နတ် (ဝိညာဉ်)
နတ် (ဗမာ: နတ်; MLCTS: nat; IPA: [naʔ]) များသည် ဘားမား (သို့မဟုတ် မြန်မာနိုင်ငံတွင် ဗုဒ္ဓအယူဝါဒနှင့်တွဲလျက် ဝိညာဉ်များကို ကိုးကွယ်မှုဖြစ်သည်။ ၎င်းတို့ကို၃၇မင်းနတ်များနှင့် ကျန်နတ်များ အားလုံး (ဥပမာ- သစ်ပင်စောင့်နတ်၊ ရေစောင့်နတ်စသည်ဖြင့်) တို့အား ခွဲခြားထားသည်။ အားလုံးသော ၃၇ မင်းနတ်များသည် လူသားများဖြစ်ကြပြီး ၊ ကြမ်းတမ်းသော သေဆုံးရခြင်းများ (အစိမ်းသေ,lit. "violent death" ) နှင့် ကြုံတွေ့ခဲ့ရသူများဖြစ်သည်။ ၎င်းတို့သည် ဤသို့သော ဖြစ်ပျက်ခဲ့ခြင်းကြောင့် နတ်စိမ်းများ (green spirits) ဟုလည်း ခေါ်ဆိုကြသည်။ သို့သော်လည်း မြန်မာဗုဒ္ဓဘာသာယုံကြည်သူတို့တွင် နတ်များကို နှစ်မျိုးနှစ်စားခွဲထားသည်။ နတ်ဝိညာဉ်များကို အောက်တွင်ရှိသော နတ်များသို့မဟုတ် အောက်နတ်များ၊နာမည်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နတ်ဟုခေါ် ဆိုကြသည်။ နတ်ဘုံခြောက်ထပ်တွင်နေသည့် နတ်များကို အထက်နတ်များ သို့မဟုတ် နတ် ဒေဝါများဟုခေါ်ဆိုသည်။ သူတော်စင်များနှင့် တူသည့်နတ်နှင့် အချို့နေရာဒေသတွင်သာ သိသည့်နတ်များအပါအဝင် အကြောင်းအမျိုးမျိုးတို့ အတွက် နတ်များကို အဆင့်သတ်မှတ်နိုင်သည်။ နတ်ကိုးကွယ်မှုသည်မြို့များတွင်ကျေးလက်ဒေသထက်ကိုးကွယ်မှုနည်းပါးသည်။ နတ်ကိုကိုးကွယ်မှုသည် တိုင်းရင်းသားလူနည်းစုများအတွင်းတွင် ပြုလုပ်ကြသည်ရှိသလို ဗမာလူနေမှု၏ ပင်မရေစီး ကြောင်းအတွင်းတွင်လည်းပြုလုပ်ကြသည်။ သို့သော်လည်း ဗုဒ္ဓဘာသာဗမာများထဲတွင် နတ်ကိုးကွယ်မှုကို ခမ်းခမ်း နားနားပွဲပေးခြင်း နှင့် ဓလေ့ထုံးထမ်းအတိုင်းပြုလုပ်ခြင်း ပုံစံဖြင့် တွေ့မြင်နိုင်သည်။
ရွာစောင့်နတ်
[ပြင်ဆင်ရန်]ဗမာရွာတိုင်းတွင် ရွာစောင့်နတ် (village guardian)ကို ကိုးကွယ်သည့်နတ်စင်ရှိသည်။ အုန်းသီး (နတ်အုန်း)ကိုအိမ်၏အရှေ့တောင်ဒေါင့်တိုင်(ဥရူတိုင်) တွင်ချိတ်ဆွဲထားပြီးခေါင်းပေါင်း(headdress)ပတ်၍ ရေမွှေးများဝိုင်းရံထားကာ ၊ မင်းမဟာဂီရိ (တောင်တော်သခင်)အား ပူဇော်ပသထားသည်။ အိမ်တွင်းနတ် (အိမ်၏အတွင်းတွင်ရှိ)သို့မဟုတ် အိမ်စောင့် (house guardian) နတ်ဟုလည်းခေါ်ဆိုကြသည်။ လူတစ်ဦးသည် ၃၇ မင်းနတ်များထဲမှ တစ်ပါး သို့မဟုတ် အချို့တွင် နှစ်ပါးကို မိဆိုင်ဖ ဆိုင် (အမေဘက်-အဖေဘက်)နတ်များအဖြစ် အမွေဆက်ခံနိုင်သည်။ မိဘနှစ်ပါး သို့မဟုတ်တစ်ဦး၏မူလမျိုးရိုးဆင်းသက် လာသည့်နေရာပေါ်မူတည်၍ မိဆိုင်ဖဆိုင်နတ်ကိုကိုးကွယ်ကြသည်။ လူတစ်ဦးတစ်ယောက်စီတွင်လည်း ကိုယ်စောင့်နတ်ဟုခေါ်သည့် ကိုယ်ကိုစောင့်ရှောက်ပေးသည့် ဝိညာဉ်ရှိသည်။
နတ်ကိုးကွယ်မှုနှင့် ဗုဒ္ဓအယူဝါဒ
[ပြင်ဆင်ရန်]ဗမာပညာရှိ အသိုင်းအဝိုင်းထဲတွင် ဗမာဗုဒ္ဓအယူဝါဒနှင့် ဗမာ့ဝိညာဉ်ကိုးကွယ်မှုတို့သည် ခွဲခြားထားသည့်အထင်ကရနှစ်ရပ် သို့မဟုတ်အထင်ကရတစ်ရပ်ထဲမှကွဲလွဲနေသည် ရှု့ထောင့်နှစ်ရပ်နှင့်ပတ်သက်သော အချက်များအပေါ် သဘောထားမတူညီကြသည်ကို တွေ့ရှိရသည်။ ဗမာလူမျိုးအများစု ကိုယ်တိုင်ပြောဆိုကြသည်မှာ နတ်ကိုးကွယ်ခြင်းသည် အယူသီးမှုတစ်ခုမျှသာဖြစ်ပြီး လူမှုအသိုင်းအဝိုင်းထဲတွင် ၎င်း၏ကဏ္ဍကို ချကစားသည့် သဘောသာဖြစ်သည်။ တရားဝင် ၃၇ မင်းနတ်များ၏ အဖွဲ့အစည်းကို ပုဂံဘုရင်အနော်ရထာ (၁၀၄၄ - ၁၀၇၇) ထူထောင်ပေးခဲ့သည်မှစပြီး နောက်ပိုင်းအဟြေင်း အလဲများရှိသော်လည်း၊ ဤကိစ္စကိုထောက်ပြဟြေဆိုကြသည်မှာ ဗမာမှုပြုခြင်းအဖြစ် အဓိပ္ပာယ်ပြန်ဆိုရမည်ဖြစ်သည်။ အနော်ရထာဘုရင်မှ တစ်နိုင်ငံလုံးသိမ်းသွင်းပြီး ပထမဗမာနိုင်ငံတော်ဟု တည်ထောင်ခဲ့ပြီးနောက် ၃၇ မင်းနတ်သည် ဧရာဝတီမြစ်ဝှမ်းတွင် ဗမာ့အမြင့်ဆုံးအဖွဲ့တစ်ခုအဖြစ် တည်ထောင်ခဲ့သည်။
နတ်ကိုးကွယ်မှုသည်ဗမာနိုင်ငံသို့ ဗုဒ္ဓဘာသာရောက်ရှိလာသည်ထက်စောသည်။ ဗုဒ္ဓအယူဝါဒရောက်ရှိလာသည်နှင့် နတ်များသည်လည်း ဗုဒ္ဓအယူဝါဒတို့နှင့် ကြိုးစားပေါင်းစည်းပြီးဗုဒ္ဓကိုအကြီး မြတ်ဆုံးနတ်ဖြစ်သည်ဟု စဉ်းစားသုံးသပ်၍ နတ်များကိုလည်း ဗုဒ္ဓဖွားတော်မူ စဉ်က ဝန်းရံစောင့်ကြပ်ပေးသူများဟု သတ်မှတ်သည်။ ဗုဒ္ဓအယူဝါဒနှင့် တွဲလျက်ဒေသခံဘာသာများပေါ်ပေါက် လာခြင်း သည် သီးသန့်လည်းမဟုတ် ၊ တစ်ခုလည်းမဟုတ်ဘဲ နေရာဒေသတိုင်းတွင် တစ်ပြိုင်တည်းဖြစ်လာခြင်းဖြစ်သည်။ သကျ မုနိ(သိဒ္ဓတ္ထ ဂေါတမ) ဗုဒ္ဓသည် အိန္ဒိယ၏ဒေသခံ ဟိန္ဒူဘာသာကို သူ၏သင်ကြား မှုနှင့်လေ့ကျင့်မှုတို့တွင် တစ်စိတ်တစ်ဒေသ အသိအမှတ်ပြုပါဝင်စေခြင်းဖြင့် တပည့်သာဝကများကိုပိုမိုပြည့်စုံနားလည်စေခြင်း ဖြစ်စေသည်။ ပုံသဏ္ဌာန်အားဖြင့် မြန်မာဗုဒ္ဓအယူဝါဒသည် ဂျပန်ဗုဒ္ဓအယူဝါဒနှင့်ဆင်တူသည်။ ဗုဒ္ဓဘာသာသူတော်စင် နီချီရန် (Nichiren)သည် ဒေသခံကိုးကွယ်မှုများကို သူ၏ဗုဒ္ဓဘာသာသင်ကြားမှုနှင့် လေ့ကျင့်မှုတို့တွင် တစ်စိတ် တစ်ဒေသ ထည့်သွင်းထားသည်။ ဗုဒ္ဓအယူဝါဒတွင် အောင်မြင်ဖြစ်ထွန်းနေမှုများနှင့် သဏ္ဍန်တူညီနေမှုများကို ဒေသ ခံကိုးကွယ်သည့် ဘာသာတို့တွင် မှတ်သားတွေ့ရှိရသည်မှာ စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ ဆင်တူနေမှုများမှာ “အထက်” နှင့် “အောက်”ဘုံများနှင့် ယင်းတို့တွင် ပါဝင်သော လူ၊ နတ်၊ တစ္ဆေသူရဲနှင့် ဗုဒ္ဓတို့ဖြစ်သည်။ အမှန်စင်စစ်တွင် “ဗုဒ္ဓအယူ ဝါဒသန့်သန့်”ကို မတွေ့ရတော့ပဲ၊ မလွှဲသာ မရှောင်သာ ဒေသစရိုက်လက္ခဏာများ ပါဝင်သင်ကြားထားသည့် ဗုဒ္ဓအယူ ဝါဒပုံစံများအဖြစ်သာ တွေ့ရသည်။
တရားဝင်နတ်များစာရင်း
[ပြင်ဆင်ရန်]ပုဂံဘုရင် အနော်ရထာ (၁၀၄၄ - ၁၀၇၇) သည် နတ်ကိုးကွယ်မှုကို အတင်းအကြပ်ပိတ်ပင်တားမြစ်ခြင်း မအောင် မြင်သည့်နောက် ၃၇ မင်းနတ်များ၏ တရားဝင်နတ်နန်းကို သတ်မှတ်ပေးခဲ့သည်။ အနော်ရထာသည် နတ်များကို ရွှေစည်းခုံ ဘုရားသို့ ယူဆောင်လာခြင်းဖြင့် နတ်ကိုးကွယ်သူများ ဘုရားသို့ ဝင်ရောက်ဖူးမြော်နိုင်ရန် နည်းပရိယာယ်သုံးထားခြင်း ဖြစ်ပြီး၊ နတ်နန်းတွင် သိကြားမင်းကို ထိပ်ဆုံးမှ မင်းမဟာဂီရိနတ်များ၏ အထက်တွင် ထားရှိခြင်းဖြင့်၊ နောက်ဆုံးတွင် အောင်မြင်မှု ရရှိခဲ့သည်။ ၃၇ မင်းနတ်များအနက် နတ်ခုနှစ်ပါးသာလျှင် အနော်ရထာအုပ်စိုးစဉ်ကာလနှင့် တိုက်ရိုက် ပတ်သက်သည်။ တရားဝင်နတ်နန်းသည် ဗမာရာဇဝင်ထဲရှိ တော်ဝင်အိမ်ရာများနှင့် မတူတမူထူးခြားပေါ်လွင်အောင် တည် ဆောက်ထားသည်။ သို့သော် နတ်များတွင် ယိုးဒယားနတ် (ယွန်းဘုရင်)နှင့် ရှမ်းနတ် (မောင်ဖိုးတူ) အဆက်များပါဝင်ပြီး ၊ ၎င်းတို့ကို ပုံဖော်ထားရာတွင် ဗမာမင်းညီမင်းသားဝတ်စုံများ အသုံးပြုထား သည်။ သင့်လျော်သလို စဉ်ထားသည့်နတ်များ၏ စာရင်းမှာ –
၁. သိကြားမင်း၊ နတ်များ၏ ဘုရင်ကို ဗုဒ္ဓဘာသာ၏ ဒေဝစက္ကရ နှင့် ဟိန္ဒူနတ်ဘုရား အင်ဒရာ တို့နှင့် တန်းတူသဘောထားသည်။ သိကြားမင်းကို ရံဖန်ရံခါပုံဖော်ရာတွင် ခေါင်းသုံးလုံးနှင့် ဆင်ဖြူတော်ပေါ်တွင် ရပ်တော်မူလျက် ၊ လက်တစ်ဘက်မှ ခရုကမာခွံကိုင်ပြီး၊ အခြားတစ်ဘက်မှ နွားမြီးယပ်လှဲကိုင်ထား သည့် ပုံဖြစ်သည်။
၂. မင်းမဟာဂီရိ၊ ဦးတင့်တယ်သည် နာမည်ကြီး ပန်းပဲဆရာတစ်ဦး၏ သားဖြစ်သည်။ သူ၏အမည်နာမသည် မောင်တင့်တယ် (ငတင့်တယ်) သို့မဟုတ် ရုပ်ရည်ချောမောသူဖြစ်သည်။ သူသည် အလွန်ခွန်အားဗလနှင့်ပြည့်စုံပြီး၊ ဆင်စွယ်ကို ချိုးနိုင်သည်။ တကောင်းဘုရင်သည် သူ၏ထီးနန်းကို တစ်ချိန်ချိန်တွင် လုယူမည်ဟု စိုးရိမ်နေသည့် အတွက်ကြောင့်၊ မောင်တ့င်တယ်သည် ရွာတစ်ရွာတွင် ပုန်းအောင်းနေရသည်။ ပရိယာယ်သုံးသည့်အနေဖြင့်၊ ဘုရင်သည် မောင်တင့်တယ်၏ ညီမ၊ စောမယ်ရ ၊ မြတ်လှသို့မဟုတ် ရွှေမျက်နှာ ဟုလည်း ခေါ်သည်ကို လက်ဆက်ပြီး မိဖုရားတစ်ပါးအဖြစ် တင်မြှောက်သည်။ ဘုရင်သည် စောမယ်ရကို သူ၏ အစ်ကို ပုန်းအောင်းနေရာမှ ထွက်လာခိုင်းရန်နှင့် ရာထူးကြီးကြီးပေးမည်ဖြစ်ကြောင်း ပြောဆိုသွေးဆောင်ခဲ့သည်။ သို့သော် လည်း မောင်တင့်တယ် ပုန်းအောင်းနေရာမှ ထွက်လာသောအခါ ၊ ဘုရင်သည်သူ့ကိုဖမ်းဆီးပြီး ၊ စကားဝါပင် (စကားဝါပင်)တွင် ကြိုးချည် ၍အရှင်လတ်လတ်မီးရှို့သတ်ပစ်ခဲ့သည်။ ညီမဖြစ်သူ(အောက်တွင်ကြည့်ပါ)သည်လည်း ၊ အစ်ကိုဖြစ်သူနှင့်အတူသေဆုံးခဲ့ပြီး ၊မောင်နှစ်မ နှစ်ဦးစလုံးသည် ထိုစကားဝါပင်တွင်ပင် နတ်များဖြစ်၍နေကြသည်။ အခါ အားလျော်စွာ အပင်နားသို့ကပ်လာ သည့်သူများကို စားသောက်ပစ်သည်။ တကောင်းဘုရင်သည် စကားဝါပင်ကိုခုတ်၍ ၊ ဧရာဝတီမြစ်တွင်းသို့ မျှောလိုက်သည်။ သစ်ပင်သည် သေလည်ကြောင်မင်း အုပ်စိုးစဉ် (၃၄၄ - ၃၈၇) ပုဂံမင်းနေပြည်တော်သို့ ဆိုက်ကပ်လာပြီး၊ ဘုရင်၏အိပ်မက်တွင် နတ်မောင်နှမကိုယ်ထင်ပြပြီး ၎င်းတို့၏ ကံမကောင်းအကြောင်းမလှခဲ့ပုံများကို ဘုရင့်အားပြောကြားသည်။ ၎င်းတို့မောင်နှမအား နေရာတစ်နေရာပေးမည် ဆိုပါက မြို့ကိုကာကွယ်ပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းသည်။ ဘုရင်သေလည်ကြောင်မင်းသည် စကားဝါပင်သစ်တုံးကြီးကို ပုပ္ပားတောင်ဆီသို့ ပို့ဆောင်ပြီး ၊ နှစ်ပိုင်းခွဲ(နတ်တစ်ပါးစီအတွက်တစ်ခုစီ)၍ လူရုပ်ပုံသဏ္ဌာန်များ ထွင်းထုသည်။ ထိုအခါမှစပြီး ၊ မောင်တင့်တယ်ကို တောင်တောသခင်ဟုသိရှိလာကြသည်။ မောင်နှမနှစ်ဦးကို ပုဂံပြည်မှ သရပါတံခါး ၏ ဘေးတစ်ဘက်တစ်ချက် ၊ ညာဘက်တွင် မောင်တင့်တယ်နှင့် ဘယ်ဘက်တွင် ရွှေမျက်နှာ တို့ကို ထည့်သွင်းမြှုပ်နှံ၍တည်ထားကြသည်။ နှောင်းပိုင်းဘုရင်တို့တွင် နတ်နှစ်ပါး၏ ရွှေခေါင်းပုံများ ရှိကြပြီး ၊ ထိုရွှေခေါင်းပုံများကို ပုပ္ပါးတောင်၏ တိုင်ထိပ်များတွင် တပ်ဆင်ထားကြသည်။ (၁၈၁၂ ခုနှစ်မှ ရွှေခေါင်းပုံ တစ်ခုသည် တောင်ပေါ်တွင် ဆက်လက်တည်ရှိကိုးကွယ်ကြသည်။)
၃. နှမတော်ကြီး သို့မဟုတ် ဘုရင်၏အစ်မ၊ သူမ၏အမည်မှာ စောမယ်ရ၊ မောင်တင့်တယ်၏ အစ်မဖြစ်သည်။ တကောင်း ဘုရင်၏ မိဖုရားဖြစ်ခဲ့သည်။ သူမ၏ မောင်ဖြစ်သူအရှင်လတ်လတ်မီးရှို့ခံရသည်ကို မြင်တွေ့ရသောအခါ၊ သူမကိုယ်တိုင် မီးထဲသို့ ခုန်ဆင်းသွားသည်။ သို့သော် ဦးခေါင်းပိုင်းကိုသာ ကယ်တင်နိုင်ခဲ့သည်။ မီးလောင်သည့် ဒဏ်ရာဖြင့် သေဆုံးပြီး၊ နတ်ဖြစ်သွားသည်။ သူမ၏ ရုပ်ပြပုံသည် ဆင်အမဲပေါ်တွင် ရပ်လျက်အနေအထား ဖြင့်၊ ညာလက်ကို ရင်ဘတ်ပေါ်တင်၍ လက်မနှင့် လက်ညှိုးကြားတွင် ဇီးသီးကိုင်ထားပြီး၊ ဘယ်လက်ကို ဘေးဘက်တွင် ချထားသည်။
၄. ရွှေနဘေသည် မင်းတုံးရွာ မှ အလွန်ချောသော အမျိုးသမီးဖြစ်ပြီး ၊ နဂါး နှင့် ထိမ်းမြား လက်ထပ်သည်။ နောင်တွင် သူမ၏ခင်ပွန်းမှ သူမကိုစွန့်ပစ်ခဲ့သည့်အတွက် ၊ နှလုံးကွဲ၍သေဆုံးခဲ့သည်။ အခြားသော ပြောဆိုမှု တွင် သူမသည် မောင်တင့်တယ်၏ဇနီး အစစ်အမှန်ဖြစ်သည်ဟု ဆိုသည်။ သူမ၏ရုပ်ပြပုံတွင် မတ်တပ်ရပ်အနေ ထားဖြင့် ၊ နဂါးခေါင်းဆောင်းထားပြီး ၊ ညာလက်ကို ရင်ဘတ်ပေါ်တင်၍ ၊ ဘယ်လက်ကိုဘေးသို့ ချထားသည်။
၅. သုံးပန်လှ (သုံးမျိုးသုံး ဖလှယ်လှသူ)သည် တဂွန်းဝန် ဟုခေါ်သည့် မွန်ရွာတစ်ရွာ ဇာတိမှ ဖြစ်သည်။ သူမသည် (ကောက်နှုတ်ချက်) “တစ်နေ့တည်းတွင် သုံးမျိုးလှသူ” ဖြစ်သည်။ သူမကိုပြည်ဘုရင် ဒွတ္တ ဘောင်သို့ ဆက်သခဲ့သည်။ သို့သော်မိဖုရားသည် သူမ၏အလှအပကိုမနာလိုသည့်အတွက် ၊ သူမသည်ရုပ်အလွန် ဆိုးကြောင်း၊ ဝလွန်း၍ မြို့အဝင်တံခါးနှင့်ပင် မဆန့်ကြောင်း မင်းကြီးအားမတော်မတရား လျှောက်ထားခဲ့သည်။ ထိုအရာများကို ကြားပြီးသည်နှင့် ဘုရင်သည်ထိမ်းမြားရန် ငြင်းဆိုခဲ့ပြီးနောက် ၊ သုံးပန်လှသည် စိတ်နှလုံးထိခိုက်ပြီး သေဆုံးသွား ခဲ့သည်။ အခြားဇာတ်လမ်းတစ်ပုဒ်အနေဖြင့် ပြောဆိုချက်တွင် သူမသည် မောင်တင့်တယ်၏ညီမဖြစ်ပြီး ၊ ဥဿလပြည်၏ ဘုရင်သမိန်ထောရာမနှင့် ထိမ်းမြားခဲ့ပြီး ၊ သမီးတော်ရှင်မိနဲ ကို ဖွားမြင်ခဲ့ပြီး ၊ ရုတ်တရက်ဖျားနာ သေဆုံးသွားသည်။ သူမ၏ရုပ်ပြပုံသည် ဆင်ကုန်းနှီးပေါ်ရှိ ကုန်းညွတ်နေသည့် ဘီလူးပေါ်တွင်ရပ်လျက်ရှိပြီး ၊ ခေါင်းတွင်ပိုးပုဝါစ ချည်ထား၍ ညာဘက်လက်ကို ရင်ဘတ်နှင့် ဘယ်ဘက်လက်ကို ဘေးသို့ချထားသည်။
၆. တောင်ငူမင်းခေါင် သည် တောင်ငူဘုရင်ခံ အငယ်စားဖြစ်ပြီး ၊ နန်းတွင်းအမှုထမ်း မင်းရဲသိင်္ခသူ၏ သားဖြစ်သည်။ ဖျားနာပြီးသေဆုံးသည်။ သူ၏ရုပ်ပြပုံသည် မင်းဝတ်စုံကိုဝတ်ဆင်ပြီး ၊ ရိုးရိုးခုံပေါ်တွင် ခြေထောက်ချိတ်ထိုင်နေ၍ ညာလက်သည် ယပ်တောင်ကိုင်ထားကာ ၊ ဘယ်လက်ကို ဒူးပေါ်တင်ထားသည်။
