ဒိန်ချဉ်
အညွှန်းသို့ ခုန်ကူးရန်
ရှာဖွေရန် ခုန်ကူးမည်
ဒိန်ချဉ် (အင်္ဂလိပ်: Yogurt) ဆိုသည်မှာ နို့ကို ဘက်တီးရီးယား ပိုးမွှားကောင်လေးများဖြင့် အချဉ်ဖောက်ထားသော အရည် (သို့) စေးပြစ်တမျိုးဖြစ်သည်။
ပြုလုပ်ခြင်း[ပြင်ဆင်ရန်]
နွားနို့ကို အများဆုံးသုံးသော်လည်း အခြားတိရစ္ဆာန် ကျွဲ၊ ဆိတ်၊ သိုး၊ နွားနောက်စသည်တို့၏ နို့ကိုလည်း သုံး၍ ပြုလုပ်သည်။ သုံးသည့်နို့ပေါ်မူတည်၍ အရသာကွာသည်။ ကျွဲနို့ဖြင့်ပြုလုပ်ပါက ပို၍ခဲ လွယ်သည်။
နွားနို့ထဲသို့ ဘက်တီရီယားပိုးမွှားကောင်လေးများ (ဒိန်ချဉ် အနည်းငယ် )နှင့် သကြားကိုထည့်ကာ အချဉ်ဖောက်သည်။ အပူချိန် ၄၅°C ခန့်တွင် ၈ နာရီခန့် ထားရသည်။