မာတိကာသို့ ခုန်သွားရန်

ချင်းပြည်နယ် လွှတ်တော်

ဝီကီပီးဒီးယား မှ
ချင်းပြည်နယ်လွှတ်တော်
Chin State Hluttaw
ဒုတိယအကြိမ် ချင်းပြည်နယ် လွှတ်တော်
အမျိုးအစား
အမျိုးအစား
သမိုင်းကြောင်း
တည်ထောင်ခြင်း၃၁ ဇန်နဝါရီ ၂၀၁၁; ၁၅ နှစ် အကြာက (၂၀၁၁-၀၁-31)
ခေါင်းဆောင်များ
ဥက္ကဋ္ဌ
ဦးဇိုဘွဲ၊ NLD
၈ ဖေဖော်ဝါရီ ၂၀၁၆ ကတည်းက
ဒုဥက္ကဋ္ဌ
ဦးအောင်သန်း၊ NLD
၈ ဖေဖော်ဝါရီ ၂၀၁၆ ကတည်းက
ဖွဲ့စည်းပုံ
အမတ်ဦးရေ၂၄ ဦး
ရွေးကောက်ခံ ၁၈ ဦး
တပ်မတော်သား ၆ ဦး
ချင်းပြည်နယ် လွှတ်တော် (၂၀၁၅)
နိုင်ငံရေး အုပ်စုများ
     အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၁၂)

     တပ်မတော် (၆)
     ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (၄)

     ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (၂)
ရွေးကောက်ပွဲများ
နောက်ဆုံး ရွေးကောက်ပွဲ
၈ နိုဝင်ဘာ ၂၀၁၅
ဆွေးနွေးရာနေရာ
ပြည်နယ်လွှတ်တော် ခန်းမ
ဟားခါးမြို့ချင်းပြည်နယ်

ချင်းပြည်နယ်လွှတ်တော် (အင်္ဂလိပ်: Chin State Hluttaw) သည် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ ဖွဲ့စည်းထားသော ချင်းပြည်နယ်၏ ဥပဒေပြုလွှတ်တော် တစ်ခုဖြစ်သည်။ ချင်းပြည်နယ်လွှတ်တော်တစ်ရပ်တည်းရှိသော လွှတ်တော်အမျိုးအစားဖြစ်ပြီး အမတ်ဦးရေ ၂၄ ဦး (ရွေးကောက်ခံ ၁၈ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၆ ဦး) ရှိသည်။[]

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် မြို့နယ်တစ်မြို့နယ်လျှင် နှစ်ဦးကျစီရွေးကောက် တင်မြှောက်ပြီး၊ ရွေးကောက်တင်မြှောက်သည့် လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည်။

၂၀၂၅ ခုနှစ်အထိ ချင်းပြည်နယ်တွင် မြို့နယ် (၉) ခုဖြင့် သတ်မှတ်ဖွဲ့စည်းထားသဖြင့် ရွေးကောက်ခံကိုယ်စားလှယ် ၁၈ ဦးရှိပြီး၊ လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသော တပ်မတော်သား ကိုယ်စားလှယ် ၆ ဦးလည်း ပါဝင်ပါသည်။

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ

[ပြင်ဆင်ရန်]
လွှတ်တော်သက်တမ်း သဘာပတိ ဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌ
၁။ ပထမအကြိမ် ချင်းပြည်နယ်လွှတ်တော်[] ဦးဟုန်းငိုင်း ဦးဟောက်ခင်ခမ်း ဦးအုန်းလွင်
၂။ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော[] ဆလိုင်းလျန်လွယ် ဦးဇိုဘွဲ (NLD) ဦးအောင်သန်း (NLD)

ရွေးကောက်ပွဲများ

[ပြင်ဆင်ရန်]

၂၀၁၀ ခုနှစ်

[ပြင်ဆင်ရန်]
ကိုယ်စားပြုပါတီ အမတ်နေရာ +/– %
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)Increase29.17%
ချင်းအမျိုးသားပါတီ (CNP)Increase20.83%
ချင်းတိုးတက်ရေးပါတီ (CPP)Increase20.83%
တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးပါတီ (ENDP)Increase4.17%
တပ်မတော်သား ကိုယ်စားလှယ်-25.00%

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လွှတ်တော်၏ အမတ်နေရာအများစုကို အနိုင်ရရှိခဲ့သည်။[][]

ကိုယ်စားပြုပါတီ အမတ်နေရာ +/– %
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၁၂Increase၁၂၅၀.၀၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)Decrease၁၆.၆၇
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ZCD)Increase၈.၃၃
ချင်းအမျိုးသားပါတီ (CNP)Decrease၀.၀၀
ချင်းတိုးတက်ရေးပါတီ (CPP)Decrease၀.၀၀
တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးပါတီ (ENDP)Decrease၀.၀၀
တပ်မတော်သား ကိုယ်စားလှယ်-၂၅.၀၀

အခြားကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Nixon၊ Hamish (September 2013)။ State and Region Governments in Myanmar (PDF)။ Myanmar Development Resource Institute။ p. 92။ 4 March 2016 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး28 November 2015 တွင် ပြန်စစ်ပြီး
  2. မြန်မာ့အလင်းသတင်းစာ ၁-၂-၂၀၁၁ Online Burma Library။ 13 August 2025 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့အလင်းသတင်းစာ ၉-၂-၂၀၁၆ Online Burma Library။ 16 August 2025 တွင် ပြန်စစ်ပြီး။
  4. Myanmar Times - Election Winners
  5. Myanmar Times - State/Region Hluttaw Results: Graphics 5 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 November 2015 တွင် ပြန်စစ်ပြီး။