အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့
National Unity Government
Flag of Myanmar.svg
အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ
လက်ရှိ
Win Myint 2017 cropped.jpg Remise du Prix Sakharov à Aung San Suu Kyi Strasbourg 22 octobre 2013-18.jpg
အစိုးရအဖွဲ့​ခေါင်း​ဆောင်များ
ဖွဲ့စည်းရက်စွဲ၁၆ ဧပြီ ၂၀၂၁ (၂၀၂၁-၀၄-၁၆)
လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ
နိုင်ငံတော်ခေါင်းဆောင်ဝင်းမြင့်ဒူဝါလရှီးလ,
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်ဒုသမ္မတ
ကိုယ်စားပြုပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ
အစိုးရခေါင်းဆောင်အောင်ဆန်းစုကြည်,
မန်းဝင်းခိုင်သန်း, ပြည်ထောင်စုဝန်ကြီးချုပ်
ဝန်ကြီး ဦးရေ၂၈ ဦး
အဖွဲ့ဝင် ပါတီ
အတိုက်အခံ အစိုးရတပ်မတော်အစိုးရ (၂၀၂၁)
အတိုက်အခံ ပါတီတပ်မတော်
အတိုက်အခံ ခေါင်းဆောင်မင်းအောင်လှိုင်
သမိုင်း
ပြီးခဲ့သော ရွေးကောက်ပွဲ၂၀၂၀ ရွေးကောက်ပွဲ
ယခင်
State seal of Myanmar.svg
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်

အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့သည် ၂၀၂၁ခုနှစ် မတ်လ ၃၁ရက်က ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဧပြီလ ၁၆ ရက်နေ့တွင် ကြေညာချက်အမှတ် ၂၃/၂၀၂၁ ကို ထုတ်ပြန်၍ အတည်ပြု ဖွဲ့စည်းလိုက်သော ကြားကာလ ညီညွတ်ရေးအစိုးရဖြစ်သည်။အမျိုးသားညီညွတ်ရေးအစိုးရ၏ကိုယ်စားလှယ်၆ဦးကိုနိုင်ငံပေါင်း၅နိုင်ငံတွင်ခန့်အပ်ထားသည်။ [၁][၂][၃][၄]

အစိုးရအဖွဲ့တွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားလှယ်များ၊ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများမှ ထင်ရှားသူများ ပါဝင်သည်။ စစ်အစိုးရကမူ NUG ကို တရားမဝင်ကြောင်း ကြေညာသည်။[၅]

နိုင်ငံတကာအနေဖြင့် ၎င်းတို့အား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြရန် NUG က တောင်းဆိုထားပြီး၊[၆] ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ ဦးလွင်ကိုလတ်ကလည်း မကြာမီကာလအတွင်း ကမ္ဘာ့နိုင်ငံကြီးအချို့၏ အသိအမှတ်ပြုမှုကို မျှော်လင့်ထားကြောင်း ပြောကြားသည်။[၇] နိုင်ငံတကာကုန်သွယ်ရေးသမဂ္ဂ အကျိုးတူပူးပေါင်းအဖွဲ့က နိုင်ငံတကာအစိုးရများနှင့် ကုလသမဂ္ဂအနေဖြင့် NUG ကို အသိအမှတ်ပြုကြရန် နှိုးဆော်ထားသကဲ့သို့၊[၈] အာဆီယံဒေသတွင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ လွှတ်တော်ကိုယ်စားလှယ်များကလည်း ဧပြီလ ၂၄ရက်တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ စစ်အစိုးရကိုယ်စားလှယ်ထက် NUG ကိုသာ ဖိတ်ခေါ်သင့်ကြောင်း တိုက်တွန်းသည်။[၉]

အမျိုးသားညီညွတ်ရေး အစိုးရသစ်နှင့်အတူ ပြည်သူ့အသံ ရုပ်သံလိုင်း (Public Voice TV) ကိုလည်း ထုတ်လွှင့်ခဲ့သည်။[၁၀] ၂၀၂၁ မေလ ၅ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။[၁၁] မေလ ၈ ရက်နေ့တွင် စစ်ကောင်စီမှ ထိုတပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့သည်။[၁၂]

အရေးပေါ်အခြေအနေ ကြေညာခြင်း[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်မှ စတင်ပြီး နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကြေညာခဲ့သည်။ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကို အပြီးတိုင် ဖျက်သိမ်းရန်လိုအပ်လာသော အခြေအနေ အရပ်ရပ်ကြောင့် ပြည်ထောင်စုနိုင်ငံတော်တစ်ဝန်းလုံးအား အရေးပေါ်အခြေအနေအဖြစ် စက်တင်ဘာလ ၇ ရက်နေ့မှ ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည်ထူထောင်နိုင်သည့် အချိန်အထိ သတ်မှတ်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် စက်တင်ဘာလ ၇ ရက်နေ့မှစတင်ကာ ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း နှင့် အလုပ်ဆင်းရန် မလိုအပ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ထုတ်ပြန်ကြေညာခဲ့သည်။အမျိုးသားညီညွတ်ရေးအစိုးရကပြည်သူ့ခုခံတွန်းလှန်စစ်စတင်ကြောင်းကြေငြာပြီးသည်နှင်​့တစ်ပြိုင်နက်မြန်မာနိုင်ငံတစ်ဝှမ်းစစ်ရေးလှုပ်ရှားမှုများအရှိန်အဟုန်မြင့်မားလာသည်။ [၁၃][၁၄]

