မာတိကာသို့ ခုန်သွားရန်

ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

ဝီကီပီးဒီးယား မှ

ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၁၉၉၈ ခုနှစ် အဆိုပြုဘေးမဲ့တောအဖြစ် တင်သွင်းခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ပတ်ဝန်းကျင်၌ သစ်ပင်ပန်းမန်နှင့် တောရိုင်းတိရစ္ဆာန်များကို စောင့်ရှောက်ရန် ရည်ရွယ်၍ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့သည်။

တည်နေရာ

[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ်၁၇°၂၈'၊ အရှေ့လောင်ဂျီတွဒ် ၉၇°၀၅'၊ ကျိုက်ထိုမြို့နယ်၊ မွန်ပြည်နယ် တွင်တည်ရှိသည်။ ၁၅၆.၂၃ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။

သဘာဝအရင်းအမြစ်များ

[ပြင်ဆင်ရန်]

သစ်တောအမျိုးအစားများမှာ အမြဲစိမ်းတောရွက်ကြွေတာ(အပေါ်ပိုင်းစိုစွတ်) အမျိုးအစားများဖြစ်ပြီး တကမ္ဘာလုံး ခြိမ်းခြောက်ခံရသောမျိုးစိတ်များ ဖြစ်ကြသော ကျားသစ်ဆီးရိုးတောဆိတ် (Serow)၊ တောင်ဆိတ်နီ(Red Goral) နှင့် ကျား များကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ထားသည်။ ကျားသစ်များကို ပြောက်ကျားပြောက်ကျား တွေ့ရှိရတတ်ပြီး အကောင်အရေအတွက်ကို အတိအကျ မှတ်တမ်းတင်ထားခြင်းမရှိပေ။

ခြိမ်းခြောက်နေသောအန္တရာယ်များ

[ပြင်ဆင်ရန်]

အဓိက ခြိမ်းခြောက်နေသာအန္တရာယ်မှာ လူနေအိမ်ရာများအတွက် ဝါးခုတ်ခြင်းများ၊ စားသောက်၊ရောင်းချရန်အလိုငှာ ချေ၊ (ဂျီ) နှင့် တောဝက်တို့ကို သတ်ဖြတ်ခြင်း တို့ဖြစ်သည်။ နွေရာသီတွင် တောမီးများ လောင်တတ်ခြင်းက လည်း နောက်ထပ်ထိုးနှက်နေသည့် အန္တရာယ်ဖြစ်သည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ

[ပြင်ဆင်ရန်]

သုတေသနလုပ်ငန်းများ

[ပြင်ဆင်ရန်]

ရန်ကုန်တက္ကသိုလ်မှ သစ်ခွနှင့် ဒရင်ကောတ်ပင်များအကြောင်း(၂၀၀၅) နှင့် ဝါးတောတွင် ကျင်လည်ကျတ်စားသောကြွက်များ(ဝါးပိုးကြွက်)(bamboo rats) (၂၀၀၈)၊ ငှက်များကိုစာရင်းကောက်ယူခြင်း(၂၀၀၈)ကို မြန်မာငှက်ဝါသနာရှင်အသင်း(Myanmar Birds and Nature Society) နှင့် ကုန်းနေရေနေသတ္တဝါများကို စာရင်းကောက်ယူခြင်း(၂၀၀၈)ကို ကယ်လီဖိုနီးယားသိပ္ပံအကယ်ဒမီမှ လုပ်ဆောင်ခဲ့သည်။

ခရီးသွားလာရေးလုပ်ငန်းများ

[ပြင်ဆင်ရန်]

ကျိုတ်ထီးရိုးစေတီတော်မြတ်ကြီးသည် Golden Rock Pagoda ဟု ကမ္ဘာမှာ နာမည်ကျော်ကြားသည် ဖြစ်ရာ နိုင်ငံခြားသားနှင့် ဒေသတွင်းဘုရားဖူး ခရီးသွားဧည့်သည်များ လာရောက်လှည့်ပတ်လေ့ရှိကြသည်။ အထူးသဖြင့် ဘုရားပွဲတော်တွင် ခရီးသွားအများအပြားလာရောက်လေ့ရှိသည်။ စေတီတော်မြတ်ကြီး၏ အနီးအနားတွင် ဟိုတယ်၊ စားသောက်ဆိုင်များ ပေါများလာခြင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းတို့ကြောင့် လွယ်ကူစွာ သွားရောက်နိုင်မည်ဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေး

[ပြင်ဆင်ရန်]
  • ရန်ကုန်-ကျိုက်ထီးရိုး ကားဖြင့်(၁၂၀)မိုင်

ကြည့်ရှုလေ့လာနိုင်သော အခွင့်အလမ်းများ

[ပြင်ဆင်ရန်]
  • ဘူမိရုပ်သွင်အရ ထူးခြားအံ့ဩဖွယ်ဖြစ်သော သဘာဝ ကျောက်တုံး ကြီးပေါ်တွင် တည်ရှိနေသည့် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် မြတ်ကို ဖူးမြော်နိုင်ခြင်း၊
  • ကင်မွန်းစခန်းမှ ကျိုက်ထီးရိုးဘုရားအထိ တောတွင်းလျှောက်လမ်း အတိုင်း လမ်းလျှောက် သွားနိုင်ပြီး ထူးခြားလှပသော သစ်ခွမျိုး များကို သဘာဝအတိုင်း တွေ့မြင်လေ့လာနိုင်ခြင်း၊
  • ငှက်များကို ကြည့်ရှုလေ့လာနိုင်ခြင်း၊ ရှုခင်းသာများမှ မြေပြန့် ဒေသရှိ ရှုခင်းများကို ကြည့်ရှုနိုင်ခြင်း၊
  • အပန်းဖြေစခန်းများတွင် အေးချမ်းစွာအပန်းဖြေအနားယူ နိုင်ခြင်း၊
  • ကင်မွန်းစခန်းမှ ရသေ့တောင်အထိ (၇) မိုင်ခရီးကားလမ်း အတိုင်း လမ်းလျှောက်ပြီး၊ လမ်းတစ်လျှောက် ရေတံခွန်များကို ကြည့်ရှု လေ့လာနိုင်ခြင်း၊
  • ရသေ့တောင်ပေါ်တွင် အပန်းဖြေ အနားယူနိုင်ခြင်း၊
  • ရှုခင်းသာများမှ သဘာဝရှုခင်းများကို လေ့လာနိုင်ခြင်း။
  • သန့်စင်ကြည်လင်သောရေတံခွန်များတွင်ရေချိုးသန့်စင်နိုင်ခြင်း။

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန Archived 23 October 2014 at the Wayback Machine.
  2. ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော[လင့်ခ်သေ]
  3. Report: Myanmar Protected Area (2011)