မာတိကာသို့ ခုန်သွားရန်

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်

ဝီကီပီးဒီးယား မှ
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်
မာရဝိဇယဗုဒ္ဓရုပ်ပွားတော် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာနေပြည်တော်
ကိုဩဒိနိတ်19°42′03″N 96°03′36″E / 19.700954926140046°N 96.05990090948225°E / 19.700954926140046; 96.05990090948225ကိုဩဒိနိတ်: 19°42′03″N 96°03′36″E / 19.700954926140046°N 96.05990090948225°E / 19.700954926140046; 96.05990090948225
ဘာသာရေး နှီးနွယ်မှုဗုဒ္ဓဘာသာ
Sectထေရဝါဒ
တိုင်းနေပြည်တော် ပြည်ထောင်စုနယ်မြေ
နိုင်ငံမြန်မာနိုင်ငံ
ဗိသုကာ
တည်ထောင်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အသေးစိတ်
အလျား၈၁ ပေ (၂၅ မီတာ)
တည်ဆောက်ပစ္စည်းစကျင်ကျောက်

မာရဝိဇယဗုဒ္ဓရုပ်ပွားတော် သည် ၈၁ ပေ (၂၅ မီတာ) ရှိသော ဘူမိဖဿမုဒြာ စကျင်ကျောက် ရုပ်ပွားတော်ဖြစ်ပြီး မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ရှိသည်။[] ရုပ်ပွားတော်သည် စကျင်ကျောက်သားဖြင့် ထုလုပ်ပူဇော်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ စကျင်ကျောက်သားရုပ်ပွားတော်များထဲမှ ကမ္ဘာ့အမြင့်ဆုံး နှင့်အလေးချိန်အများဆုံး ရုပ်ပွားတော် တစ်ဆူဖြစ်သည်။[] မန္တလေးတိုင်းဒေသကြီးမတ္တရာမြို့နယ်၊ စကျင်တောင်မှ ထွက်ရှိသော စကျင်ကျောက်ဖြင့် ထွင်းထုထားသော ရုပ်ပွားတော်အလေးချိန်မှာ ၁,၇၈၂ တန်နှင့် ပလ္လင်တော် အလေးချိန်မှာ ၃,၅၁၀တန်၊ စုစုပေါင်းအလေးချိန် ၅,၂၉၂ တန် ရှိသည်။[][] ရုပ်ပွားတော်၏ ဉာဏ်တော်အမြင့်မှာ ၆၃ ပေ ရှိပြီး ပလ္လင်တော်အမြင့်မှာ ၁၈ ပေရှိသည်။ ထိုအတိုင်းအတာ ပမာဏကိန်းများကို တစ်လုံးတည်းရအောင် ပေါင်းကြည့်ပါက ၉ ဂဏန်းရကြောင်း တွေ့ရသည်။[][] ရုပ်ပွားတော်သည် ကျောက်စာများ၊ စေတီငယ်များ၊ သာသနာအဆောက်အဦများနှင့် မုစလိန္နာအိုင်တို့ပါဝင်သော ၉၁ ဟက်တာကျယ်ဝန်းသည့် ပရိဂုဏ်အတွင်းတည်ရှိသည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ရုပ်ပွားတော် တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၄ ရက်နေ့တွင် စတင်ခဲ့ပြီး[] ၂၀၂၁ ခုနှစ် တွင် နိုင်ငံပိုင် သတင်းစာနှင့် မြန်မာ့ရုပ်မြင်သံကြားများတွင် ကြေညာခဲ့သည်။[] ရုပ်ပွားတော်၏ ဘွဲ့အမည် မာရဝိဇယ ဖြစ်သည်။ မာရဝိဇယ ဆိုသည်မှာ "မာရ်နတ်ကို အောင်မြင်ခြင်း" သို့မဟုတ် " မာရ်ငါးပါးကိုအောင်မြင်ခြင်း " ဟူ၍ အဓိပ္ပာယ်ရသည်။[] အမေရိကန်ဒေါ်လာ ၂၇.၆ သန်းကျော်ကုန်ကျသည့် တည်ဆောက်ဆဲ လုပ်ငန်းခွင်အား အများပြည်သူမှ လှူဒါန်းမှုများ ပြုလုပ်နိုင်ရန်အတွက် နိုင်ငံပိုင်သတင်းစာများကို အသုံးချခဲ့သည်။[၁၀][] အဆိုပါရုပ်ပွားတော် တည်ဆောက်ခြင်းအတွက် စစ်ကောင်စီနှင့် နီးစပ်သော စီးပွားရေးသမားများအပါအဝင် အငြိမ်းစားစစ်ဖက်ဆိုင်ရာများက ကျပ်ငွေ ၃၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၀ သန်းခန့်)ကို ထည့်ဝင်လှူဒါန်းခဲ့သည်။[၁၁][၁၂][]

ရုပ်ပွားတော်တည်ဆောက်ရာတွင် ပလ္လင်တော်အပိုင်း၊ တင်ပလ္လင်ခွေအပိုင်း ၊ ကိုယ်လုံးတော်ပိုင်း နှင့် ဦးခေါင်းတော်အပိုင်း ဟူ၍ အပိုင်း (၄) ပိုင်းခွဲကာ တည်ဆောက်ခဲ့သည်။ တည်ဆောက်ချိန် တစ်နှစ်ကျော်ကြာမြင့်ခဲ့သည်။ ထူးခြားချက်မှာ ဘုရားဘွဲတော် နှင့် ဘုရားတည်သည်အချိန်မှ ပြီးစီးသည်အထိ ဂဏန်းများသည် ပေါင်းခြင်း ၉ ရလေ၏။ ၂၀၂၃ ခုနှစ် မတ်လတွင် ရုပ်ပွားတော်၏ မျက်လုံးအောက်တွင် အစင်းကြောင်းများပေါ်ကာ မျက်ရည်ကျသကဲ့သို့ ဖြစ်ပေါ်ခဲ့သဖြင့် အဝတ်များဖြင့် ကာရံကာ ပြန်လည်ပြုပြင်ခဲ့ရကာ ဘုရားဖူးခွင့်၊ ဓာတ်ပုံရိုက်ခွင့်များ ပိတ်ပင်ခဲ့သည်။[၁၃][၁၄]

၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ ဒုတိယ ဝါဆိုလပြည့် ဓမ္မစကြာနေ့တွင် ရုပ်ပွားတော်အား ကမ္ဘာ့နိုင်ငံအသီးသီးမှ ဆရာတော်များ၊ ထိုင်းနိုင်ငံမှ ဗြဟ္မဝဇိရရံသီဆရာတော် အပါအဝင် သံဃာတော် အပါး ၉၀၀ မှ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့သည်။[] ရေစက်ချအခမ်းအနားတွင် ကျောက်မဲဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒနသာရက လက်သုံးချောင်းထောင်ကာ ဗုဒ္ဓ၏ အဆုံးအမသုံးချက်ကို ဟောပြောခဲ့သည်။[၁၅] ထိုနေ့မှာပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကိုကိုအား ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ အနားယူခွင့်ပြုခဲ့သည်။[၁၅]

ကိုးကား

[ပြင်ဆင်ရန်]
  1. Part 4 Of Maravijaya Buddha Image Conveyed Onto Jewelled Throne Successfully (in en-US) (2023-02-14)။ 2023-03-31 တွင် ပြန်စစ်ပြီး။
  2. The Tatmadaw's Buddhism (in en-US) (2021-04-26)။ 2023-03-31 တွင် ပြန်စစ်ပြီး။
  3. "Auspicious Ceremony to Convey 4th Part of Maravijaya Buddha Image on Top of Jewelled Throne Held"၊ Info Sheet၊ 2023-02-13 5 August 2023 တွင် ပြန်စစ်ပြီး Archived from the original on 21 July 2024။
  4. Carving Of Maravijaya Buddha Image Which Would Be The Highest Stone Sculptured Buddha Image In The World And Plans To Build It Explained (in en-US) (2021-11-13)။ 2023-03-31 တွင် ပြန်စစ်ပြီး။
  5. "Auspicious Ceremony to Convey 4th Part of Maravijaya Buddha Image on Top of Jewelled Throne Held"၊ Info Sheet၊ 2023-02-13 5 August 2023 တွင် ပြန်စစ်ပြီး Archived from the original on 21 July 2024။
  6. Carving Of Maravijaya Buddha Image Which Would Be The Highest Stone Sculptured Buddha Image In The World And Plans To Build It Explained (in en-US) (2021-11-13)။ 2023-03-31 တွင် ပြန်စစ်ပြီး။
  7. 1 2 3 ‘His sins can’t be erased’: Junta leader to consecrate Buddha image (in en-US) (2023-07-31)။ 2023-08-05 တွင် ပြန်စစ်ပြီး။
  8. 1 2 3 Huge Buddha statue a fig leaf for Myanmar junta atrocities, critics say (in en) (2023-08-02)။ 2023-08-05 တွင် ပြန်စစ်ပြီး။
  9. Myanmar junta goes big on giant Buddha statue in midst of crisis (in en-GB) (2021-05-12)။ 2023-03-31 တွင် ပြန်စစ်ပြီး။
  10. As Myanmar Burns, Junta Pours Money Into ‘World’s Tallest’ Buddha Image (in en-US) (2022-06-27)။ 2023-03-31 တွင် ပြန်စစ်ပြီး။
  11. Junta Crony | Myanmar Junta Cronies Donate Billions for Min Aung Hlaing’s Marble Colossus (in en-US) (2023-06-30)။ 2023-08-05 တွင် ပြန်စစ်ပြီး။
  12. Ex-Spy Chief and Business Cronies Donate to Myanmar Junta Chief's Buddha Statue (in en-US) (2023-07-28)။ 2023-08-05 တွင် ပြန်စစ်ပြီး။
  13. Biggest Buddha cries for Myanmar’s little dictator Asia Times။ 6 August 2023 တွင် ပြန်စစ်ပြီး။
  14. နေပြည်တော်က ဆင်းတုတော်ကြီး "မျက်ရည်ကျ" လို့ ယာယီ ပိတ်ထား (16 မတ် 2023)။ ၁၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  15. 1 2 Junta Watch: Blackouts Eclipse Electricity Minister; Regime Boss Shamed by Sermon; and More (in en-US) (2023-08-05)။ 2023-08-05 တွင် ပြန်စစ်ပြီး။