စိုးမြင့်ကြော်

ဝီကီပီးဒီးယား မှ

စိုးမြင့်ကြော် ဆိုသည်မှာ တက္ကသိုလ်များတွင် ရောင်းချလေ့ရှိသည့် ထမင်းကြော်တစ်မျိုး ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုစိုးမြင့်က မိမိစားလိုသည့်အတိုင်း ကြော်လှော်ထားသဖြင့် စိုးမြင့်ကြော်ဟု ခေါ်ကြသည်။ ၁၉၉၀ ခုနှစ်ဝန်းကျင်ထုတ် တက္ကသိုလ်ဇာတ်အိမ်တည် မြန်မာဝတ္ထုများတွင် ပင်တိုင်ပါဝင်သည့် ဇာတ်ဝင်ပစ္စည်းတစ်ခု ဖြစ်ခဲ့သည်။

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

စိန့်ဂျွန်းကျောင်း (ယခု အထက(၁)၊ လမ်းမတော်) မုန့်ဈေးတန်းရှိ အပျိုကြီးထမင်းကြော်ဆိုင်၌ ဆီသတ်ထားသည့် ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ကြာညို့၊ အချိုမှုန့်တို့နှင့် မီးမျှင်းမျှင်းသုံး၍ လှိမ့်ထားသည့် ထမင်းဖြူအား အနေတော်လှီး၍ ကြော်ထားသည့် ဝက်သားပြုတ်နှင့် တွဲစားရသည်ကို ကိုစိုးမြင့် နှစ်သက်ခဲ့သည်။ [၁]

စိုးမြင့်ကြော်ဟူ၍ ဖြစ်လာပုံ[ပြင်ဆင်ရန်]

ဒေသကောလိပ် နှစ်နှစ်တက်အပြီးတွင် တတိယနှစ် ဘူမိဗေဒတက်ရန် ၁၉၈၁ ခုနှစ်၌ ရန်ကုန်တက္ကသိုလ်သို့ ရောက်လာသည်။ သိပ္ပံကန်တင်းရှိ ကိုဖိုးထောင်၏ မိသားစု စားသောက်ဆိုင်တွင် သူငယ်ချင်းတစ်သိုက်နှင့် နေ့လယ်စာလေ့ ရှိသည်။ ထိုစဉ် စိန့်ဂျွန်းကျောင်းသားဘဝက စားခဲ့သည့် ထမင်းကြော်အား စားလို၍ ကိုစိုးမြင့်ကိုယ်တိုင် ဝင်ရောက်ကြော်လှော်ရာမှ စိုးမြင့်ကြော်ဖြစ်လာသည်။ [၁]

ကြော်လှော်ပုံ[ပြင်ဆင်ရန်]

ဆီ၊ ကော်ရည်တို့အား သင့်သလိုထည့်သည်။ အသီးအရွက် နှစ်မျိုးသုံးမျိုးအား (ပန်းဂေါ်ဖီ၊ ပဲသီး၊ မုန့်လာဥနီ တို့အား အသုံးများ) ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ကြာညို့တို့ထည့်ကာ ထမင်းဖြူနှင့် တစ်ပါတည်း ထည့်ကြော်သည်။ အသားကိုလည်း စဉ်းမထည့်ဘဲ အပြားလိုက်လှီးထည့်သည်။ ကြက်ဥကိုမူ ထည့်လိုက ထည့်နိုင်သည်။ [၁]

ပန်းကန်ထဲ ထည့်ရာ၌ ထိုခေတ်က လူသုံးနည်းသည့် ပန်းကန်လုံးထဲ သိပ်ထည့်ကာ မှောက်ချသည့်ပုံစံကို သုံးသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ စိုးမြင့်ကြော် ရှင်းတမ်း2018-09-10 တွင် ပြန်စစ်ပြီး[လင့်ခ်သေ]