ပြည်ထောင်စု ရာထူးဝန်အဖွဲ့
| Union Civil Service Board | |
ရုံးအမှတ်(၁၇)၊ နေပြည်တော် | |
| အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
| ဖွဲ့စည်းခြင်း | အောက်တိုဘာ ၂၈၊ ၂၀၁၀ |
| ယခင်အဖွဲ့အစည်း | ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ |
| အဖွဲ့အစည်းအမျိုးအစား | ပြည်ထောင်စုအဆင့်အဖွဲ့အစည်း |
| ဌာနချုပ် | နေပြည်တော် |
| ဌာနအကြီးအမှူးများ | တင်မောင်ဝင်း၊ ဥက္ကဋ္ဌ |
| အဓိကဥပဒေများ | ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ နိုင်ငံ့ဝန်ထမ်းဥပဒေ |
| ဝက်ဘ်ဆိုက် | ucsb.gov.mm |
ပြည်ထောင်စုရာထူးဝန်အဖွဲ့ (အင်္ဂလိပ်: Union Civil Service Board; အတိုကောက် UCSB) သည် ၁၉၇၇ ခုနှစ်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥပဒေ အရ ဖွဲ့စည်းခဲ့သော ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကို ဆက်ခံသောအဖွဲ့ ဖြစ်သည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေအရ အဖွဲ့ကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်အနည်းဆုံး(၅)ဦးမှ အများဆုံး(၇)ဦးဖြင့် ဖွဲ့စည်းထားသည်။ အဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥပဒေအခန်း(၃)တွင် ပြဋ္ဌာန်းထားသည်။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အာဆီယံကွန်ဖရင့်တွင် မြန်မာနိုင်ငံကိုယ်စားပြု ဆက်သွယ်ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။
၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၄/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သည်။[၁]

သမိုင်းကြောင်း
[ပြင်ဆင်ရန်]နိုင်ငံ့ဝန်ထမ်းများကို ရှေးမြန်မာဘုရင်များ လက်ထက်ကပင် အလေးအမြတ် ထားခဲ့ကြသည်။ ကိုလိုနီခေတ် မတိုင်မီကာလက နိုင်ငံ့ဝန်ထမ်း ရွေးချယ်ခြင်း၊ ခန့်ထားခြင်းနှင့် ဝန်ထမ်းစည်းကမ်း သတ်မှတ်ချက်များသည် တင်းတင်းကြပ်ကြပ် ပုံစံတကျမဟုတ်ခဲ့သော်လည်း မြန်မာဘုရင်များသည် အရည်အချင်း ပြည့်၀သော ပညာရှင်များနှင့် သုခမိန်များ ခန့်ထားရေးကို ဂရုတစိုက် ဆောင်ရွက်ခဲ့ကြသည်။ တရားရုံးများ၏ ဆုံးဖြတ်ချက်အမိန့်နှင့် ဆောင်ရွက်လုပ်ကိုင်မှုများသည် များသောအားဖြင့် အထောက်အထားများ စနစ်တကျ ကျန်ရှိခဲ့ကြသည်။ ဤအချက်သည် မြန်မာနိုင်ငံ၏ ဘာသာနှင့် စာပေ အောင်မြင်ဖြစ်ထွန်းမှုကို ထင်ဟပ်လျက် ရှိသည်။ မြန်မာနိုင်ငံကို ကိုလိုနီနယ်ချဲ့တို့ သိမ်းယူစဉ်က မြန်မာနိုင်ငံ၏ စာတတ်မြောက်မှု အဆင့်သည် ဗြိတိန်နိုင်ငံ၏ အဆင့်ထက် မြင့်မားကြောင်း ဂျေအက်စ်ဖာ နီဗယ်က ရေးသားခဲ့သည်။
ကိုလိုနီနယ်ချဲ့တို့ ဝင်ရောက်စက သိမ်းပိုက်ရရှိထားသော နယ်မြေများကို ကလကတ္တားတွင် ဌာနချုပ် ထားရှိသော ဗြိတိသျှအရှေ့ အိန္ဒိယကုမ္ပဏီ၏ အရာရှိများက အုပ်ချုပ်ကြသည်။ ၁၈၈၆ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ကိုလိုနီလက်အာက်သို့ ရောက်ရှိခဲ့ပြီး ၁၈၈၆ ခုနှစ်မှ ၁၉၃၇ ခုနှစ်အတွင်း မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး အိန္ဒိယရှိ ဗြိတိသျှဘုရင်ခံချုပ်က အုပ်ချုပ်ခဲ့သည်။ ၁၈၅၂ ခုနှစ် မက်ကောလေး ဂျိုဝက် ကော်မရှင် အစီရင်ခံစာအရ အိန္ဒိယနှင့် မြန်မာနိုင်ငံတွင် အမြုတေ အုပ်ချုပ်ရေး စနစ်ဖြင့် အစားထိုးခဲ့သည်။ ဤစနစ်သည် ကာလအလိုက် ပြောင်းလဲလာသော်လည်း အဓိကအားဖြင့် ဗြိတိသျှလူမျိုးများ ကြီးစိုးသည့်စနစ်ပင် ဖြစ်ပြီး ဒေသခံပုဂ္ဂိုလ် အနည်းအကျဉ်းသာ ပါဝင်ခွင့် ရခဲ့သည်။ ဤစနစ်၏ ထိပ်ပိုင်းနေရာများတွင် အိန္ဒိယ ပဋိညာဉ်ခံဝန်ထမ်း Indian Civil Service (ICS) များက ရယူထားကြပြီး အခွင့်ထူးခံများ ဖြစ်လာကြကာ မိုးကျရွှေကိုယ်များ ဟူ၍ ကျော်ကြားခဲ့ကြသည်။
၁၉၃၇ ခုနှစ်တွင်မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံမှ ခွဲထုတ်ခဲ့သည်။ မြန်မာနိုင်ငံပဋိညာဉ်ခံဝန်ထမ်း Burma Civil Service (BCS) များ ရွေးချယ် ခန့်ထားရေးအတွက် သီးခြားရာထူးဝန်အဖွဲ့ကို မြန်မာနိုင်ငံ၌ ဖွဲ့စည်းတည်ထောင်ခဲ့သည်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့်အခါတွင် ဗြိတိသျှတို့ လွှဲပြောင်းပေးသော အုပ်ချုပ်ရေးပုံစံကိုပင် ဆက်လက် ကျင့်သုံးခဲ့သည်။ လွတ်လပ်ရေး ရပြီးသည့်အခါ အသက်မွေးဝမ်းကြောင်း ပညာရပ်ဆိုင်ရာ ရာထူးအချို့မှလွဲ၍ နိုင်ငံ့ဝန်ထမ်း ရာထူးအားလုံး လိုလိုပင် မြန်မာလူမျိုးများ နေရာယူလာကြသည်။
၁၉၅၃ ခုနှစ်တွင် ရာထူးဝန်အဖွဲ့ ဥပဒေ ပြဋ္ဌာန်းခဲ့ပြီး ပြည်ထောင်စု ရာထူးဝန်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့သည် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၏ ရှေ့ပြေး အဖွဲ့အစည်းပင် ဖြစ်သည်။ ၁၉၇၇ ခုနှစ်တွင် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကို ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဥပဒေအရ ဖွဲ့စည်းခဲ့သည်။ ထို့နောက် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေဖြင့်ဖွဲ့စည်းသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဖြင့် အစားထိုးခဲ့သည်။[၂]
၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၏ ဌာနချုပ်ရုံးကို နေပြည်တော်သို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့ရာ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဝန်ထမ်းရေးရာဦးစီးဌာနတို့သည်လည်း ထို့နေ့မှာပင်စတင်၍ နေပြည်တော်၌ လုပ်ငန်းများဆောင်ရွက်လျက် ရှိသည်။
လုပ်ငန်းတာဝန်များ
[ပြင်ဆင်ရန်]အဖွဲ့၏ အဓိကလုပ်ငန်းတာဝန်များမှာ-
- နိုင်ငံ့ဝန်ထမ်းများ ရွေးချယ်ရေး၊
- နိုင်ငံ့ဝန်ထမ်းများ လေ့ကျင့်ရေး၊
- ဝန်ထမ်းရေးရာဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နိုင်ငံတော် အစိုးရအား အကြံဉာဏ်နှင့် အကူအညီပေးရေး၊
- ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် သတင်းအချက်အလက် စုဆောင်းခြင်းနှင့် သုတေသနပြုခြင်း တို့ဖြစ်သည်။
တာဝန်ထမ်းဆောင်ခဲ့သော ဥက္ကဋ္ဌမျာ
[ပြင်ဆင်ရန်]| စဉ် | အမည် | စတင်ရက် | ပြီးဆုံးရက် | တာဝန်ထမ်းဆောင်ခဲ့သောကာလ |
|---|---|---|---|---|
| ၁။ | ဦးလွန်းဘော် | ၁ ဇန်နဝါရီ ၁၉၄၇ | ၈ မတ် ၁၉၆၃ | ၁၆ နှစ်၊ ၆၆ ရက် |
| ၂။ | ပါမောက္ခချုပ် ဦးကာ | ၁၁ ဇူလိုင် ၁၉၆၃ | ၂၄ ဩဂုတ် ၁၉၆၈ | ၅ နှစ်၊ ၄၄ ရက် |
| ၃။ | ဦးလှိုင်ဟုတ် | ၂ စက်တင်ဘာ ၁၉၆၈ | ၂ ဇန်နဝါရီ ၁၉၇၃ | ၄ နှစ်၊ ၁၂၂ ရက် |
| ၄။ | မဟာသရေစည်သူ ဦးခင်မောင်ဖြူ | ၃ ဇန်နဝါရီ ၁၉၇၃ | ၉ ဧပြီ ၁၉၇၇ | ၄ နှစ်၊ ၉၆ ရက် |
| ၅။ | ဦးသန်းစိန် | ၅ မေ ၁၉၇၇ | ၁၂ နိုဝင်ဘာ ၁၉၈၁ | ၄ နှစ်၊ ၁၉၁ ရက် |
| ၆။ | ဦးမောင်မောင်ကြီး | ၁၂ နိုဝင်ဘာ ၁၉၈၁ | ၈ ဇူလိုင် ၁၉၉၉ | ၁၇ နှစ်၊ ၂၃၈ ရက် |
| ၇။ | ဒေါက်တာသန်းညွန့် | ၉ ဇူလိုင် ၁၉၉၉ | ၄ ဖေဖော်ဝါရီ ၂၀၀၉ | ၉ နှစ်၊ ၂၁၀ ရက် |
| ၈။ | ဦးကျော်သူ | ၅ ဖေဖော်ဝါရီ ၂၀၀၉ | ၃၀ မတ် ၂၀၁၆ | ၇ နှစ်၊ ၅၄ ရက် |
| ၉။ | ဒေါက်တာဝင်းသိမ်း | ၅ ဧပြီ ၂၀၁၆ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၄ နှစ်၊ ၃၀၂ ရက် |
| ၁၀။ | ဦးသန်းဆွေ [၃] | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁၉ ဩဂုတ် ၂၀၂၂[၄][၅] | ၁ နှစ်၊ ၁၉၉ ရက် |
| ၁၁။ | ဒေါက်တာမောင်မောင်နိုင် | ၁၉ ဩဂုတ် ၂၀၂၂ | ၁ ဖေဖော်ဝါရီ ၂၀၂၃[၆] | ၁၆၆ ရက် |
| ၁၂။ | ဦးစစ်အေး | ၁ ဖေဖော်ဝါရီ ၂၀၂၃ | ၃ ဩဂုတ် ၂၀၂၃ | ၁၈၃ ရက် |
| ၁၃။ | ဦးအောင်သော် [၇] | ၃ ဩဂုတ် ၂၀၂၃ | ၃၁ ဇူလိုင် ၂၀၂၅ | ၁ နှစ်၊ ၃၆၂ ရက် |
| ၁၄။ | ဦးစိုးမင်းဦး | ၃၁ ဇူလိုင် ၂၀၂၅ | ၁၀ ဧပြီ ၂၀၂၆[၈] | ၂၅၃ ရက် |
| ၁၅။ | ဦးတင်မောင်ဝင်း | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၁၅၁ ရက် |
လက်ရှိ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ
[ပြင်ဆင်ရန်]ခေတ်ကာလအလိုက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။ [၉]
| စဉ် | အမည် | တာဝန် | စတင်ရက် | ပြီးဆုံးရက် | တာဝန်ထမ်းဆောင်မှုကာလ |
|---|---|---|---|---|---|
| ၁။ | ဦးတင်မောင်ဝင်း | ဥက္ကဋ္ဌ | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၁၅၁ ရက် |
| ၂။ | ဒေါ်ခင်မျိုးမြင့် | အဖွဲ့ဝင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၁၅၁ ရက် |
| ၃။ | ဦးစိုးတင့် | အဖွဲ့ဝင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၁၅၁ ရက် |
| ၄။ | ဒေါက်တာစုစုဒွေး | အဖွဲ့ဝင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၁၅၁ ရက် |
| ၅။ | ဦးထွန်းထွန်းဝင်း | အဖွဲ့ဝင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၁၅၁ ရက် |
| ၆။ | ဒေါ်ခင်ရွှေမြင့် | အဖွဲ့ဝင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၁၅၁ ရက် |
| ၇။ | ဒေါက်တာခင်ချစ်ချစ် | အဖွဲ့ဝင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၁၅၁ ရက် |
၂၀၂၁ ဖေဖော်ဝါရီ ၁ မှ ၂၀၂၅ ဇူလိုင် ၃၁ အထိ
[ပြင်ဆင်ရန်]- ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်တွင် ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို အောက်ပါအတိုင်း အသစ် ဖွဲ့စည်းလိုက်သည်။ [၁၀]
- ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဦးစစ်အေး၊ ဦးတင်ဦး၊ ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင် တို့ကို အဖွဲ့၏ အဖွဲ့ဝင် အဖြစ် ခန့်အပ်ခဲ့သည်။ [၁၁]
| စဉ် | အမည် | တာဝန် | တာဝန်ထမ်းဆောင်ခြင်း | ||
|---|---|---|---|---|---|
| စတင်ရက် | ပြီးဆုံးရက် | တာဝန်ထမ်းဆောင်မှုကာလ | |||
| ၁ | ဦးသန်းဆွေ | ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁၉ ဩဂုတ် ၂၀၂၂ | ၁ နှစ်၊ ၁၉၉ ရက် |
| ဒေါက်တာမောင်မောင်နိုင် | ၁၉ ဩဂုတ် ၂၀၂၂ | ၁ ဖေဖော်ဝါရီ ၂၀၂၃ | ၁၆၆ ရက် | ||
| ဦးစစ်အေး | ၁ ဖေဖော်ဝါရီ ၂၀၂၃ | ၃ ဩဂုတ် ၂၀၂၃ | ၁၈၃ ရက် | ||
| ဦးအောင်သော် | ၃ ဩဂုတ် ၂၀၂၃ | ၃၁ ဇူလိုင် ၂၀၂၅ | ၁ နှစ်၊ ၃၆၂ ရက် | ||
| ၂ | ဦးတင်ဦး | အဖွဲ့ဝင် | ၈ ဖေဖော်ဝါရီ ၂၀၂၁ | ၂၀ ဖေဖော်ဝါရီ ၂၀၂၁ | ၁၂ ရက် |
| ၃ | ဦးဆန်းမြင့် | အဖွဲ့ဝင် | ၈ ဖေဖော်ဝါရီ ၂၀၂၁ | ၃၁ ဇူလိုင် ၂၀၂၅ | ၄ နှစ်၊ ၁၇၃ ရက် |
| ၄ | ဒေါ်ခင်မျိုးမြင့် | အဖွဲ့ဝင် | ၈ ဖေဖော်ဝါရီ ၂၀၂၁ | ၃၁ ဇူလိုင် ၂၀၂၅ | ၄ နှစ်၊ ၁၇၃ ရက် |
| ၅ | ဦးရဲနိုင် | အဖွဲ့ဝင် | ၈ ဖေဖော်ဝါရီ ၂၀၂၁ | ၃၁ ဇူလိုင် ၂၀၂၅ | ၄ နှစ်၊ ၁၇၃ ရက် |
| ၆ | ဦးစိုးတင့် | အဖွဲ့ဝင် | ၆ ဧပြီ ၂၀၂၁ | ၃၁ ဇူလိုင် ၂၀၂၅ | ၄ နှစ်၊ ၁၁၆ ရက် |
| ၇ | သူရ ဦးဘိုနီ | အဖွဲ့ဝင် | ၅ ဩဂုတ် ၂၀၂၁ | ၃၁ ဇူလိုင် ၂၀၂၅ | ၃ နှစ်၊ ၃၆၀ ရက် |
| ၈ | ဦးသန်းဝင်း[၁၂] | အဖွဲ့ဝင် | ၁ ဖေဖော်ဝါရီ ၂၀၂၃ | ၃၁ ဇန်နဝါရီ ၂၀၂၄ | ၃၆၄ ရက် |
| ၉ | ဦးကျော်မျိုးထွဋ် [၁၃] | အဖွဲ့ဝင် | ၃၁ ဇန်နဝါရီ ၂၀၂၄ | ၃၁ ဇူလိုင် ၂၀၂၅ | ၁ နှစ်၊ ၁၈၁ ရက် |
၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ မှ ၂၀၂၆ ခုနှစ် ဧပြီ ၁၀ရက် အထိ
[ပြင်ဆင်ရန်]နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမိန့်အမှတ် ၇/၂၀၂၅ အားဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
| စဉ် | အမည် | ရာထူး | စတင်ရက် | ပြီးဆုံးရက် | တာဝန်ထမ်းဆောင်မှုကာလ |
|---|---|---|---|---|---|
| ၁ | ဦးစိုးမင်းဦး | ဥက္ကဋ္ဌ | ၃၁ ဇူလိုင် ၂၀၂၅ | ၁၀ ဧပြီ ၂၀၂၆ | ၂၅၃ ရက် |
| ၂ | ဦးဆန်းမြင့် | အဖွဲ့ဝင် | ၃၁ ဇူလိုင် ၂၀၂၅ | ၁၀ ဧပြီ ၂၀၂၆ | ၂၅၃ ရက် |