အစိုးရအဖွဲ့[ပြင်ဆင်ရန်]

ခေါင်းဆောင်များ[ပြင်ဆင်ရန်]

အမည် ရာထူး
ဦးဝင်းမြင့် နိုင်ငံတော်သမ္မတ
​ဒေါ်​အောင်ဆန်းစုကြည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒူဝါလရှီးလ နိုင်ငံတော်ဒုတိယသမ္မတ
မန်းဝင်းခိုင်သန်း ပြည်ထောင်စု ဝန်ကြီးချုပ်

ပြည်ထောင်စုဝန်ကြီးများ[ပြင်ဆင်ရန်]

စဉ် ဝန်ကြီးဌာန အမည် သက်တမ်း
စတင် ကုန်ဆုံး သက်တမ်း
နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်ဇင်မာအောင် ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၆၁


ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဦးလွင်ကိုလတ်
ကာကွယ်ရေးဝန်ကြီးဌာန ဦးရည်မွန်
ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန ဒေါက်တာလျန်မှုန်းဆာခေါင်း
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ဦးတင်ထွန်းနိုင်
လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဒေါက်တာဝင်းမြတ်အေး
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒေါက်တာဆာဆာ
ပညာရေးဝန်ကြီးဌာန ဒေါက်တာဇော်ဝေစိုး
ကျန်းမာရေးဝန်ကြီးဌာန
၁၀ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒေါက်တာတူးခေါင်
၁၁ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန နော်ဆူဇန်နာလှလှစိုး
၁၂ အလုပ်သမား ဝန်ကြီးဌာန နိုင်ထွန်းဖေ (ခ) နိုင်သုဝဏ္ဏ
၁၃ တရားရေး ဝန်ကြီးဌာန ဦးသိန်းဦး
၁၄ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဦးထင်လင်းအောင်
၁၅ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဦးစိုးသူရထွန်း
၁၆ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒေါ်ခင်မမမျိုး ၂၅ ဩဂုတ် ၂၀၂၁ လက်ရှိ

ဒုတိယဝန်ကြီးများ[ပြင်ဆင်ရန်]

စဉ် အမည် ဝန်ကြီးဌာန
ဦးမိုး​ဇော်ဦး နိုင်ငံခြားရေး ဝန်ကြီးဌာန
ခူးထဲဘူး ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
နိုင်ကောင်းရွက် ကာကွယ်ရေးဝန်ကြီးဌာန
ဦးချစ်ထွန်း ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန
မိုင်းဝင်းထူး
မင်းဇေယျာဦး စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန
နော်ထူးဖော လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန
ဂျာထွယ်ပန် ပညာရေးဝန်ကြီးဌာန
ဒေါက်တာရွှေပုံ ကျန်းမာရေးဝန်ကြီးဌာန
၁၀ ခွန်းဘီထူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
၁၁ ဒေါ်အိသဉ္ဇာမောင် အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန
၁၂ ဦးကျော်နီ(ခ) ဦးကျော်ကျော် အလုပ်သမား ဝန်ကြီးဌာန
၁၃ တရားရေးဝန်ကြီးဌာန
၁၄ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန
၁၅ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

အခြားဖတ်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. "အမျိုးသားညီညွတ်ရေးအစိုးရသစ်ဖွဲ့စည်းကြောင်း CRPH ကြေညာ"၊ 16 ဧပြီ 2021။ 
  2. "အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းကြောင်း CRPH ကြေညာ"၊ Radio Free Asia 
  3. "အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း" (in my)၊ Committee Representing Pyidaungsu Hluttaw၊ 16 April 2021။ 
  4. Opponents of Myanmar's junta set up national unity government (2021-04-16)။
  5. Myanmar activists hold 'blue shirt' protests; report says junta chief to attend summit (2021-04-21)။
  6. Myanmar unity government says it must be part of any ASEAN bid to end crisis (2021-04-18)။
  7. Some countries will officially recognise Myanmar's shadow government in the coming days, says new minister (in en)။
  8. Myanmar: National unity government must be recognised (in en)။
  9. Myanmar's National Unity Government must be invited to this week's ASEAN Special Summit, MPs say (in en-US) (2021-04-20)။
  10. ပြည်သူ့အသံ ရုပ်သံ (Public Voice Television) ကို စတင်ထုတ်လွှင့်PVTV
  11. Sebastian Strangio။ "Can Myanmar’s New ‘People’s Defense Force’ Succeed?"၊ The Diplomat၊ 6 May 2021။ 
  12. "Myanmar junta designates shadow government as 'terrorist' group"၊ Deutsche Welle၊ 8 May 2021။ 
  13. စက်တင်ဘာ ၇ ရက်မှစ၍ အရေးပေါ်အခြေအနေသတ်မှတ်ကြောင်း NUG အစိုးရကြေညာ (in en) (7 စက်တင်ဘာ 2021)။
  14. တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများ အလုပ်မဆင်းရန် NUG အရေးပေါ်အခြေအနေ ကြေညာ (in en)။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]