လွိုင်မွေ သဘာဝထိန်းသိမ်းရေးနယ်မြေ
လွိုင်မွေ သဘာဝထိန်းသိမ်းရေးနယ်မြေသည် ၁၉၉၆ ခုနှစ်ပတ်ဝန်းကျင်က ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ လွိုင်မွေသည် ကိုလိုနီခေတ်က ဗြိတိသျှအစိုးရအရာရှိများ နွေရာသီအပန်းဖြေနိုင်ရန် ရည်ရွယ်၍ တောင်စခန်းမြို့အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကိုလိုနီခေတ်လက်ရာ အဆောက်အအုံများရှိပြီး ယခုအခါ အသစ်တဖန် ပြန်လည်မွမ်းမံထားသည်။ တောင်ပေါ်ရှုခင်းများ ကြည့်ရှုရန်ကောင်းမွန်ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေ ပတ်ဝန်းကျင်တွင် အင်း၊ဝ၊ပလောင်လူမျိုးများ နေထိုင်ကြရာ ထိုလူမျိုးများ၏ လူနေမှုဘဝစရိုက်များကိုလည်း လေ့လာနိုင်သည်။
တည်နေရာ
[ပြင်ဆင်ရန်]မြောက်လတ္တီတွဒ်၂၁°၁၂'၊ အရှေ့လောင်ဂျီတွဒ် ၉၉°၄၆'၊ ကျိုင်းတုံမြို့နယ်၊ရှမ်းပြည်နယ်တွင် တည်ရှိသည်။ ၁၉၉၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး၊ အကျယ်အဝန်း ၄၂.၈၄ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။
သဘာဝအရင်းအမြစ်များ
[ပြင်ဆင်ရန်]ခြောက်သွေ့တောင်ပေါ်တောအမျိုးအစား ဖြစ်ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေ၏ ၈၀ ရာခိုင်နှုန်းကို ဖုံးလွှမ်းထားပြီး ကျန် ၂၀ ရာခိုင်နှုန်းမှာ တောင်ပေါ်ထင်းရှူးတော အမျိုးအစား ဖြစ်သည်။
ခြိမ်းခြောက်အန္တရာယ်များ
[ပြင်ဆင်ရန်]သဘာဝထိန်းသိမ်းရေးနယ်မြေ ဝန်းကျင်တွင် လူဦးရေအများကြီး မဟုတ်သည်တိုင်အောင် ရွေ့ပြောင်းတောင်ယာများနှင့် လှေကားထစ်စိုက်ခင်းများ တိုးလာခြင်းသည် သဘာဝထိန်းသိမ်းရေးနယ်မြေအတွက် ပို၍ အန္တရာယ်ရှိလာနေသည်။ နောက်ထပ် အရေးကြီးသော အန္တရာယ်တစ်ခုမှာ စစ်တမ်းများအရ သစ်ထုတ်လုပ်မှုတိုးလားခြင်းဖြစ်သည်။
ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ
[ပြင်ဆင်ရန်]ခရီးသွားလာရေးလုပ်ငန်းများ
[ပြင်ဆင်ရန်]ကျိုင်းတုံမြို့မှတဆင့် သွားလာနိုင်ပြီး ခွင်ပြုမိန့်တောင်းယူပြီး အနီးအနားတောင်များသို့လည်း လှည့်ပတ်ခါ ဒေသခံများနှင့် တွေ့ဆုံနိုင်ပြီး ဒေသထွက် လက်မှုပစ္စည်းများကိုလည်း ဝယ်ယူနိုင်သည်။ ညအိပ်ကိုတော့ ကျိုင်းတုံမြို့တွင်သာ ခွင့်ပြုပြီး မြို့ထဲတွင် တည်းခိုစရာကောင်းသော ဟိုတယ်များရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန [၁] Archived 23 October 2014 at the Wayback Machine.
- Report: Myanmar Protected Area (2011)