ရှင်ပင်ပက်လက် ရေစက်လက်ဘုရား

ဝီကီပီးဒီးယား မှ
ရှင်ပင်ပက်လက်ရေစက်လက်ဘုရား
ရှင်ပင်ပက်လက် ရေစက်လက်ဘုရား သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရှင်ပင်ပက်လက် ရေစက်လက်ဘုရား
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာချမ်းအေးသာစံမြို့နယ်မန္တလေး
ကိုဩဒိနိတ်21°34′54″N 96°25′12″E / 21.5817°N 96.420°E / 21.5817; 96.420ကိုဩဒိနိတ်: 21°34′54″N 96°25′12″E / 21.5817°N 96.420°E / 21.5817; 96.420
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
ဗိသုကာ
တည်ထောင်သူဦးကောင်း၊ဒေါ်မယ်ရွက်
စတင်သည့်နှစ်ကောဇာသက္ကရာဇ် ၁၂၀၈-ခုနှစ်

မန္တလေးတွင် ငြိမ်းငြိမ်းချမ်းချမ်းနေလိုသူများ၊ ပူပင်သောက ရှိနေသူများ၊ အငြိမ်းဓာတ်နှင့် နဝင်းဓာတ်များ ရစေနိုင်သော ဘုရားတစ်ဆူရှိသည်။ ထိုဘုရားကို ပူဇော်ဆည်းကပ် ကိုးကွယ်ကြသည်။ အဆိုပါဘုရားသည် မန္တလေးမြို့၊ ၃၄-လမ်း၊ မလွန်ကတ္တူရပ်တွင် တည်ရှိပြီး ဘုရားဘွဲ့တော်ကို ရှင်ပင်ပက်လက် ရေစက်လက်ဟု ကမ္ပည်းတပ်ထားသည်။ ရှင်ပင်ပက်လက် ရေစက်လက် ဘုရားသည် မန္တလေးမြို့ မတည်မီ ၁၃-နှစ်စော၍ သက္ကရာဇ် ၁၂၀၈-ခုနှစ်က တည်ခဲ့ခြင်းဖြစ်သည်။

ဘုရားတည်ထားပုံမှာလည်း တစ်မူထူးခြားနေပေသည်။ ကျောက်တောင် ကျောက်ဆောင်များအသွင် ပြုလုပ်ပြီး ထိုကျောက်တောင်တွင် လိုဏ်ဂူသဏ္ဌာန် ပြုလုပ်ထားသည်။ ကျောက်တောင် ပတ်လည်တွင် ဝိဇ္ဇာ၊ တပသီ၊ ယောဂီ၊ ရရရသေ့သူတော်စင်အပေါင်းတို့ ခြံရံထားသည်။ လိုဏ်ဂူအတွင်း၌ ဗုဒ္ဓဘုရားရှင် ပပက်လက်ရုပ်ပွားတော်မြတ်ကို စံပယ်စေသည်။ ထိုအပေါ်မှ ရေတစ်စက် တစ်စက်ကျစေရန် ဖန်တီး၍ ရှင်ပင်ပက်လက် ရေစက်လက်ဟူသော ဘွဲ့တော်နှင့်အညီ လိုက်ဖက်အောင် ပြုလုပ်ထားခြင်း ဖြစ်သည်။

ဘုရားဒကာမှာ အမရပူရမြို့နေ ဦးကောင်းနှင့် ဒေါ်မယ်ရွက်တို့၏ ကောင်းမှုဟု သိရသည်။ အင်းဝပြည့်ရှင် ဘုရင်မင်းခေါင်လက်ထက်တွင်လောကီဝိဇ္ဇာပညာရပ်တို့ကို တစ်ဖက်ကမ်းရောက် တတတ်မြောက်အောင်မြင်တော် မူကြသော ဗားမဲ့၊ ဗားမြိုက်၊ ဗားတမော့၊ ဗားကရာဟူသော ပုဂ္ဂိုလ်ကျော်ဘုန်းတော်ကြီး လေးပါးရှိတော်မူခဲ့သည်။ အဆိုပါ ဗားလေးပါးဝင် ဆရာတော်ကြီးများ၏ တပည့်ရင်း ရှင်သူငယ်ဟု အမည်တွင်သည့် ရဟန်းတစ်ပါးရှိသည်။ ရှင်သူငယ်သည် အင်းအိုင်၊ လက်ဖွဲ့၊ဆေး ၊ ဓာတ် စသည့် လောကီအတတ်ပညာအမျိုးမျိုးကို ကျွမ်းကျင်တော်မူသည်။ ထိုရဟန်းသည် ဗားလေးပါးဝင် ဆရာတော်ကြီးများ၏ တပည့်အရင်းဖြစ်၍ လောကီဝိဇ္ဇာပညာရပ်တွင် သူမတူအောင်တတ်မြောက်တော်မူသည်ဟု ကျော်ကြားလေသည်။ ဘုရားဒကာ ဦးကောင်းနှင့် ဇနီး ဒေါ်မယ်ရွက်တို့က ရှင်သူငယ်ကိုယ်တော်အတွက် ပစ္စည်းလေးပါးနှင့် လိုအပ်သမျှတို့ကို လှူဒါန်း၍ ကိုးကွယ်ခဲ့ကြသည်။ ရှင်သူငယ် ဆရာအရှင်ကလည်း ပစ္စည်လေးပါး ဒါယကာ ဦးကောင်းနှင့် ဒေါ်မယ်ရွက်တို့ကို မိမိတတ်မြောက်သောပညာတို့ဖြင့် စောင့်ရှောက်လေ့ရှိသည်။

