မာတိကာသို့ ခုန်သွားရန်

ကယားပြည်နယ် လွှတ်တော်

ဝီကီပီးဒီးယား မှ
ကယားပြည်နယ်လွှတ်တော်
တတိယအကြိမ် ကယားပြည်နယ် လွှတ်တော်
အမျိုးအစား
အမျိုးအစား
သမိုင်းကြောင်း
တည်ထောင်ခြင်း၃၁ ဇန်နဝါရီ ၂၀၁၁
ခေါင်းဆောင်များ
ဥက္ကဋ္ဌ
ဦးမော်ရယ်၊ USDP
၂၀ မတ် ၂၀၂၆ ကတည်းက
ဒုဥက္ကဋ္ဌ
ဦးစိုးရယ်၊ USDP
၂၀ မတ် ၂၀၂၆ ကတည်းက
ဖွဲ့စည်းပုံ
အမတ်ဦးရေ၂၀
ရွေးကောက်ခံ ၁၅ ဦး
တပ်မတော်သား ၅ ဦး
ကယားပြည်နယ် လွှတ်တော် (၂၀၁၅)
နိုင်ငံရေး အုပ်စုများ
     USDP (၉)

     KySPP (၂)
     PPP (၁)
     လစ်လပ် (၆)

     တပ်မတော် (၅)
ရွေးကောက်ပွဲများ
မဲအများဆုံးရသူအနိုင်ယူစနစ်
အချိုးကျကိုယ်စားပြုစနစ်
နောက်ဆုံး ရွေးကောက်ပွဲ
၂၀၂၅-၂၀၂၆ အထွေထွေရွေးကောက်ပွဲ
အစည်းအဝေးနေရာ
ပြည်နယ် လွှတ်တော် ခန်းမ
လွိုင်ကော်မြို့ကယားပြည်နယ်

ကယားပြည်နယ်လွှတ်တော် (အင်္ဂလိပ်: Kayah State Hluttaw) သည် မြန်မာနိုင်ငံ ကယားပြည်နယ်၏ ဥပဒေပြုလွှတ်တော် တစ်ခုဖြစ်သည်။ လွှတ်တော်တစ်ရပ်တည်းရှိသော လွှတ်တော်အမျိုးအစားဖြစ်ပြီး အမတ်ဦးရေ ၂၀ ဦး (ရွေးကောက်ခံကိုယ်စားလှယ် ၁၅ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၅ ဦး) ရှိသည်။[]

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် မြို့နယ်တစ်မြို့နယ်လျှင် နှစ်ဦးကျစီရွေးကောက် တင်မြှောက်ပြီး၊ ရွေးကောက်တင်မြှောက်သည့် လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည်။  

၂၀၂၆ ခုနှစ်အထိ ကယားပြည်နယ်တွင် မြို့နယ် (၇) ခုဖြင့် သတ်မှတ်ဖွဲ့စည်းထားသဖြင့် ရွေးကောက်ခံကိုယ်စားလှယ် ၁၄ ဦးရှိပြီး၊ ရွေးကောက်ခံ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး (၁) ဦးနှင့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသော ခန့်အပ်ခံ တပ်မတော်သား ကိုယ်စားလှယ် ၅ ဦးလည်း ပါဝင်သည်။

ပြည်နယ်လွှတ်တော်အကြီးအကဲများ

[ပြင်ဆင်ရန်]
လွှတ်တော်သက်တမ်း သဘာပတိ ဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌ
၁။ ပထမအကြိမ် [] ဦးခင်မောင်ဦး ဦးကျော်ဆွေ ဦးအေးမောင်
၂။ ဒုတိယအကြိမ် [] ဦးအာယ်ဖောင်း ဦးလှထွေး ဦးတင်မြင့်
၃။ တတိယအကြိမ်[] ဦးပိုးရယ်အောင်သိန်း ဦးမော်ရယ် ဦးစိုးရယ်

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်

[ပြင်ဆင်ရန်]
ကယားပြည်နယ် လွှတ်တော် အမတ်နေရာများ (နိုဝင်ဘာ ၂၀၁၅)
ပါတီ အမတ်နေရာ အသားတင် အနိုင်/အရှုံး နေရာ% မဲ% မဲအရေအတွက် +/-
NLD ၁၁ Increase၁၁ ၅၅
USDP Decrease၁၁ ၂၀
တပ်မတော်သား ကိုယ်စားလှယ် ၂၅
စုစုပေါင်း ၂၀ ၁၀၀

တတိယအကြိမ် ကယားပြည်နယ်လွှတ်တော်

[ပြင်ဆင်ရန်]

၂၀၂၅-၂၀၂၆ အထွေထွေ ရွေးကောက်ပွဲတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လပိုင်းတွင် ဆဋ္ဌမအကြိမ်ပြင်ဆင်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄ အရ ရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒနယ်များ သတ်မှတ်ရာတွင် မြို့နယ်တစ်မြို့နယ်လျှင် ကိုယ်စားလှယ်တစ်ဦးကျစီကို FPTP စနစ်ဖြင့် ရွေးချယ်ရန် သတ်မှတ်ရမည်ဖြစ်ပြီး၊ ကျန်ရှိသောကိုယ်စားလှယ်များအတွက် မြို့နယ်များကို စုစည်း၍ PR စနစ်ဖြင့် ရွေးချယ်နိုင်ရန် မဲဆန္ဒနယ်များ သတ်မှတ်ရဟု ပြဋ္ဌာန်းထားသည်။

ကယားပြည်နယ်လွှတ်တော်၏ ရွေးကောက်ခံ မဲဆန္ဒနယ် ၁၄ နေရာတွင် ၇ နေရာကို မဲအများဆုံးအနိုင်ရသူယူစနစ်ဖြင့် ရွေးကောက်ခံရပြီး၊ ကျန် ၇ နေရာကို အချိုးကျကိုယ်စားပြုစနစ်ဖြင့် သတ်မှတ်ရွေးကောက်ခံရသည်။

သို့သော် ရွေးကောက်ပွဲကော်မရှင်၏ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ် (၃) နယ် ဖြစ်သော ဖားဆောင်းမြို့နယ်မယ်စဲ့မြို့နယ်နှင့် ရှားတောမြို့နယ်တို့တွင် ရွေးကောက်ပွဲများကျင်းပမည်မဟုတ်ကြောင်း ကြေညာသည်။[][][]

စဉ် ကိုယ်စားပြုပါတီ အမတ်နေရာ % +/-
FPTP PR EM Σ
၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ 45% Increase 5
၂။ ကယားပြည်နယ်ပြည်သူ့ပါတီ 10% Increase 2
၃။ ပြည်သူ့ရှေ့ဆောင်ပါတီ 5% Increase 1
၄။ တပ်မတော်သား ကိုယ်စားလှယ် 25% Steady
၅။ လစ်လပ် 15% -
ပေါင်း ၂၀ 100%

အဓိကဖြစ်ရပ်များ

[ပြင်ဆင်ရန်]


အခြားကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Nixon၊ Hamish (September 2013)။ State and Region Governments in Myanmar (PDF)။ Myanmar Development Resource Institute။ p. 92။ 4 March 2016 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး28 November 2015 တွင် ပြန်စစ်ပြီး
  2. မြန်မာ့အလင်းသတင်းစာ ၁-၂-၂၀၁၁ Online Burma Library။ 13 August 2025 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့အလင်းသတင်းစာ ၉-၂-၂၀၁၆ Online Burma Library။ 16 August 2025 တွင် ပြန်စစ်ပြီး။
  4. တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပ (in my)။ 2026-03-21 တွင် ပြန်စစ်ပြီး။
  5. လာမည့်​ရွေး​ကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၅၆ နယ်၊ အမျိုးသားလွှတ်တော် FPTP စနစ် မဲဆန္ဒနယ် ကိုးနယ်နှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် FPTP စနစ် မဲဆန္ဒနယ် ၅၆ နယ်၌ ရွေးကောက်ပွဲများ ကျင်းပမည်မဟုတ်ကြောင်း UEC ​ကြေညာ (in my)။ 2026-03-21 တွင် ပြန်စစ်ပြီး။
  6. Team၊ NPMNews။ ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် မဲဆန္ဒနယ်စာရင်းကို UEC ကြေညာ 2026-03-21 တွင် ပြန်စစ်ပြီး။
  7. ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်များစာရင်း ထုတ်ပြန်ကြေညာ | Ministry Of Information (in en)။ 2026-03-21 တွင် ပြန်စစ်ပြီး။