မာတိကာသို့ ခုန်သွားရန်

မယ်ဇလီဖူးသုပ်

ဝီကီပီးဒီးယား မှ
မဲဇလီဖူးသုပ်
အခြားအမည်များCassia flower bud salad
အမျိုးအစားအသုပ်
မူရင်းနိုင်ငံမြန်မာနိုင်ငံ
ဒေသအရှေ့တောင်အာရှ
ဆက်နွယ်သောအမျိုးသားအစားအစာမြန်မာ
အဓိက ပါဝင်ပစ္စည်းမဲဇလီအဖူးများ
Cookbook:   Media: မဲဇလီဖူးသုပ်

မဲဇလီဖူးသုပ် သည် ရှေးရိုးအစဉ်အလာအရ တန်ဆောင်မုန်းလပြည့်နေ့တွင် မြန်မာတို့ ဆေးဝါးအဖြစ် မိသားစုဝင်များအားလုံးစားသုံးရန် သို့မဟုတ် ပတ်ဝန်းကျင် အိမ်နီးချင်းများအား အလှူပေးရန်အတွက် စားသုံးကြသည့် ရိုးရာအသုပ်တစ်ခုဖြစ်သည်။[]

ယင်းအသုပ်တွင် ပါဝင်သော အဓိကပစ္စည်းများမှာ လတ်လတ်ဆတ်ဆတ် ဆွတ်ခူးထားသည့် မဲဇလီဖူး၊ အားလူးပြုတ်၊ ကြက်သွန်နီ၊ နှမ်းစေ့၊ ကြက်သွန်ဖြူ တို့ ပါဝင်ပြီး ဟင်းခတ်အမွှေးအကြိုင်အနေဖြင့် ဆား၊ ဆီ၊ နှမ်းဆီ နှင့် သံပရာရည်တို့အား အသုံးပြုသည်။[] တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း မြန်မာလူမျိုးများအနေဖြင့် မဲဇလီဖူးကို ပြုတ်၍ သုပ်စားခြင်း၊ ဟင်းချက်၍စားခြင်း စသည်ဖြင့် ပြုလုပ်စားသောက်လေ့ရှိကြသည်။ နက္ခတ်၊ ကြယ်တာရာစုံညီစွာ ပေါ်ထွန်းသောကြောင့် ထိုမဲဇလီဖူးတွင် အနာရောဂါများပျောက်ကင်းနိုင်သည့် အစွမ်းသတ္တိရှိသည်ဟု ယုံကြည်ကြလေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. People enjoy charity food on fullmoon day of Tazaungmone in Mandalay 27 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 November 2020 တွင် ပြန်စစ်ပြီး။
  2. "The merry, marry months start in Myanmar" (in en)၊ The Myanmar Times 30 November 2020 တွင် ပြန်စစ်ပြီး Archived from the original on 12 November 2020။
  3. Mezali bud salad 16 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 November 2020 တွင် ပြန်စစ်ပြီး။