်စောင့်အစိုးရ ဖွဲ့စည်းပြီးနောက် ဩဂုတ်လ ၃၀ရက်နေ့တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ဝန်ကြီးဌာနအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။[၁]လက်ရှိဝန်ကြီးမှာ ဒေါက်တာ ဒေါ်သီတာဦးဖြစ်ကာ ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ပူးတွဲ ထမ်းဆောင်သည်။[၂]
ဌာနများ
[ပြင်ဆင်ရန်]ဥပဒေရေးရာ ဝန်ကြီးဌာနအောက်တွင် ယခင်က ဥပဒေများစိစစ်အကြံပြုရေးဦးစီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန၊ နှင့် စီမံရေးရာဦးစီးဌာန ဟူ၍ ဌာနလေးခုရှိသည်။[၃]
၂၀၂၃ ပထမ လေးလပါတ်ကစပြီး ဥပဒေရေးရာဝန်ကြီးဌာနကို ဝန်ကြီးရုံး၊ ဥပဒေများမူကြမ်းစိစစ်ရေးဦးစီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန နှင့် ဥပဒေအသိပညာပြန်န့ပွားရေးဦးစီးဌာန ဟူ၍ ဝန်ကြီးရုံး ၁ရုံး၊ဌာန ၄ခုဖြင့် ပြင်ဆင်ဖွဲ့စည်းသည်။ ဝန်ကြီးရုံးနှင့် ဌာန၄ခု တွင် ညွှန်ကြားရေးမှူးချုပ် တစ်ဦးစီက ဦးဆောင်ကာ စီမံခန့်ခွဲသည်။ [၄]
ဝန်ကြီးများ
[ပြင်ဆင်ရန်]ပြည်ထောင်စုဝန်ကြီးများ
[ပြင်ဆင်ရန်]| စဉ် | ပုံ | အမည် | ရာထူးသက်တမ်း | နိုင်ငံရေးပါတီ | အစိုးရ | ဒုတိယဝန်ကြီး | ||
|---|---|---|---|---|---|---|---|---|
| တာဝန်စတင် | တာဝန်ပြီးဆုံး | ရက်ပေါင်း | ||||||
| ၁ | ဒေါက်တာ သီတာဦး | ၃၀ ဩဂုတ် ၂၀၂၁ | ၃၁ ဇူလိုင် ၂၀၂၅ | ၁၄၃၁ | - | မင်းအောင်လှိုင်အစိုးရ | ဒေါက်တာ ထိန်လင်းဦး | |
| ၃၁ ဇူလိုင် ၂၀၂၅ | ယနေ့အထိ | ၁၀၂ ရက် | - | ညိုစောအစိုးရ | ဒေါက်တာ ထိန်လင်းဦး | |||
| ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ပူးတွဲထမ်းဆောင် | ||||||||
ဒုတိယဝန်ကြီးများ
[ပြင်ဆင်ရန်]| စဉ် | ပုံ | အမည် | ရာထူးသက်တမ်း | အစိုးရ | ပြည်ထောင်စုဝန်ကြီး | ရင်းမြစ် | ||
|---|---|---|---|---|---|---|---|---|
| တာဝန်စတင် | တာဝန်ပြီးဆုံး | ရက်ပေါင်း | ||||||
| ၁ | ဦးစန်းလွင် | ၃၀ ဩဂုတ် ၂၀၂၁ | ၁၂ အောက်တိုဘာ ၂၀၂၂ | ၁ နှစ်၊ ၅၃ ရက် | မင်းအောင်လှိုင်အစိုးရ | ဒေါက်တာ သီတာဦး | [၅][၆] | |
| ဒုတိယရှေ့နေချုပ် အဖြစ် ပူးတွဲထမ်းဆောင် | ||||||||
| ၂ | ဒေါက်တာ | ၃ ဩဂုတ် ၂၀၂၃ | ၃၁ ဇူလိုင် ၂၀၂၅ | ၁ နှစ်၊ ၃၆၂ ရက် | မင်းအောင်လှိုင်အစိုးရ | ဒေါက်တာ သီတာဦး | [၇] | |
| ဒုတိယရှေ့နေချုပ် အဖြစ် ပူးတွဲထမ်းဆောင် | ||||||||
| ၃၁ ဇူလိုင် ၂၀၂၅ | ယနေ့အထိ | ၁၀၂ ရက် | ဦးညိုစောအစိုးရ | ဒေါက်တာ သီတာဦး | [၈] | |||
| ဒုတိယရှေ့နေချုပ် အဖြစ် ပူးတွဲထမ်းဆောင် | ||||||||
ကိုးကား
[ပြင်ဆင်ရန်]- ↑ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇၆ / ၂၀၂၁"။
- ↑ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇၇ / ၂၀၂၁"။
- ↑ သမိုင်းဖြစ်စဉ် - ဥပဒေရေးရာဝန်ကြီးဌာန။ ၇ မတ် ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ ဥပဒေရေးရာဝန်ကြီးဌာန ၏ ဖွဲ့စည်းပုံဇယား။ Ministry of Legal Affairs,Myanmar။ 11 June 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇၈ / ၂၀၂၁"။
- ↑ မြန်မာ့အလင်းသတင်းစာ (၁၃.၁၀.၂၀၂၂)။ 13 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 October 2022 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၇၀ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်) ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၃ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ခန့်အပ်တာဝန်ပေးခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ 7 August 2025 တွင် ပြန်စစ်ပြီး။
