ခေတ်သစ်ပြည်သူ့ပါတီ
| ခေတ်သစ်ပြည်သူ့ပါတီ | |
|---|---|
| အင်္ဂလိပ် အမည် | Modern People Party |
| ဥက္ကဋ္ဌ | ဦးထွန်းအောင်ကျော် |
| ဌာနချုပ် | ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး |
| မှတ်ပုံတင်အမှတ် | ၄၁ |
| မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ | |
ခေတ်သစ်ပြည်သူ့ပါတီ (အင်္ဂလိပ်: Modern People Party)သည် ၂၀၁၀ ခုနှစ်တွင် စတင်ပေါ်ပေါက်လာသော ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။ ပါတီဥက္ကဋ္ဌမှာ ဦးထွန်းအောင်ကျော် ဖြစ်သည်။
ပါတီမှတ်ပုံတင်ခြင်း
[ပြင်ဆင်ရန်]အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၄၁) ဖြင့် ခွင့်ပြုခဲ့သည်။[၁]
အခန်း(၁၀၁)၊ တိုက်(၁၀၀/၁၀၁)၊ အောင်သုခလမ်း၊ (၅)ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ပါတီရုံးချုပ် ဖွင့်ထားသည်။ [၂]
ရွေးကောက်ပွဲဝင်ပြိုင်မှု
[ပြင်ဆင်ရန်]၂၀၁၅
[ပြင်ဆင်ရန်]ခေတ်သစ်ပြည်သူ့ပါတီသည် ၂၀၁၅ ခုနှစ်၊ အထွထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် (၂) နေရာ၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်တွင် (၂) နေရာ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် (၅) နေရာ ဝင်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ မရရှိခဲ့ပေ။ [၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ခေတ်သစ်ပြည်သူ့ပါတီ (Modern People Party) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ 22 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဝင်းတင့်ထွန်း၊ ဗမာပြည်နိုင်ငံရေးပါတီအဖွဲ့အစည်းအသင်းအပင်းများအညွှန်း၊ စာမျက်နှာ (၃၅၁)
- ↑ ခေတ်သစ်ပြည်သူ့ပါတီ။ MERIN။ 22 August 2025 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]