ဂူပြောက်ငယ် (ဝက်ကြီးအင်း)

ဝီကီပီးဒီးယား မှ
ဂူပြောက်ငယ်

ဂူပြောက်ငယ် (ဝက်ကြီးအင်း) ဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင် တည်ရှိပြီး စေတီပုထိုးအမှတ်မှာ ၂၈၅/၁၉၃−က ဖြစ်သည်။ ဂူပြောက်ကြီးဘုရား၏ အနောက်တောင်ဘက်ရှိ ဝက်ကြီးအင်းနံဘေးတွင် ရှိသည်။ ကျန်စစ်သားမင်းကြီးလက်ထက်တွင် ဘုရားဆောင် အပြင်ပတ်လမ်း ဆင်းတုတော်များ ထားရာ နံရံမုခ်ပေါက်များ ရှေးမွန်ကမ္ဗည်းစာနှင့် နံရံဆေးရေး ပန်းချီကား လက်ရာများကို လေ့လာနိုင်သည်။

ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့် ဂူဘုရားဖြစ်ပြီး (၁၉) ဇူလိုင် (၁၂၃၅)တွင် ကျစွာမင်းမိထွေးတည်ခဲ့သည်။ ဂူပြောက်ငယ် အတွင်းရှိ နံရံဆေးရေးပန်းချီများမှာ ပျက်စီးယိုယွင်းလျက်ရှိသည်။ အဝင်ခန်းမ၏ နံရံများတွင် ငါးရာ့ငါးဆယ် ဇာတ်ကွက်နံရံဆေးရေး ပန်းချီများ ရှိပြီး ရှေးဟောင်းမွန်ဘာသာဖြင့် ကမ္ဗည်းမင်စာ ရေးထိုးထားသည်။

ဂူပြောက်ငယ်၏ ကွမ်းတောင်တွင် မုခ်ကပ်အဝိုင်းပါရှိသည့် လေးထောင့်တုံးကို အမြှောက်ပုံဖော်ပြီး အ​ပေါ်သို့ တဖြည်းဖြည်း သေးသွယ်ရှူးတက် လှပအောင် ပြုလုပ်ထားသည်။ အချို့မုခ်ကပ်အဝိုင်းအတွင်း ဗုဒ္ဓရုပ်ပွား ကျောက်ဆင်းတုများ ရှိသည်။ ဂူပြောက်ငယ်၏ အပြင်ဘက်တွင် အင်္ဂတေ ပန်းတော့ လက်ရာများ ရှိပြီး အဝင်မုခ်ရှိ အင်္ဂတေပန်း ပြတင်းပေါက် တံကဲများ၊ နံရံကပ်တိုင်များမှ အင်္ဂတေပန်း အလှများ၊ ဘီလူးပန်းဆွဲများကို လေ့လာနိုင်သည်။[၁]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးမောင်မောင် - ရန်ကုန်တက္ကသိုလ် ၏ ပုဂံစေတီပုထိုးများ