၇. မင်းတရား ဟုခေါ်သည့် အင်းဝ ဘုရင်သည် ၊ တောလည်ထွက်ရင်း နတ်မိမယ်တစ်ဦးနှင့် တွေ့ဆုံပြီး ၊ ထိုနတ်မိမယ်ပျောက် သွားသည့်အခါ အရူးအမူးဖြစ်၍ကျန်ခဲ့သည်။ ထိုသို့အရူးအမူးဖြစ်နေချိန်တွင် သူ၏နောက်လိုက်တစ်ဦးဖြစ်သူ ငနောက် မှ သူ့အားသတ်ပစ်လိုက်သည်။ သူ၏ရုပ်ပြပုံသည် ဘုရင်ဝတ်စုံနှင့် ပလ္လင်ပေါ်တွင် ထိုင်နေလျက် ၊ ညာလက်မှ ယပ်တောင်ကိုင်ထားပြီး ၊ ဘယ်လက်ကိုဒူးပေါ်တင်ထားသည်။
၈. သံတော်ခံ ၊ တောင်ငူဘုရင်မင်းခေါင်၏ ဆက်သားဖြစ်ပြီး၊ သူ၏အမည်ရင်းမှာ ရဲသီဟဖြစ်သည်။ တောထဲသို့ ပန်းခူးထွက်ရင်း၊ ငှက်ဖျားမိ၍ သေဆုံးသည်။ ရုပ်ပြပုံမှာ ကြာပန်းခုံပေါ်တွင် ထိုင်လျက်၊ ညာလက်မှာ ယပ်တောင်၊ ဘယ်လက်ကို ဒူးပေါ်တွင် ထားသည်။
၉. ရွှေနော်ရထာ၊ အင်းဝဘုရင်ဒုတိယမင်းခေါင်၏ မြေးတော်ဖြစ်သည် (၁၄၈၁ - ၁၅၀၂) ။ သူ၏ကျေးကျွန်တစ်ဦးမှ ဘုရင်ကို လုပ်ကြံရန် ကြိုးပမ်းသည်။ သို့သော် ဖမ်းမိပြီး၊ အသတ်ခံရသည်။ သူသည်လည်း လုပ်ကြံမှုတွင် ပါဝင်သောကြောင့် ၊ တစ်ပါ တည်းကွပ်မျက်ခြင်းခံရသည်။ ရုပ်ပြပုံမှာ ရိုးရိုးသလွန်ပေါ်တွင် ဒူးတစ်ဘက်ကို ထောင်လျက်ထိုင်နေပြီး၊ လက် တစ်ဘက်သည် ကျည်းသားဘောလုံး ကို ကိုင်၍ ၊ ကျန်လက်တစ်ဘက်တွင် ကျည်းသားရိုက်တံ ကိုကိုင်ထားသည်။
၁၀. အောင်စွာမကြီး၊ ဗိုလ်အောင်စွာဟုလည်း ခေါ်သည်။ သူသည် (၁၁၇၃ - ၁၂၁၀) ပုဂံနရပတိစည်သူမင်းထံတွင် တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဘုရင်၏ကတိစကားဖြစ်သော အခြွေအရံအမျိုးသမီးများထဲမှ တစ်ဦးကို ဗိုလ်အောင်စွာသို့ ဆုလာဒ်အဖြစ် ပေးသနားမည်ဆိုသည့်အတိုင်း ကတိမတည်သောကြောင့် ၊ ဘုရင်ကို မလေးမခန့်လုပ်ပြမိ၍ ဘုရင်မှ ကွပ်မျက်ခြင်းကို ခံရသည်။ ရုပ်ပြပုံမှာ သလွန်ပေါ်တွင်ထိုင်လျက်၊ စောင်းတီးနေပြီး၊ ခေါင်းဆောင်းနှင့်စလွယ် ဝတ်ဆင်ထားသည်။
၁၁. ငါးစီးရှင် (ဆင်ငါးကောင်၏ သခင်)၊ ကျော်စွာဟုလည်း ခေါ်သည်။ ဖခင်ဘုရင်သီဟသူသေဆုံးပြီးနောက်၊ ပင်းယ ဘုရင် (၁၃၄၃ - ၁၃၅၀) ဖြစ်လာသည်။ ဆင်ဖြူငါးကောင်ရရှိခဲ့ပြီး၊ နန်းသက် ရှစ်နှစ်အကြာတွင် ဖျား နာ၍ သေဆုံးသည်။ ရုပ်ပြပုံမှာ ဆင်ခေါင်းငါးခုပါသည့် ဆင်၏အပေါ်ရှိ ကြာပွင့်ပေါ်တွင် ထိုင်နေပြီး၊ တော်ဝင်ထီးဖြူ လေးလက်ဆောင်းထားပေးသည်။ [8]
၁၂. အောင်ပင်လယ်ဆင်ဖြူရှင် (အောင်ပင်လယ် ဆင်ဖြူ၏သခင်)သည် ဒုတိယ သီဟသူဘုရင် (၁၄၂၂ - ၁၄၂၆) ဖြစ်ပြီး၊ အင်းဝဘုရင်မင်းခေါင် (၁၄၀၁ - ၁၄၂၂) ၏ သားတော်ဖြစ်သည်။ ဒုတိယသီဟသူဘုရင်သည် သူ၏ရန်သူဖြစ်သော အုန်းဘောင်စော်ဘွားပစ်လိုက်သည့်မျှားထိ၍ အောင်ပင်လယ်အရပ်တွင် သေဆုံးခဲ့သည်။ သူ၏ရုပ်ပြပုံမှာ ဆင်ပေါ်ရှိ သလွန်ပေါ်တွင် မင်းဝတ်မင်းစားအပြည့်ဖြင့် ခြေချိတ်ထိုင်နေပြီး၊ ဆင်ဦးစီးတစ်ယောက် ရှေ့၌ဝပ်တွား နေပြီး၊ မြင်းပေါ်မှ နောက်တစ်ဦးမှာ ဓားဝင့်နေသည်။
၁၃. တောင်မကြီး
၁၄. မောင်မင်းရှင်၊ နွယ်ကြိုးစီးသူသည် ပုဂံဘုရင် အလောင်းစည်သူ (၁၁၁၂ - ၁၁၆၇) ၏ မြေး၊ နန်းချခံရသည့် မင်းရှင်စော၏ သားတော်ဖြစ်သည်။ ငယ်ရွယ်စဉ် ရှင်သာမဏေဘဝတွင် နွယ်ကြိုးစီးစဉ်၊ နွယ်ကြိုးပေါ်မှကျ၍ သေဆုံးသည်။
