လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန
Ministry of Electricity and Energy | |
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
---|---|
ဖွဲ့စည်းသည့်အချိန် | မတ် ၃၀၊ ၂၀၁၆ |
ယခင်အဖွဲ့အစည်း | လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန စွမ်းအင်ဝန်ကြီးဌာန |
ဖျက်သိမ်းခြင်း | ၂ မေ ၂၀၂၂ |
ဌာနချုပ် | ရုံးအမှတ် (၂၇)၊ နေပြည်တော် |
ဝက်ဘ်ဆိုက် | moee.gov.mm |
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Electricity and Energy) သည် ၂၀၁၆ခုနှစ်မှ ၂၀၂၂ခုနှစ်အထိ ဖွဲ့စည်းထားရှိခဲ့သော မြန်မာအစိုးရ ဝန်ကြီးဌာနဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၁၆ခုနှစ်တွင် အစိုးရအသစ် တက်လာချိန်၌ သမ္မတဦးထင်ကျော်က ဝန်ကြီးဌာန အရေအတွက်ကို လျှော့ချဖွဲ့စည်းခဲ့သည်။ ထို့နောက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့ကို ပူးပေါင်းကာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအဖြစ် ပြောင်း၍ ဖွဲ့စည်းခဲ့သည်။ ၂၀၂၂ခုနှစ် မေလတွင် နစက၏ အိမ်စောင့်အစိုးရမှ လျှပ်စစ်စွမ်းအားနှင့် စွမ်းအင် ဝန်ကြီးဌာနများအဖြစ် ပြန်လည်ခွဲထုတ်ခဲ့သည်။[၁]
အကြီးအကဲများ
[ပြင်ဆင်ရန်]ပြည်ထောင်စုအစိုးရသစ်စတင်ဖွဲ့စည်းချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အရေးပါသောဝန်ကြီးဌာန ၄ခု ကိုကိုင်တွယ်ခဲ့သည်။ ၎င်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူး စတင်ပြီးနောက် ပညာရေးနှင့် လျှပ်/စွမ်း ကို လွှဲပြောင်းပေးခဲ့ရာ ဦးဖေဇင်ထွန်းမှာ ဝန်ကြီးဖြစ်လာသည်။ ဦးဖေဇင်ထွန်း အနားယူပြီးနောက် ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်မှ ပူးတွဲတာဝန်ယူခဲ့သည်။၂၀၁၈ခုနှစ် ဇန်နဝါရီတွင် ဆောက်လုပ်ရေးကိုမကိုင်တွယ်တော့ဘဲ လျှပ်စစ်စွမ်းအင်ကိုသာ ကိုင်တွယ်ခဲ့သည်။[၂][၃]
ပြည်ထောင်စုဝန်ကြီးများစာရင်း (၂၀၁၁ - လက်ရှိ)
[ပြင်ဆင်ရန်]စဉ် | အမည် | တာဝန်စတင် | တာဝန်ပြီးဆုံး | ရက်ပေါင်း | သမ္မတ |
---|---|---|---|---|---|
၁ | ဒေါ်အောင်ဆန်းစုကြည် | ၃၀ မတ် ၂၀၁၁၆ | ၅ ဧပြီ ၂၀၁၆ | ၆
|
ဦးထင်ကျော် |
၂ | ဦးဖေဇင်ထွန်း | ၇ ဧပြီ ၂၀၁၆ | ၁ ဩဂုတ် ၂၀၁၇ | ၄၈၁
| |
၃ | ဦးဝင်းခိုင် | ၂ ဩဂုတ် ၂၀၁၇ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁၂၇၉
|
|
၄ | ဦးအောင်သန်းဦး | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၂ မေ ၂၀၂၂[၄] | ၄၅၅
|
ဦးမြင့်ဆွေ (ယာယီ) |
ဒုတိယဝန်ကြီးများစာရင်း
[ပြင်ဆင်ရန်]စဉ် | အမည် | တာဝန်စတင် | တာဝန်ပြီးဆုံး | ရက်ပေါင်း | ဝန်ကြီး |
---|---|---|---|---|---|
၁ | ဒေါက်တာထွန်းနိုင် | ၁၂ စက်တင်ဘာ ၂၀၁၆ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁၆၀၃
|
|
၂ | ဦးခင်မောင်ဝင်း | ၂၀၁၉ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ဦးဝင်းခိုင် | |
၃ | ဦးသန့်စင် | လက်ရှိ | ဦးအောင်သန်းဦး |
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]- ဝန်ကြီးရုံး
- လျှပ်စစ်စွမ်းအားစီမံရေး ဦးစီးဌာန
- ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေး ဦးစီးဌာန
- လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေး ဦးစီးဌာန
- ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန
- လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း
- လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း
- မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း
- မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်း
- မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း
- ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း
- မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း
ကိုးကား
[ပြင်ဆင်ရန်]- ↑ "ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း"။
- ↑ "ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း"၊ နိုင်ငံတော်သမ္မတရုံး။[လင့်ခ်သေ]
- ↑ "ပြည်ထောင်စုအစိုးရအဖွဲ့"၊ နိုင်ငံတော်သမ္မတရုံး။ Archived from the original on 3 June 2021။
- ↑ "ပြည်ထောင်စုဝန်ကြီးတာဝန်မှ အနားယူခွင့်ပြုခြင်း"။
ဤ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |