ကချင်ပြည်နယ် လွှတ်တော်
| ကချင်ပြည်နယ်လွှတ်တော် | |
|---|---|
| တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် | |
| အမျိုးအစား | |
| အမျိုးအစား | |
| သမိုင်းကြောင်း | |
| တည်ထောင်ခြင်း | ၃၁ ဇန်နဝါရီ ၂၀၁၁ |
| ခေါင်းဆောင်များ | |
ဥက္ကဋ္ဌ | |
ဒုဥက္ကဋ္ဌ | |
| ဖွဲ့စည်းပုံ | |
| အမတ်ဦးရေ | ၄၅ ရွေးကောက်ခံ ၃၄ ဦး တပ်မတော်သား ၁၁ ဦး |
နိုင်ငံရေး အုပ်စုများ | USDP (၂၃) TNDP (၃)
|
| ရွေးကောက်ပွဲများ | |
| မဲအများဆုံးရသူအနိုင်ယူစနစ် အချိုးကျကိုယ်စားပြုစနစ် | |
နောက်ဆုံး ရွေးကောက်ပွဲ | ၂၀၂၅-၂၀၂၆ အထွေထွေရွေးကောက်ပွဲ |
| အစည်းအဝေးနေရာ | |
| ပြည်နယ်လွှတ်တော်ခန်းမ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် | |
ကချင်ပြည်နယ်လွှတ်တော် (အင်္ဂလိပ်: Kachin State Hluttaw) သည် မြန်မာနိုင်ငံ ကချင်ပြည်နယ်၏ ဥပဒေပြုလွှတ်တော် တစ်ခုဖြစ်သည်။ လွှတ်တော်တစ်ရပ်တည်းရှိသော လွှတ်တော်အမျိုးအစားဖြစ်ပြီး ကိုယ်စားလှယ်ပေါင်း ၅၃ ဦး (ရွေးကောက်ခံ ကိုယ်စားလှယ် ၄၀ ဦးနှင့် ခန့်အပ်ခံ တပ်မတော်သား ကိုယ်စားလှယ် ၁၃ ဦး) ရှိသည်။[၁]
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် မြို့နယ်တစ်မြို့နယ်လျှင် နှစ်ဦးကျစီရွေးကောက် တင်မြှောက်ပြီး၊ ရွေးကောက်တင်မြှောက်သည့် လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည်။
၂၀၂၆ ခုနှစ်အထိ ကချင်ပြည်နယ်တွင် မြို့နယ် (၁၈) ခုဖြင့် သတ်မှတ်ဖွဲ့စည်းထားသဖြင့် ရွေးကောက်ခံကိုယ်စားလှယ် ၃၆ ဦးရှိပြီး၊ ရွေးကောက်ခံ ဗမာ၊ လီဆူ၊ ရဝမ်နှင့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးများ (၄) ဦးနှင့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသော ခန့်အပ်ခံ တပ်မတော်သား ကိုယ်စားလှယ် ၁၂ ဦးလည်း ပါဝင်သည်။
လွှတ်တော်အကြီးအကဲများ
[ပြင်ဆင်ရန်]| လွှတ်တော်သက်တမ်း | သဘာပတိ | ဥက္ကဋ္ဌ | ဒုတိယဥက္ကဋ္ဌ | |
|---|---|---|---|---|
| ၁။ | ပထမအကြိမ် [၂] | ဦးလဂျွန်ငန်ဆိုင်း၊ USDP | ဦးရားဝမ်ဂျုံး၊ USDP | ဦးစိုင်းမြင့်ကျော်၊ USDP |
| ၂။ | ဒုတိယအကြိမ် [၃] | ဦးမြသိန်း၊ NLD | ဦးထွန်းတင်၊ NLD | ဦးဒိန်ခန်ဖုန်၊ NLD |
| ၃။ | တတိယအကြိမ်[၄] | ဒေါက်တာသန်းဌေးအောင်၊ USDP | ဦးရားဝမ်ဂျုံး၊ USDP | ဦးသိန်းထွန်းအေး၊ USDP |
ရွေးကောက်ပွဲ ရလဒ်များ
[ပြင်ဆင်ရန်]၂၀၁၀ ခုနှစ်
[ပြင်ဆင်ရန်]| ကချင်ပြည်နယ်လွှတ်တော် အမတ်နေရာများ | |||
|---|---|---|---|
| ပါတီ | အမတ်နေရာ | % | +/- |
| USDP | ၂၀ | 39.22% | |
| NUP | ၁၁ | 21.57% | |
| SNLD | ၄ | 7.84% | |
| UDPKS | ၂ | 3.92% | |
| တစ်သီးပုဂ္ဂလ | ၁ | 1.96% | |
| တပ်မတော်သား | ၁၃ | 25.49% | |
| စုစုပေါင်း | ၅၁ | 99.99% | |
၂၀၁၅ ခုနှစ်
