စိမ်းညက်အစ်မဘုရား

ဝီကီပီးဒီးယား မှ
စိမ်းညက်အစ်မပုထိုးတော်
  • စေတီပုထိုးအမှတ် = ၁၀၈၅/၄၅၇

စိမ်းညက်အစ်မဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင် တည်ရှိသည်။ စိမ်းညက်ညီအစ်မ ဘုရားများတွင် စိမ်းညက်အစ်မဘုရားသည် လိုဏ်ဂူဘုရားဖြစ်ပြီး ထိုဘုရား အနီးရှိ ညီမ ဘုရားသည်ကား စေတီဖြစ်လေသည်။ ဘုရားနှစ်ဆူစလုံး အုတ်တံတိုင်းတစ်ခုအတွင်းမှာ တည်ရှိသည်။

စိမ်းညက်အစ်မဘုရား
File:Sein-Nyet Ama Pagoda01(Bagan).jpg


စေတီသမိုင်း[ပြင်ဆင်ရန်]

၁၁ ရာစုက စိမ်းညက်မိဖုရား တည်ထားကိုးကွယ်ကြောင်း အစဉ်အလာဆိုခဲ့ကြသည်။ သို့သော် ဗိသုကာလက်ရာမူ ၁၃ ရာစုလက်ရာ ဖြစ်တန်ရာသည်ဟု ဆိုကြလေသည်။

ဗိသုကာလက်ရာများ[ပြင်ဆင်ရန်]

ဂူဘုရားလေးမျက်နှာ၌ အဝင်မုခ်လေးခုရှိသည်။ အရှေ့မျက်နှာမုခ်သည် အဝင်အာရုံခံမုခ်ဖြစ်သည်။ ဂူဘုရားတွင် ပစ္စယာလေးဆင့်ပါ၏။ အောက်ဘက်ပစ္စယာ သုံးဆင့်၌ နတ်လှေကားများ တပ်ဆင်ထားသည်။ ပစ္စယာများ အထက်တွင် ကွမ်းတောင် ရှိလေသည်။

မုခ်လေးခုစလုံးတွင် စုလစ်သုံးခုစီဆင့်၍ တန်ဆာဆင်ထား၏။ စုလစ်များတွင် ရုပ်တု၊ ရုပ်ကြွများဖြင့် တန်ဆာဆင်ထားခဲ့သော်လည်း ယခုအခါ အတော်အတန် ပျက်စီးနေလေပြီ ဖြစ်သည်။ သို့သော် မူလအဆင်တန်ဆာ လက်ရာအနည်းငယ်ကား ကြွင်းကျန်နေသေး၏။ အတွင်းတွင် စင်္ကြပတ်လမ်းရှိပြီး နံရံများ၌ ငါးရာ့ငါးဆယ်ဇာတ်နှင့် ပန်းကနုတ်ဆေးရေး ပန်းချီများရှိလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