ဘုရားနီဘုရား

ဝီကီပီးဒီးယား မှ

ဘုရားနီဘုရားသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်၊ ၂၂(စီ)လမ်း မြောက်ဘက် ၈၁-လမ်းပေါ်တွင် တည်ရှိသည်။ ဘုရားနီဘုရားကို အမရပူရမြို့၊ ပထမမြို့တည် နန်းတည် ဘိုးတော် ဗဒုံမင်းလက်ထက်တော်က ရွှေတိုက်ဝန် မောင်နှမတို့က တည်ခဲ့သော ဘုရားဖြစ်သည်ဟု သိရသည်။ ဆုတောင်းပြည့်ဘုရားဟု ဘွဲ့တော်ချီခဲ့သော်လည်း ဘုရားရေစက်ချ လှူဒါန်းပြီးသည့် နောက်ပိုင်းအထိ အုတ်ကို အင်္ဂတေဖြင့် အချောမကိုင်ပဲ အုတ်ရိုးအနီအတိုင်း ထားခဲ့သဖြင့် ဘုရားနီဟု တွင်ခဲ့ရာမှ ယနေ့တိုင် ဘုရားနီဘုရားဟု လူသိများလျက်ရှိသည်။ ဘုရားနီ ဆုတောင်းပြည့်ဘုရားသည် ဘုရားဒါယကာ၊ ဘုရားဒါယိကာမများက ဆုတောင်းပြည့်စေရန် ရည်စူး၍ တည်ထားခဲ့သည့်အတိုင်း ဆုတောင်းတိုင်း ပြည့်တော်မူခြင်း၊ အဓိဋ္ဌာန်ပြုတိုင်း ပြည့်ဝခြင်း၊ သစ္စာပြုတိုင်း စူးရောက်ခြင်းတို့ကြောင့် ဘုရားတည်ပြီးချိန်က စ၍ ဆုတောင်းဆုယူ ပြုသူတို့နှင့်စည်ကားလျှက် ရှိခဲ့သည်။

ထူးခြားမှု[ပြင်ဆင်ရန်]

နောက်ပိုင်းတွင် ထူးခြားချက်များ ဖြစ်ပေါ်လာသည်။ တရားအမှုအခင်းများ ဖြစ်ပွားပြီး တစ်ဖက်နှင့် တစ်ဖက် ငြင်းခုံစွဲဆိုမှုများ ဖြစ်နေလျှင် ဤဆုတောင်းပြည့်ဘုရားသို့ လာရောက်၍ ကျမ်းသစ္စာကျိန်ဆိုမှု ပြုကြရသည်။ ပို၍ ထူးခြားသည်မှာ မျက်မြင်သက်သေ မရှိသော အမှုများကို ကမ္ဘာကြီးလေးရပ် ကျသည်ဟုဆိုကာ အဆုံးအဖြတ်ပေးခဲ့ကြသည်။

ကမ္ဘာကြီးလေးရပ်[ပြင်ဆင်ရန်]

ကမ္ဘာကြီးလေးရပ်ဆိုသည်မှာ မီးလား၊ ရေလား၊ ခဲလား၊ ဆန်လားဟူ၍ သတ်မှတ်ချက် ထားခဲ့ကြသည်။ မီးလားဆိုသည်မှာ တရားပြိုင်နှစ်ယောက် (သို့) တရားပြိုင်နှစ်ဖက် ဘုရားရှေ့တွင် အဓိဋ္ဌာန်ပြု၍ ဆီမီး (သို့) ဖယောင်းတိုင်မီးကို အပြိုင်ထွန်းညှိရသည်။ အရင်မီးငြိမ်းသွားသူက အရှုံးပေးရသည်။ ထိုနည်းတူစွာပင် ရေလားသည်လည်း နှစ်ဦးနှစ်ဖက် အဓိဋ္ဌာန်ပြုကြပြီး ရေငုပ်ရသည်။ ရေပေါ်သို့ အရင်ပေါ်လာသူက တရားအရှုံးပေးရသည်။ ခဲလားဆိုသည်မှာလည်း နှစ်ဦးစလုံး အဓိဋ္ဌာန်ပြု၍ ခဲပူရေထဲကို လက်နှိုက်ပြရသည်။ မနှိုက်နိုင်သူက အရှုံးဖြစ်သည်။ ဆန်လားမှာလည်း အဓိဋ္ဌာန်ပြု၍ ဆန်ပြုတ်ပြုတ်ကြရသည်။ ဆန်ပြုတ် မနပ်သူက အရှုံးဖြစ်သည်။ ဤအဓိဋ္ဌာန် လေးချက်ကို ကမ္ဘာကြီးလေးရပ်ဟု ဆိုပါသည်။

ရှေးကအယူအဆ[ပြင်ဆင်ရန်]

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ရွှေရိုး(မန္တလေး)၊ မန္တလေးမြို့ပ​ေါ်ရှိ တန်ခိုးကြီးရ​ှေးဟ​ောင်းဘုရားများသမိုင်း၊ စာ-၁၀၅