ဆရာတော်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဆရာတော် ဆိုသည်မှာ မြန်မာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုတွင် သက်ကြီးဝါကြီး ရဟန်းတော်များ သို့မဟုတ် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၏ ကျောင်းထိုင်ဆရာတော်တို့ကို ရည်ညွှန်းခေါ်ဆိုသော အသုံးအနှုန်းတစ်ခု ဖြစ်သည်။[၁] ရံဖန်ရံခါတွင် ရိုသေလေးစားမှုဖြင့် ဆရာတော်ကြီး ဟူ၍လည်း သုံးစွဲကြသည်။

မြန်မာ ဗုဒ္ဓဘာသာတွင် ဝါတော်အရ များစွာသော အသုံးအနှုန်းများလည်း ရှိသေးသည်။ အောက်ပါတို့ကို ဘုန်းတော်ကြီးများ၏ ဘွဲ့တော်ရှေ့တွင် ထည့်သွင်းအသုံးပြုကြသည်။

  • "ဘဒ္ဒန္တ"
  • "အရှင်"
  • "ရှင်"
  • "ဦး"
  • "ဦးပဉ္ဇင်း"
  • "ဆရာတော်"
  • "ဆရာတော်ကြီး"

လူမှုအဖွဲ့အစည်းပေါ် အကျိုးသက်ရောက်မှု[ပြင်ဆင်ရန်]

သံဃဂိုဏ်းဝင် ဆရာတော်အရှင်သူမြတ်တို့သည် မြန်မာတို့ ၏ ကျေးဇူးရှင်ကြီးများ ဖြစ်ကြပေသည်။ ဆရာတော်တို့၏ ဂုဏ်ကျေးဇူးကြောင့်၊ မြန်မာတို့သည် ဗုဒ္ဓသာသနာ၏ အဆုံး အမ၌တည်၍၊ ဗုဒ္ဓသာသနာကို အခြေခံသော မြန်မာ့ယဉ်ကျေးမှု တို့ ထွန်းကားခဲ့ရပေသည်။ မြန်မာတို့သည် ငယ်စဉ်အခါကစ၍ မြန်မာဘုန်းတော်ကြီးကျောင်းများတွင် စာပေသင်ကြားခဲ့ရသည်။ ရှေးခေတ်က ဘုန်းကြီးကျောင်းများဟူသည်မှာ လောကီ လောကုတ္တရာ နှစ်ဖြာသော ပညာဗဟုသုတတို့ကို သင်ကြားပေး ရာဌာနကြီးများ ဖြစ်သည့်အားလျော်စွာ အနောက်ဥရောပနိုင်ငံ တို့တွင် အလယ်ခေတ်ကအစပြု၍ ထွန်းကားခဲ့သော ခရစ်ယန် ဘုန်းတော်ကြီးကျောင်းများကဲ့သို့ပင် ပညာရေး၌ အချက်အချာ မဏ္ဍိုင်ကြီးများ ဖြစ်သည်။ ခရစ်ယန်ဘုန်းတော် ကြီးကျောင်း များမှ တစ်စတစ်စ တက္ကသိုလ်ကျောင်းများ ပေါ်ထွန်းလာခဲ့ သည်။ မြန်မာဘုန်းတော်ကြီးကျောင်းများသည်လည်း မြန်မာ ဘုရင်တို့ လက်ထက်တွင် မြန်မာ့တက္ကသိုလ်ကျောင်းကြီးများ ဖြစ်ကြသည်။ ထိုသို့ တက္ကသိုလ်နှင့်တူသော မြန်မာဘုန်းတော် ကြီးကျောင်းများ၌ ငယ်စဉ်ကစ၍ ပညာသင်ကာ ကြီးပြင်းရ သော မြန်မာတို့သည် ဗုဒ္ဓအယူဝါဒ၌ ရိုသေကိုင်းညွတ်ရုံမျှမက သေး၊ ဗုဒ္ဓသာသနာကို အခြေခံသော ယဉ်ကျေးမှုဓလေ့ထုံးတမ်း တို့ကိုလည်း ခိုင်မာစွာ ထူထောင်နိုင်ခဲ့သည်။

ဘုန်းကြီးကျောင်း ပညာသင်ကြားရေးသည် လောကီလော ကုတ် နှစ်ဝယှဉ်၍ သင်ကြားပေးသောစနစ် ဖြစ်ခြင်းကြောင့်၊ မြန်မာတို့၌ စာပေအမွေအနှစ်နှင့် အခြားသော သုခုမနှင့် ဗိသုကာဆိုင်ရာ အနုပညာ အမွေအနှစ်တို့သည် သားစဉ်မြေး ဆက် အစဉ်မပျက် တည်ရှိခဲ့လေသည်။ အဆက်ဆက်သော ဆရာတော်များသည် ဗုဒ္ဓမြတ်စွာ၏ ပါဠိပိဋကတော်များကို နိဿယပြန်အားဖြင့်၎င်း၊ စကားပြေဖြင့်၎င်း၊ ပျို့ကဗျာလင်္ကာ စသည် တို့ဖြင့်၎င်း၊ အများအပြား ပြန်ဆိုရေးသားတော်မူခဲ့ကြ သည်။ နှောင်းလူဖြစ်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ် အသီးသီး တို့သည်လည်း ယင်းတို့ကို ဖတ်ရှုလေ့လာ၍၊ စာပေအစဉ်ကို မပြတ်စေရဘဲ ထပ်မံဆက်လက် ရေးသားကြပြန်သည်။ ဤ နည်းဖြင့် မြန်မာစာပေ အစဉ်အလာသည် ဆက်ကာဆက်ကာ တိုးတက်ပြန့်ပွား လာလေရာ ယခုခေတ်အထိ မြန်မာကဝိစာဆို ပုဂ္ဂိုလ်များ၊ ကျမ်းပြုဆရာများ၊ စာရေးဆရာများသည် ဆက် လက်ထွန်းကား လျက်ရှိလေသည်။

ထို့ပြင် 'အလိမ္မာစာမှာရှိ'ဟူသောစကားပုံအရ၊ ဆရာတော် များကထားခဲ့သော စာအမွေအနှစ်တို့ကြောင့်၊ မြန်မာတို့သည် လူမှုရေးရာတို့၌ လိမ္မာကျွမ်းကျင်လာကြရသည်။ ထို လူမှုရေး အခြေခံတို့ဖြင့်လည်း မြန်မာ့ယဉ်ကျေးမှု အဆောက်အအုံကို ခိုင်မြဲအောင် ထူထောင်၍၊ ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ကြလေ သည်။ ထိုမျှ မကသေး၊ ဆရာတော်များ၏ သမ္ပဒါတရား လေးပါး အဆုံးအမတို့ကြောင့် မြန်မာတို့၏ စီးပွားရေးသည် လည်း ညီညွတ်မျှတသော စီးပွားရေးဖြစ်ခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. A Glossary of Pali and Buddhist Terms။ Access to Insight (December 17, 2013)။ August 21, 2019 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)