ထောပတ်ထမင်း

ဝီကီပီးဒီးယား မှ

ထောပတ်ထမင်း သည် ထမင်းကို ထောပတ်နှင့် အခြားအမွှေးအကြိုင်တို့ထည့်ကာ ထောပတ်အရသာထွက်သော ထမင်းဖြစ်ရန် ဖန်တီးထားသော စားဖွယ်တမျိုးဖြစ်သည်။ တောင်အာရှနှင့် အရှေ့တောင်အာရှတွင် စားလေ့ရှိပြီး အမွန်အမြတ်စားဖွယ်အဖြစ် အလှူအတန်းများတွင် ချက်ပြုတ်တည်ခင်းလေ့ရှိသည်။

ပါဝင်သောပစ္စည်းများ (လူ ၁ဝ ဦးစာ)[ပြင်ဆင်ရန်]

ပေါ်ဆန်းမွှေး(ဆန်ဟောင်း) - နို့ဆီဘူး ၆ ဘူး
ပဲနီလေး - ၁ဝ ကျပ်သား
ရေအေး - နို့ဆီဘူး ၁ဝ ဘူး
ထောပတ် - ၇ ၁/၂ ကျပ်သား
ဆီ - ၂ ၁/၂ ကျပ်သား
သစ်ကြံပိုး(၂” အရွယ်) - ၂ ခေါက်
ကရဝေးရွက် - ၆ ရွက်
လေးညှင်းပွင့် - ၆ ပွင့်
ဖာလာစေ့ - ၆ စေ့
သကြား - စားပွဲဇွန်း ၃ ဇွန်း
ဆား - လက်ဖက်ဇွန်း ၂ ဇွန်း

ပြုလုပ်ပုံ အဆင့်ဆင့်[ပြင်ဆင်ရန်]

ဆန်ကို ရေဖြင့် နှစ်ကြိမ်ခန့် လျင်မြန်စွာဆေးပြီး ရေစစ်ပါ။ ပဲနီလေးကို အမှိုက်သန့်စင်အောင် ရေဆေးပြီး ရေစစ်ပါ။ အိုးတစ်လုံးဖြင့် ရေဆူအောင်တည်ပြီး ဆန်နှင့် ပဲနီလေးထည့်ပါ။ ရေပြန်ဆူ၍ ဆန်ကြောတင်းလာလျှင် ဆန်သားမာမာအနေအထား၌ ချ၍ ငှဲ့ပါ။ ချက်မည့်အိုးတွင် ထောပတ်နှင့် ဆီကို ပူအောင်လုပ်ပါ။

အငွေ့ထွက်၍ ပူလာလျှင် သစ်ကြံပိုး၊ ကရဝေး၊ လေးညှင်း၊ ဖာလာထည့်ပြီး ဆီသတ်ပါ။ ရေငှဲ့ပြီး ထမင်းအိုးထဲသို့ သကြား၊ ဆား ထည့်မွှေပါ။ အပေါ်မှနေ၍ ထောပတ် အမွှေးအကြိုင်ဆီနှံ့အောင်လောင်း၍ ခပ်ဖွဖွမွှေပါ။ အဖုံးပိတ်ပြီး အောက်မီးရှိန်လျှော့ပါ။

အငွေ့ထွက်လျှင် အဖုံးဖွင့်ပြီး အသာအယာမွှေကာ အထက်အောက်လှန်ပါ။ အိုးကို ဖိုပေါ်တွင် အိုးနားပတ်လည် အစွန်းများ မီးရှိန်မျှတစွာရရန် အကြိမ်ကြိမ်လှည့်ပတ်ပေးပါ။ ခေတ္တမျှ လှည့်ပေးလျှင် ထမင်းနပ်ပြီ ဖြစ်သည်။