[ပြင်ဆင်ရန်]| ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် | |||
|---|---|---|---|
| ပါတီ | အမတ်နေရာ | % | +/- |
| NLD | ၂၆ | 49.06% | |
| USDP | ၇ | 13.21% | |
| KSDP | ၃ | 5.66% | |
| SNLD | ၁ | 1.89% | |
| LNDP | ၂ | 3.77% | |
| UDPKS | ၁ | 1.89% | |
| တပ်မတော်သား | ၁၃ | 24.53% | |
| စုစုပေါင်း | ၅၃ | ၁၀၀ | |
၂၀၂၅-၂၀၂၆ ခုနှစ်
[ပြင်ဆင်ရန်]၂၀၂၅-၂၀၂၆ အထွေထွေ ရွေးကောက်ပွဲတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လပိုင်းတွင် ဆဋ္ဌမအကြိမ်ပြင်ဆင်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄ အရ ရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒနယ်များ သတ်မှတ်ရာတွင် မြို့နယ်တစ်မြို့နယ်လျှင် ကိုယ်စားလှယ်တစ်ဦးကျစီကို FPTP စနစ်ဖြင့် ရွေးချယ်ရန် သတ်မှတ်ရမည်ဖြစ်ပြီး၊ ကျန်ရှိသောကိုယ်စားလှယ်များအတွက် မြို့နယ်များကို စုစည်း၍ PR စနစ်ဖြင့် ရွေးချယ်နိုင်ရန် မဲဆန္ဒနယ်များ သတ်မှတ်ရဟု ပြဋ္ဌာန်းထားသည်။
ကချင်ပြည်နယ်လွှတ်တော်၏ ရွေးကောက်ခံ မဲဆန္ဒနယ် ၃၆ နေရာတွင် ၁၈ နေရာကို FTPT စနစ်ဖြင့် ရွေးကောက်ခံရပြီး၊ ကျန် ၁၈ နေရာကို PR စနစ်ဖြင့် သတ်မှတ်ရွေးကောက်ခံရသည်။ သို့သော် ရွေးကောက်ပွဲကော်မရှင်၏ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ် (၄) နယ် ဖြစ်သော ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ အင်ဂျန်းယန်မြို့နယ်တို့တွင် ရွေးကောက်ပွဲများကျင်းပမည်မဟုတ်ကြောင်း ကြေညာသည်။[၅][၆][၇]၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သည် အပိုင်း (၃) ကြေညာချက်အရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကို ကချင်ပြည်နယ်အတွင်းရှိ မံစီမြို့နယ်တစ်ခုလုံးနှင့် မိုးမောက်မြို့နယ်တစ်ခုလုံးအား ထည့်သွင်း ကျင်းပမည်မဟုတ်ကြောင်း ကြေညာခဲ့သည်။[၈]ထို့အပြင် ဗန်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု စုစုပေါင်း ၁၁ ခုကိုလည်း ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများအဖြစ် သီးခြားကြေညာခဲ့သည်။[၉]
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကြေညာခဲ့သော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်းအရ ကချင်ပြည်နယ်လွှတ်တော်အတွက် တပ်မတော်သားကိုယ်စားလှယ် ၁၁ ဦး ပါဝင်သည်။[၁၀]
| စဉ် | ကိုယ်စားပြုပါတီ | အမတ်နေရာ | % | +/- | |||
|---|---|---|---|---|---|---|---|
| FPTP | PR | EM | Σ | ||||
| ၁။ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ | ၁၂ | ၉ | ၂ | ၂၃ | 45.10% | |
| ၂။ | တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ | ၀ | ၂ | ၁ | ၃ | 5.88% | |
| ၃။ | ဒီမိုကရေစီပါတီသစ် (ကချင်) | ၀ | ၂ | ၀ | ၂ | 3.92% | |