၁၅. ရှင်တော်သည် အင်းဝခေတ်မှ ရဟန်းပျိုတစ်ပါးဖြစ်ပြီး ၊ မြွေပေါက်၍ သေဆုံးသည်။ သူ၏ရုပ်ပြပုံမှာ သင်္ဃန်း အဝါရောင်ဝတ်နှင့် ခေါင်းဆောင်းထားပြီး ခုံပေါ်တွင် မတ်တပ်ရပ်လျက်၊ ညာလက်တွင် ယပ်တောင်ကိုင်ထားပြီး ဘယ်လက်တွင် စိပ်ပုတီး ကိုင်ထားသည်။
၁၆. ညောင်ကြင်ဥ၊ ပုဂံတွင် အဖမ်းခံရထားသည့် သထုံဘုရင်မနူဟာမှ ဆင်းသက်လာသူဖြစ်သည်။ ဘုရင် အနော်ရထာ လက်ထက်တွင် အနာကြီးရောဂါဖြင့် သေဆုံးသည်။ ရုပ်ပြပုံမှာ ခုံတွင်မတ်တပ်ရပ်လျက် ဘယ်လက်ကို မြှောက်ထားပြီး၊ ညာလက်တွင် တောင်ဝှေးကိုင်ထားသည်။
၁၇. တပင်ရွှေထီး၊ တောင်ငူဘုရင် (၁၅၁၂ - ၁၅၅၀) သည်အရက်သောက်စား ပြီး၊ အမှုထမ်းတစ်ဦး၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံရသည်။ ရုပ်ပြပုံတွင် သလွန်ပေါ်၌ မင်းဝတ်တန်ဆာအပြည့်ဖြင့် ခြေချိတ်ထိုင်နေပြီး၊ ဘယ်လက်တွင် ဓားကိုင်ထား၍ ညာလက်ကို ဒူးပေါ်တင်ထားသည်။
၁၈. မင်းရဲအောင်ဒင်၊ မင်းသမီးရွှေဆင်းတု၏ ကြင်ယာတော် ဖြစ်ပြီး၊ ရွှေဆင်းတုမှာ ရှမ်းပြည် မိုးနဲ စော်ဘွား၏ သမီးတော်ဖြစ်သော မိဖုရားနှင့် အင်းဝဘုရင်သာလွန်တို့၏ သမီးတော် ဖစ်သည်။ သူသည် ဘိန်းအလွန်အကျွံရှုခြင်းကြောင့် သေဆုံးသည်။ ရုပ်ပြပုံမှာ ခေါင်းပေါင်းစဖြင့် ခုံပေါ်တွင် ထိုင်နေပြီး၊ စောင်းကို ပိုက်ထားသည်။
၁၉. ရွှေစစ်ပင်
၂၀. မယ်တော်ရွှေစံကား၊ ရွှေစစ်ပင်၏ မိခင်ဖြစ်ပြီး၊ သူမ သား၏ဝမ်းနည်းကြေကွဲစရာ ကံတရားများကြောင့် နှလုံး ကြေကွဲသေဆုံးရသည်။ ရုပ်ပြပုံတွင် ခုံပေါ်၌ထိုင်လျက် ညာလက်သည် ရင်ဘတ်ပေါ်တွင်ထားရှိပြီး၊ ဘယ်လက်ကို ပေါင်ပေါ်တင်ထားသည်။
၂၁. မောင်ဘိုးတူ ၊ အင်းဝဘုရင်မင်းခေါင်အုပ်စိုးစဉ်ကာလတွင် လဖက်ကုန်သည်ဖြစ်သည်။ လဖက်ကိစ္စဖြင့် ၊ ရှမ်းပြည်သို့သွားစဉ်၊ လမ်းတွင်ကျားကိုက်ခံရပြီး၊ သေဆုံးသည်။ သူ၏ရုပ်ပြပုံမှာ ကျားပေါ် တွင် ထိုင်နေပြီး၊ ညာလက်တွင် တုတ်ချောင်းကိုင်၍ ဘယ်လက်ကို ပေါင်ပေါ်တင်ထားသည်။
၂၂. ယွန်းဘုရင် (ယွန်းနိုင်ငံမှဘုရင်)သည် မယ်ကုတီ ဖြစ်သည်။ အဖမ်းခံထားရသော ဇင်းမယ်ဘုရင် ဖြစ်ပြီး၊ ဟံသာဝတီ(၁၅၅၁ - ၁၅၈၁)ဘုရင်- ဘုရင့်နောင်လက်ထက်တွင် ဖျားနာပြီး သေဆုံးသည်။ ရုပ်ပြပုံမှာ ဒူးတစ်ဘက်ထောင်၍ ထိုင်နေပြီး၊ ဓားအိမ်စွပ်ထားသည့် ဓားကို ညာလက်ဖြင့် ကိုင်၍ ပခုံးပေါ်တင်ထားသည်။ ဘယ်လက်သည် ဘယ်ဒူးခေါင်း ပေါ်တင်ထားသည်။
၂၃. မောင်မင်းဖြူ
၂၄. မန္တလေးဘိုးတော် (မန္တလေး၏ အဘိုးသခင်) ၊ ဟိန္ဒူဗြဟ္မာဏ တစ်ဦး၏ သားဖြစ်သည်။ တာဝန်မှ ပေါ့လျော့ခဲ့ကြသည့် ရွှေဖျဉ်းနောင်တော်နှင့် ရွှေဖျဉ်းညီတော်နှစ်ပါးအပေါ် သင့်တင့်စွာ ကြီးကြပ်မှုမရှိခဲ့သည့် အတွက် အသတ်ခံရသည်။ ရုပ်ပြပုံမှာ ပခုံးပေါ်ဓားတင်၍ ခုံပေါ်တွင် ရပ်နေပြီး၊ လက်တစ်ဘက်ကို မြှောက်၍၊ လက်ညှိုး ညွှန်ထားသည်။
၂၅. ရွှေဖျဉ်းနောင်တော် (ဖျဉ်းကြီးမင်း) ၊ ရွှေဖျဉ်းကြီး သို့မဟုတ်မင်းကြီးဟုလည်း ခေါ်သည်။
၂၆. ရွှေဖျဉ်းညီတော် (ဖျဉ်းငယ်) ရွှေဖျဉ်းလေး သို့မဟုတ် မင်းလေးဟု လည်းခေါ်သည်။ အများ သိကြသည်မှာ ရွှေဖျဉ်းညီနောင် (ညီအစ်ကို)သို့မဟုတ် တောင်ပြုံးမင်းညီနောင်ဖြစ်သည်။၎င်းတို့သည် ပုဂံဘုရင် အနော်ရထာအုပ်စိုးစဉ်ကာလမှ နန်းတွင်း ဆက်သား ဗျတ္တ နှင့် ပုပ္ပါးတောင်မှ ပန်းစားဘီလူးမ မယ်ဝဏ္ဏတို့၏ သားများဖြစ်ကြသည်။ ၎င်းတို့သည် ဘုရင်အနော်ရထာတည်သော တောင်ပြုံးဘုရားတွင် အုတ်တစ်ချပ်စီ ထည့်ရမည့်တာဝန်ကို လစ်ဟာခဲ့ခြင်းအပြစ်ကြောင့် အသတ်ခံရသည်။ ရုပ်ပြပုံမှာ တစ်ဦးသည်လဲလျောင်းနေပြီး၊ နောက်တစ်ဦးမှာ ပခုံးပေါ်ဓားထမ်းလျက် မိမိကိုယ်ကိုမိမိ အထင်ကြီးသည့်ပုံဖြစ်သည်။ ဗျတ္တ အသတ်ခံရပြီးသည့် နောက်၊ မယ်ဝဏ္ဏသည် လည်းနှလုံးကြေကွဲသေဆုံးပြီး နောက်ပိုင်းတွင် သားနှစ်ယောက်ကို ဘုရင်၏ အမိန့်ဖြင့် အဝေးသို့ ခေါ်ဆောင်သွားခဲ့သည်။ မယ်ဝဏ္ဏသည် လည်းနတ်ဖြစ်လာပြီး၊ ပုပ္ပါးမယ်တော် (ပုပ္ပါး၏ အမေ)အဖြစ် လူသိများလာခဲ့သည်။
၂၇. မင်းသားမောင်ရှင်
၂၈. ထီးဖြူဆောင်း (ထီးဖြူသခင်)သည် ကြောင်းဖြူဘုရင်ဖြစ်သည်။ အနော်ရထာ၏ ဖခင်ဖြစ်သည်။ သူ၏မွေးစား သားများက သူ့အားနန်းချပြီး၊ အတင်းအကြပ်ဘုန်းကြီးဝတ်စေပြီး နောက်ပိုင်းတွင် သေဆုံးသွားသည်။
၂၉. ထီးဖြူဆောင်းမယ်တော် (ထီးဖြူဆောင်း၏ တော်ဝင်အမေ)၊ အနော်ရထာဘုရင်၏ အဖွားဖြစ်ပြီး၊ ဖျားနာ၍ သေဆုံးသည်။ ရုပ်ပြပုံမှာ ဆံပင်ကိုထုံးပြီး၊ တွဲလွဲကျနေလျက် ဒူးတုပ်ထိုင်ကာ၊ လက်ကို ပေါင်ပေါ်တင်ထား သည်။
၃၀. ဘုရင်မရှင်မင်းခေါင်
၃၁. မင်းစည်သူ သို့မဟုတ် အလောင်းစည်သူ ၊ ပုဂံဘုရင် (၁၁၁၂ - ၁၁၆၇) ဘုရင်အနော်ရထာ၏ မြေးဖြစ်ပြီး၊ ဘုရင်အဖြစ် အရိုက်အရာဆက်ခံသူဖြစ်သည်။ သားဖြစ်သူ နရသူ(၁၁၆၇ - ၁၁၇၀) မှ လုပ်ကြံသတ်ဖြတ်ခဲ့ပြီး၊ ထီးနန်းကို သိမ်းယူသည်။ ရုပ်ပြပုံမှာ နန်းတွင်းအဝတ်အစားဖြင့် ထိုင်လျက်၊ ဒူးတစ်ဘက်ကို ထောင်ထားပြီး ခြေတစ်ဘက်ကို ချထားသည်။
၃၂. မင်းကျော်စွာ၊ ဦးမင်းကျော်အဖြစ်လည်း သိထားကြသည်။ သူသည် ပြည်နယ်စားနှင့် ခွန်နီဒေဝီ တို့၏သားဖြစ်သည်။ သူသည် အရက်သမား၊ ကြက်တိုက်သူနှင့် မြင်းစီးကျွမ်းကျင်သူဖြစ်သည်။ သူနှိပ်စက်ညှင်းပန်းခဲ့သော သစ္ဆေသူရဲများ သတ်၍သေရသည်။
၃၃. မြောက်ဘက်ရှင်မ (မြောက်အရပ်သခင်မ)သည် ဘုရင်တပင်ရွှေထီး၏ နို့ထိန်းမိန်းမဖြစ်သည်။ မြောက်ကဒူး ဇာတိဖြစ်သည်။ မီးဖွားစဉ် သေဆုံးသည်။ ရုပ်ပြပုံမှာ ဒူးထောက်လျက်၊ ညာလက်သည် သူမ၏ရင်သားနှင့် ဘယ်လက်မှာ ဒူးခေါင်းကို ကိုင်ထားသည်။
၃၄. အနောက်မိဖုရား သည် အင်းဝဘုရင် ပထမမင်းခေါင်၏ မိဖုရားဖြစ်သည်။ ရှမ်းအကြီးအကဲ သိုငန်ဘွား ၏ သမီးဖြစ်ပြီး၊ မင်းရဲကျော်စွာ၏ မိခင်ဖြစ်သည်။ မင်းကျော်စွာ (ဦးမင်းကျော်) ဝါခင်းထဲတွင် အလွန်မြန်သည့် မြင်းထီးကြီးစီးသည်ကို မြင်၍ ထိတ်လန့်တုန်လှုပ်ပြီး နှလုံးရပ် သေဆုံးသည်။ ရုပ်ပြပုံမှာ ခေါင်းပေါင်းနှင့် ကြာပွင့်ပေါ်ထိုင်ပြီး၊ ကလေးချီထိန်းထားသည့် ပုံဖြစ်သည်။ [8]
၃၅. ရှင်ကုန်း (ခါးကုန်းသခင်မ)သည် သီဟသူဘုရင်၏ ကိုယ်လုပ်တော်မဖြစ်သည်။ စစ်ပွဲသို့ ဘုရင်နှင့်အတူ လိုက် ပါပြီး၊ နေပြည်တော်သို့ အပြန်လမ်းတွင် သေဆုံးသည်။ ရုပ်ပြပုံမှာ ခြေဆာဆာဖြင့် လက်နှစ်ဘက် လှုပ်ရမ်း လမ်းလျှောက်နေသည့်ပုံ ဖြစ်သည်။
၃၆. ရှင်ဂွ (ခြေခွင်သခင်မ)သည် မန္တလေးဘိုးတော်၏ ညီမဖြစ်သည်။ ရွှေဖျင်းညီနောင်တို့ကို ဖုံးကွယ်ထားသည့် အတွက် အစ်ကိုနှင့်အတူ အသတ်ခံရသည်။
၃၇. ရှင်နဲမိ
- ဖျင်းသည် ဖျင်းအိုး (အိုး)မှလာပြီး၊ “အညံ့”မဟုတ်ပါ။ ညီနောင်နှစ်ပါး ဖွားမြင်စဉ်က၊ ရွှေအိုးပေးမည်ဟု ဘုရင်အနော်ရထာမှ ပြောကြားခဲ့သည့် စကားကို ကောက်ယူထားခြင်းဖြစ်သည်။
မူကွဲ
[ပြင်ဆင်ရန်]အောက်ပါ အပြင် ၃၇ မင်းနတ်များမှာ မြဝတီမင်းကြီး၏ မှတ်စုစာရင်း ဖြစ်သည်။ မူကွဲများလည်း ရှိကြသည်။
- သိကြားမင်း (သက္ကမင်း)
- မဟာဂီရိနတ် (မောင်တင့်တယ်)
- နှမတော် မမြတ်လှ (မောင်တင့်တယ်၏ နှမတော်)
- ရွှေနဘေနတ် (မင်းတုန်းမြို့သူ ၊ မောင်တင့်တယ်၏ ဇနီး)
- သုံးပန်လှနတ် (မောင်တင့်တယ်၏ နှမ ၊ မနှဲမိ (ခေါ်) မနှဲလေး၏ မိခင်)
- မနှဲလေး (ခေါ်) မနှဲမိ (သုံးပန်လှနတ်၏ သမီး)
- တောင်မကြီး ရှင်ညို
- မြောက်မင်း ရှင်ဖြူ ( ရွှေနပေ ၏ သား)
- ထီးဖြူဆောင်းနတ်( အနော်ရထာ၏ ခမည်းတော် ကွမ်းဆော်မင်း )
- ထီးဖြူဆောင်း မယ်တော်နတ် (ကွမ်းဆော်မင်း၏ မယ်တော်)
- ပရိမ္မရှင်မင်းခေါင် (ကွမ်းဆော်မင်း၏ သား)
- ရွှေဖျင်းကြီး၊ တောင်ပြုံးမင်းကြီး (ဗျတ္တ၏ သား)
- ရွှေဖျင်းငယ်၊ တောင်ပြုံးမင်းလေး(ဗျတ္တ၏ သား)
- မန္တလေး ဘိုးတော် (ရွှေဖျင်းညီနောင်ကို ပြုစု မွေးမြူခဲ့သူ)
- ရှင်ကွ (မန္တလေး ဘိုးတော်၏ နှမ)
- ညောင်ချင်းအိုနတ် ( သထုံမနူဟာမင်း၏ အနွယ် )(ခြေတိုလက်တို ညောင်ချင်းအို)
- မင်းစည်သူ အလောင်းစည်သူမင်း (၄၇၃-၅၂၉)
- မင်းသား ဒန်းမောင်ရှင် (အလောင်းစည်သူမင်း ရဲ့ သားတော်၊ ဒန်းစီးယင်း ပြုတ်ကျ၍ သေသည်။)
- ကျော်စွာနတ် (တောင်ခြေရင်းဝါခင်းစောင့်သည့် အောင်ကျော်(ခေါ်) မိုးခေါ်ကျော်စွာနတ်)
- အောင်စွာမကြီး ( ပုဂံ နရပတိမင်း၏ အမတ် ငအောင်စွာ )
- ရွှေစစ်သင် မြင်းဖြူရှင်နတ် ( ပုဂံ စောမွန်နစ်မင်း၏သား)
- မယ်တော် ရွှေစကားနတ် (ပုဂံ စောမွန်နစ်မင်း၏မိဘုရား)
- ငါးစီးရှင်ကျော်စွာ(ပင်းယ သီဟသူ၏ သား )
- မင်းတရားနတ်|တရဖျားမင်း( အင်းဝမင်းခေါင်၏ နောင်တော် ဆင်ဖြူရှင်တရဖျား)
- မောင်ပိုးတူနတ်
- အနောက်မိဖုရား ( အင်းဝမင်းခေါင်၏ အနောက်ဆောင်မိဘုရား)
- အောင်ပင်လယ် ဆင်ဖြူရှင်နတ် (သီဟသူမင်း)
- ရှင်ကုန်း (အောင်ပင်လယ် ဆင်ဖြူရှင်နတ် ၏ ကိုယ်လုပ်တော်)
- ရွှေနော်ရထာ ( အင်းဝ ဒုတိယမင်းခေါင်၏ မြေး)
- မင်းရဲအောင်တင် (သာလွန်မင်း)
- မောင်မင်းဖြူ ( အင်းဝခေတ်မှ ဘုရင့်သားတော် )
- ရှင်တော်နတ်
- တပင်ရွှေထီးနတ်
- မြောက်ဘက်ရှင်မ ( တပင်ရွှေထီး၏ အထိန်းတော်)
- တောင်ငူရှင်မင်းခေါင် ( မြောက်ဘက်ရှင်မ နှင့် မင်းရဲသိင်္ခသူ တို့၏သား)
- သံတော်ခံ
- ယွန်းဘုရင် ( ဇင်းမယ်ဘုရင် ဗြသံ)
ဝန်ကြီး ပဒေသရာဇာ ပြုစုထားသည့် စာရင်းနှင့် မတူပေ။ (၁၈)ယောက်ပဲ တူသည်။ (၁၉)ယောက်မတူ။
အခြားကြည့်ရန်
[ပြင်ဆင်ရန်]ရည်ညွှန်းကိုးကား
[ပြင်ဆင်ရန်]