တစ်နေ့တွင် ဦးကောင်းနှင့် ဒေါ်မယ်ရွက်တို့သည် လောကတွင်ကျင်လည်နေသူ ရှင်လူအများကို‌ ဘေးရန်အန္တရာယ် ကင်းစင်ကြစေပြီး ကုသိုလ်တရားပွားများနိုင်စေရန်နှင့် နိဗ္ဗာန်ချမ်းသာကို ရကြစေလိုသော ဆန္ဒဖြင့် ဗုဒ္ဓကိုယ်စားတော်ရုပ်ပွားတော်မြတ် တစ်ဆူကို တည်ထားကိုးကွယ်လိုကြောင်း ဆရာအရှင်အား လျှောက်ထားခဲ့ကြသည်။ ဆရာအရှင် ရှင်သူငယ်ကို အမှူးဦးစီးနာယကထား၍ သက္ကရာဇ် ၁၂၀၈-ခုနှစ်၊ ပြာသိုလပြည့်နေ့တွင် နောင်အခါ မလွန်ကတ္တူရပ် ဖြစ်လာမည့် အရပ်၌ ဗုဒ္ဓပက်လက် ရုပ်ပွားတော်မြတ်ကို တည်ထားကိုးကွယ်ခဲ့ကြသည်။

ရှင်ပင်ပက်လက် ရေစက်လက်ဟူသော ဘုရားဘွဲ့တော်သည် နဝင်းဓာတ်ဆင်၍ သမုတ်ခဲ့ခြင်း ဖြစ်သည်။ (ရှင်=၄၊ ပင်=၅၊ ပေါင်း ၉-နဝင်းဓာတ်) (၉ နှစ်ရပ်ပေါင်း ၁၈၊ ၁နှင့် ၈ ပေါင်း ၉-နဝင်းဓာတ်) ဖြစ်သည်။ ရှင်ပင်ပက်လက်ဟူသော နဝင်းဓာတ်ကိုယူပြီး ရေစက်လက်နှင့် တွဲ၍ အငြိမ်းဓာတ်ကို ယူပြန်သည်။ (ရေ=၄၊ စက်=၃၊ လက်=၄၊ ထိုသုံးရပ်ပေါင်းလျှင် ၁၁ ရသည်။) ၁၁ သည် မီးဆယ့်တစ်ပါးတို့၏ အေးရာငြိမ်းရာ နိဗ္ဗာန်အငြိမ်းဓာတ်ကို ရည်ညွှန်း၍ ရှင်ပင်ပက်လက် ရေစက်လက်ဘုရားကို တည်ခြင်းဖြစ်သည်ဟု သမိုင်းဟောင်းက ဆိုသည်။

ရှင်ပင်ပက်လက် ရေစက်လက်ဘုရားအတွင်း၌ အလွန်လက်ရာမြောက်၍ သပ္ပာယ်လှသော လျောင်းတော်မူကြီး တစ်ဆူလည်း တည်ထားကိုးကွယ်ခဲ့သည်။ ထို့အပြင် ရှေးခေတ်အဆက်ဆက်မှ ဗုဒ္ဓရုပ်ပွားတော်များကိုလည်း အပူဇော်ခံထားသည်။

ရှင်ပင်ပက်လက် ရေစက်လက်ဘုရားပွဲတော်ကို သီတင်းကျွတ်လတွင် ဇာတ်ပွဲထည့်၍ ကျင်းပသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ရွှေရိုး(မန္တလေး)၊ မန္တလေးမြို့ပေါ် ရှိ တတန်ခိုးကြီးရှေးဟောင်းဘုရားများသမိုင်း၊ စာ-၅၄