| ၄။ | လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ | ၀ | ၁ | ၁ | ၂ | 3.92% | |
| ၅။ | တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ | ၀ | ၁ | ၀ | ၁ | 1.96% | |
| ၆။ | မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ | ၀ | ၁ | ၀ | ၁ | 1.96% | |
| ၇။ | ပြည်သူ့ရှေ့ဆောင်ပါတီ | ၀ | ၁ | ၀ | ၁ | 1.96% | |
| ၈။ | ကချင်ပြည်နယ်ပြည်သူ့ပါတီ | ၀ | ၁ | ၀ | ၁ | 1.96% | |
| ၉။ | တပ်မတော်သား ကိုယ်စားလှယ် | - | - | - | ၁၁ | 21.57% | |
| ၁၀။ | လစ်လပ် | ၆ | ၀ | ၀ | ၆ | 11.76% | - |
| စုစုပေါင်း | ၅၁ | 99.99% | |||||
အဓိကဖြစ်ရပ်များ
[ပြင်ဆင်ရန်]
အခြားကြည့်ရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Nixon၊ Hamish (September 2013)။ State and Region Governments in Myanmar (PDF)။ Myanmar Development Resource Institute။ p. 92။ 4 March 2016 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ 28 November 2015 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့အလင်းသတင်းစာ ၁-၂-၂၀၁၁။ Online Burma Library။ 13 August 2025 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့အလင်းသတင်းစာ ၉-၂-၂၀၁၆။ Online Burma Library။ 16 August 2025 တွင် ပြန်စစ်ပြီး။
- ↑ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ စတင်ကျင်းပ (in my)။ 2026-03-21 တွင် ပြန်စစ်ပြီး။
- ↑ လာမည့်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၅၆ နယ်၊ အမျိုးသားလွှတ်တော် FPTP စနစ် မဲဆန္ဒနယ် ကိုးနယ်နှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် FPTP စနစ် မဲဆန္ဒနယ် ၅၆ နယ်၌ ရွေးကောက်ပွဲများ ကျင်းပမည်မဟုတ်ကြောင်း UEC ကြေညာ (in my)။ 2026-03-21 တွင် ပြန်စစ်ပြီး။
- ↑ Team၊ NPMNews။ ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် မဲဆန္ဒနယ်စာရင်းကို UEC ကြေညာ။ 2026-03-21 တွင် ပြန်စစ်ပြီး။
- ↑ ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်များစာရင်း ထုတ်ပြန်ကြေညာ | Ministry Of Information (in en)။ 2026-03-21 တွင် ပြန်စစ်ပြီး။
- ↑ ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်များစာရင်း ထုတ်ပြန်ကြေညာ။ MOI Myanmar (၂၀ ဇန်နဝါရီ ၂၀၂၆)။ ၂၁ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ ရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်းမရှိသည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ။ MOI Myanmar (၂၀ ဇန်နဝါရီ ၂၀၂၆)။ ၂၁ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း | Ministry Of Information (in en)။ 2026-03-24 တွင် ပြန်စစ်ပြီး။