| ၃ | ဒေါ်ခင်မျိုးမြင့် | အဖွဲ့ဝင် | ၃၁ ဇူလိုင် ၂၀၂၅ | ၁၀ ဧပြီ ၂၀၂၆ | ၂၅၃ ရက် |
| ၄ | ဦးရဲနိုင် | အဖွဲ့ဝင် | ၃၁ ဇူလိုင် ၂၀၂၅ | ၁၀ ဧပြီ ၂၀၂၆ | ၂၅၃ ရက် |
| ၅ | ဦးစိုးတင့် | အဖွဲ့ဝင် | ၃၁ ဇူလိုင် ၂၀၂၅ | ၁၀ ဧပြီ ၂၀၂၆ | ၂၅၃ ရက် |
| ၆ | ဦးကျော်မျိုးထွဋ် | အဖွဲ့ဝင် | ၃၁ ဇူလိုင် ၂၀၂၅ | ၁၀ ဧပြီ ၂၀၂၆ | ၂၅၃ ရက် |
ပြည်ထောင်စုရာထူးဝန်အဖွဲ့အောက်ရှိ အဖွဲ့အစည်းများ
[ပြင်ဆင်ရန်]ပြည်ထောင်စုရာထူးဝန်အဖွဲ့အောက်ရှိ အဖွဲ့အစည်းများမှာ [၁၄]
- ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌရုံးအဖွဲ့
အကိုးအကား
[ပြင်ဆင်ရန်]- 1 2 အဖွဲ့အကြောင်း။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့။ 26 September 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၁ တွင် ပြန်စစ်ပြီး။
- ↑ နောက်ခံသမိုင်း။ ပြည်ထောင်စုရာထူးဝန်အဖွဲ့။ 26 September 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၁ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ( ၈ / ၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း။ CINCDS။ 5 August 2025 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 5 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 December 2018 တွင် ပြန်စစ်ပြီး။
- ↑ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၄၇ / ၂၀၂၂"။
- ↑ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၅၂ / ၂၀၂၂"။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆၅ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်) ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၃ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဥက္ကဋ္ဌ နှင့်ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ။ ပြည်ထောင်စုရာထူးဝန်အဖွဲ့။ 10 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ( ၈ / ၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်။ 27 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များခန့်အပ်တာဝန်ပေးခြင်း။ Ministry of Information။ 17 August 2025 တွင် ပြန်စစ်ပြီး။
- ↑ တာဝန်မှအနားယူခွင့်ပြုခြင်း။ MOI Myanmar (၃၁ ဇန်နဝါရီ ၂၀၂၄)။ ၁၀ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၃၁ ဇန်နဝါရီ ၂၀၂၄)။ ၁၀ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 28 December 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 December 2022 တွင် ပြန်စစ်ပြီး။
ပြင်ပအဆက်အသွယ်
[ပြင်ဆင်ရန်]- ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အင်တာနက်စာမျက်နှာ 26 September 2014 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .