သာသနာရေး ဝန်ကြီးဌာန
| အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
|---|---|
| ဖွဲ့စည်းခြင်း | ၁၉၄၇ |
| ဌာနချုပ် | နေပြည်တော် |
| ဆောင်ပုဒ် | ဗုဒ္ဓသာသနံစိရံတိဋ္ဌတု |
| ဌာနခွဲများ | သာသနာရေးဦးစီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် နိုင်ငံတော်သံဃမဟာနယကအဖွဲ့ |
| ဝက်ဘ်ဆိုက် | mora.gov.mm |
သာသနာရေးဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Religious Affairs) သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဝန်ကြီးဌာန ဖြစ်သည်။
လက်ရှိ ပြည်ထောင်စုဝန်ကြီးမှာ ဦးတင်ဦးလွင် ဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်လက်ထက်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပူးပေါင်းကာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ သမ္မတ ဦးမင်းအောင်လှိုင်အစိုးရလက်ထက်တွင် သီးခြားဝန်ကြီးဌာနတစ်ခုအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]သာသနာရေးဝန်ကြီးဌာနကို ၁၉၉၂ ခုနှစ်တွင် ဝန်ကြီးရုံး၊ သာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်တို့ဖြင့် ဖွဲ့စည်း၍ ဘာသာအသီးသီး၏ သာသနာရေး၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များနှင့် စီမံရေးရာဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိသည်။
"သာသနာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး" ကို ယခင်က အရာထမ်း ၁၆ ဦး၊ အမှုထမ်း ၁၉ ဦး၊ စုစုပေါင်း ၃၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၄-၂၀၁၅ခု၊ ဘဏ္ဍာရေးနှစ်တွင် အရာထမ်း ၅၀ ဦး၊ အမှုထမ်း ၁၁၅ ဦး၊ စုစုပေါင်း ၁၆၅ ဦးဖြင့် ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ အလားတူ "ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး"ကိုလည်း ၂၀၁၄-၂၀၁၅ခု၊ ဘဏ္ဍာရေး နှစ်မှစ၍ အရာထမ်း ၅၀ ဦး၊ အမှုထမ်း ၁၁၅ ဦး၊ စုစုပေါင်း ၁၆၅ ဦးဖြင့် ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး ၁-၄-၂၀၁၆ ရက်နေ့တွင် နိုင်ငံတော်အစိုးရသစ် ပေါ်ပေါက်လာခဲ့ပြီး ဝန်ကြီးဌာနများကို ပြင်ဆင် ဖွဲ့စည်းခဲ့သောကြောင့် သာသနာရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနတို့ အား "သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန" အဖြစ် တစ်ဌာနတည်း ပေါင်းစပ်ပြင်ဆင် ဖွဲ့စည်းခဲ့သည်။
သို့ဖြစ်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာလုပ်ငန်းတာဝန်များကို အချိန်နှင့်တပြေးညီ ထိရောက်စွာကြီးကြပ်ဆောင်ရွက် နိုင်ရေးတို့အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန "ဝန်ကြီးရုံး"ကို အရာထမ်း ၁၀၀ ဦး၊ အမှုထမ်း ၂၃၀ ဦး၊ စုစုပေါင်း ၃၃၀ ဦးတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ပြုပြင်ပြောင်းလဲမှုစတင်စဉ် သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို မူလက ဝန်ကြီးဌာနရုံး နှစ်ရုံး အတွင်းဝန်တစ်ယောက်စီဖြင့် ပြောင်းလဲအုပ်ချုပ်ခဲ့သောလည်း ယခုအခါဖွဲ့စည်းပုံသစ်အရ သာသနာရေးဝန်ကြီးဌာန၏ မူလဖွဲ့စည်းပုံကို ဝန်ကြီးရုံး၊ သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တို့တွင် အရာထမ်း ၇၂၀ နေရာ၊ အမှုထမ်း ၂၇၇၆ နေရာ၊ စုစုပေါင်း ၃၄၉၆ နေရာဖြင့် ဖွဲ့စည်းထားပြီးဖြစ်သည်။
သာသနာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး မူလဖွဲ့စည်းပုံကို အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ် စီမံခန့်ခွဲမှု ဌာနခွဲ၊ မူဝါဒနှင့်ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့်လုပ်ငန်းစစ်ဆေးရေးဌာနခွဲ၊ စီမံကိန်းနှင့်စာရင်းအင်း ဌာနခွဲ၊ ဝန်ကြီးဌာနတွင်းစာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ၊ ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေးဌာနခွဲနှင့် ဦးစီးရုံးတို့ဖြင့် ဖွဲ့စည်းထားပြီးဖြစ်သည်။
ယခင်သာသနာရေး ဝန်ကြီးဌာန၏ လက်အောက်ရှိ ဦးစီးဌာနများမှာ-
- သာသနာရေး ဦးစီးဌာန
- နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့
- သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန
- အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် တို့ဖြစ်သည်။
| ဝန်ကြီးဌာနအမည် | ||
|---|---|---|
| ၁။ | သာသနာရေးဝန်ကြီးဌာန | ၁၉၉၂-၂၀၁၆ |
| ၂။ | သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန | ၂၀၁၆-၂၀၂၆ |
| ၃။ | သာသနာရေးဝန်ကြီးဌာန | ၂၀၂၆ - ယနေ့အထိ |
ပြည်ထောင်စုဝန်ကြီးများ
[ပြင်ဆင်ရန်]| ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ | |||||||||
|---|---|---|---|---|---|---|---|---|---|
| စဉ် | ပုံ | အမည် | တာဝန်သက်တမ်း | ဒုတိယဝန်ကြီး | သမ္မတ | အစိုးရ | ရင်းမြစ် | ||
| ၁။ | သူရ ဦးမြင့်မောင် | ၃၀ မတ် ၂၀၁၁ | ၁၆ ဇန်နဝါရီ ၂၀၁၃ | ၁ နှစ်၊ ၂၉၂ ရက် | ဦးသိန်းစိန် | ဦးသိန်းစိန်အစိုးရ | |||
| ၂။ | ဦးဆန်းဆင့် | ၃၁ ဇန်နဝါရီ ၂၀၁၃ | ၁၉ ဇွန် ၂၀၁၄ | ၁ နှစ်၊ ၁၃၉ ရက် | |||||
| ၃။ | ဦးစိုးဝင်း | ၂၅ ဇွန် ၂၀၁၄ | ၃၀ မတ် ၂၀၁၆ | ၁ နှစ်၊ ၂၇၉ ရက် | |||||
| ၄။ | ဦးတင်ဦးလွင် | ဧပြီ ၂၀၂၆ | ယနေ့အထိ | မင်းအောင်လှိုင် | ဦးမင်းအောင်လှိုင်အစိုးရ | ||||