လူ့ဘောင်သစ်ပါတီ
| လူ့ဘောင်သစ်ပါတီ | |
|---|---|
| အင်္ဂလိပ် အမည် | New Society Party |
| အထွေထွေ အတွင်းရေးမှူး | ဦးကျော်လင်း |
| ဥက္ကဋ္ဌ | ဦးဇေယျ |
| ဆောင်ပုဒ် | တိုင်းသစ်ပြည်သစ်ထူထောင်မည် ရခိုင်မျိုးချစ်ပါတီ |
| တည်ထောင်ခြင်း | ၃ ဇွန် ၂၀၁၅ |
| ဌာနချုပ် | တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး |
| အဖွဲ့ဝင် | ၂,၀၀၀ ခန့် [၁] |
| အမျိုးသားလွှတ်တော် အမတ်နေရာ | ၀ / ၂၂၄
|
| ပြည်သူ့လွှတ်တော် အမတ်နေရာ | ၀ / ၄၄၀
|
| ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ | ၀ / ၈၈၀
|
| မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ | |
လူ့ဘောင်သစ်ပါတီ (အင်္ဂလိပ်: New Society Party) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[၂]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၁၉၈၈ အရေးအခင်းတွင် လူ့အခွင့်အရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကျောင်းသားခေါင်းဆောင်များဖြင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ဖွဲ့စည်းခဲ့သည်။ ၁၉၉၁ တွင် ရွေးကောက်ပွဲကော်မရှင်က ပါတီ၏ တရားဝင်ရပ်တည်မှုကို ပယ်ဖျက်ခဲ့သည်။ ထို့နောက် စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးဖိနှိပ်မှုကြောင့် ပါတီဝင်အချို့ ထိုင်း-မြန်မာ နယ်စပ်သို့ တိမ်းရှောင်သွားခဲ့သည်။ ၂၀၁၂ တွင် ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် အစိုးရနှင့် ငြိမ်းချမ်းရေးညှိနှိုင်းပြီး ၂၀၁၃ တွင် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ ၂၀၁၅ တွင် လူ့ဘောင်သစ်ပါတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။[၁]
ပယ်ဖျက်ခြင်း
[ပြင်ဆင်ရန်]၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့တွင် အသစ်ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီများအား ရက် ၆၀ အတွင်း ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့ရာ၊ လူ့ဘောင်သစ်ပါတီ၏ မှတ်ပုံတင်လျှောက်ထားမှုကို စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၄ ဩဂုတ် ၅ ရက်နေ့တွင် ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ဟုဆိုကာ ပယ်ချခဲ့သည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 "လူ့ဘောင်သစ်ပါတီ" (၁၈ ဩဂုတ် ၂၀၁၅). ၇ ရက်သတင်းဂျာနယ် (၈၂၉). Retrieved on ၂၄ မတ် ၂၀၁၇.[လင့်ခ်သေ]
- ↑ လူ့ဘောင်သစ်ပါတီ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်။ ၂၄ မတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီ UEC က နိုင်ငံရေးပါတီနှစ်ခုကို ပါတီမှတ်ပုံတင်ခွင့် ပယ်ဖျက်။ RFA Burmese။ ၂၀၂၅-၇-၁၄ တွင် ပြန်စစ်ပြီး။
| ဤ မြန်မာ့နိုင်ငံရေးပါတီအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |