မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်

ဝီကီပီးဒီးယား မှ
မြန်မာနိုင်ငံ ၏ ဝန်ကြီးချုပ်
ပုံစံH.E
ယခင်လူနန်းရင်းဝန်
ဖွဲ့စည်းခြင်း
  • ၄ ဇန်နဝါရီ ၁၉၄၈ (၁၉၄၇ အခြေခံဥပဒေအရ)
  • ၁ ဩဂုတ် ၂၀၂၁ (ဒုတိယအကြိမ်)
ပထမဆုံး ထမ်းဆောင်သူဦးနု
ဖျက်သိမ်းခြင်း
  • ၃၀ မတ် ၂၀၁၁ (၂၀၀၈ အခြေခံဥပဒေအရ)
  • ၁၀ ဧပြီ ၂၀၂၆ (ဒုတိယအကြိမ်ဖျက်သိမ်း)
လက်ထောက် ဒုတိယဝန်ကြီးချုပ်

မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်သည် မြန်မာအစိုးရများ၏ အစိုးရအဖွဲ့ခေါင်းဆောင်များဖြစ်ကြသည်။ လွတ်လပ်ရေးရပြီး ပထမဆုံးဝန်ကြီးချုပ်မှာ ဦး​နုဖြစ်သည်။ ၂၀၂၁ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားသည့် ၆လပြည့်မြောက်သည့်နေ့တွင် အာဏာသိမ်းစစ်ကောင်စီ မှ အိမ်စောင့်အစိုးရကို ဖွဲ့စည်းကာ ကောင်စီဥက္ကဋ္ဌ မှာ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့သည်။ ယင်းနောက် ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ ထံသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အာဏာပြန်လွှဲအပ်ခဲ့ပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်သည် ဦးညိုစော ဖြစ်လာခဲ့သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

လွတ်လပ်ရေးမရမီခေတ်က ဘုရင်ခံအမှုဆောင်ကောင်စီတွင် မြန်မာလူမျိုး ဝန်ကြီးချုပ်များရှိခဲ့ဖူးသည်။[]နိုင်ငံတော်ဝန်ကြီးချုပ်နေရာအား ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှ စ၍ ဖန်တီးခဲ့သည်။ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် အဆောင်အယောင်ရာထူးဖြစ်ကာ နိုင်ငံတော်ခေါင်းဆောင်ဖြစ်သည်။ ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ကို ကြီးမှူးသော အစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်သည်။

၁၉၅၅ခုနှစ်တွင် အစ္စရေးနိုင်ငံဝန်ကြီးချုပ်နှင့်အတူတွေ့ရသော ပထမဆုံးဝန်ကြီးချုပ် ဦးနု

၁၉၅၈ခုနှစ် အိမ်စောင့်အစိုးရကာလတွင် ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်နေဝင်းမှ ဝန်ကြီးချုပ်ဖြစ်ခဲ့သည်။

အိမ်စောင့်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် အစ္စရေးနိုင်ငံဝန်ကြီးချုပ်တို့ ၁၉၅၉ခုနှစ်တွင်တွေ့ဆုံစဉ်

ရွေးကောက်ခံအစိုးရအား အာဏာပြန်လွှဲပြီးချိန်တွင် ဦးနုမှာ ဝန်ကြီးချုပ် ပြန်ဖြစ်လာသည်။ သို့သော် ၁၉၆၂ခုနှစ် နိုင်ငံတော်အာဏာသိမ်းမှုအပြီး ဗိုလ်ချုပ်ကြီးနေဝင်းမှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။၁၉၇၄ခုနှစ် အခြေခံဥပဒေကို အသက်သွင်းပြီးနောက် ဗိုလ်ချုပ်ကြီးနေဝင်းမှာ သမ္မတဖြစ်သွားပြီး ဦးစိန်ဝင်းမှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ထို့နောက် ၁၉၈၈အာဏာသိမ်းမှုအပြီးတွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်က ဝန်ကြီးချုပ်ဖြစ်လာသည်။ ထို့နောက် တပ်မတော်မှ စစ်အရာရှိများ ဆက်တိုက် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ တပ်မတော်၏ အုပ်ချုပ်မှုအောက်တွင် ကာလကြာရှည် နေခဲ့ရသဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်များမှာ တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိများ (သို့မဟုတ်) အငြိမ်းစား တပ်မတော်အရာရှိများ အများဆုံးဖြစ်သည်။ ရွေးကောက်ခံ နိုင်ငံရေးသမားများ နည်းပါးခဲ့ရသည်။

၂၀၀၄ခုနှစ်က ဗီယက်နမ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်
၂၀၀၅ခုနှစ်တွင် အာဆီယံ-အိန္ဒိယ အစည်းအဝေးသို့ တက်ရောက်နေသော ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း

နောက်ဆုံးဝန်ကြီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ၂၀၁၀ရွေးကောက်ပွဲနီးကပ်လာချိန်တွင် တပ်မတော်မှ အငြိမ်းစားယူကာ ဝန်ကြီးချုပ် ဦးသိန်းစိန်ဖြစ်လာခဲ့သည်။၂၀၀၈ခုနှစ် အခြေခံဥပဒေအသစ်အရ ၂၀၁၁ခုနှစ်တွင် ဝန်ကြီးချုပ်ရာထူးကို ဖျက်သိမ်းကာ နိုင်ငံတော်ခေါင်းဆောင်နှင့် အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ် သမ္မတရာထူးဖြင့် ထားရှိခဲ့သည်။

၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့မှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အိမ်စောင့်အစိုးရဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ကောင်စီဥက္ကဋ္ဌမှာ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ဒုတိယဥက္ကဋ္ဌမှာ ဒုတိယဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။[][]

၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ ထံသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အာဏာပြန်လွှဲအပ်ခဲ့ပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ဦးညိုစော ဖြစ်လာခဲ့သည်။

၂၀၂၅ အထွေထွေရွေးကောက်ပွဲအပြီး ၂၀၂၆ခုနှစ် ဧပြီလ (၁၀)ရက်နေ့တွင် အစိုးရအသစ်က်လာပြီးနောက် ဝန်ကြီးချုပ်ရာထူးကို ပြန်လည်ဖျက်သိမ်းခဲ့သည်။

အခြား ဝန်ကြီးချုပ်များ

[ပြင်ဆင်ရန်]

၂၀၁၆ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အာဏာရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူး ဖန်တီးပေးနိုင်ခဲ့သည်။ ထိုရာထူး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များသည် ဝန်ကြီးချုပ်နှင့် အလားသဏ္ဌာန်တူညီသည်။[]

အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက်လေ့ရှိသည့် အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်နေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

အခြား စင်ပြိုင်အနေဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ၏ ဝန်ကြီးချုပ်အဖြစ် ဦးစိန်ဝင်း[]အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မန်းဝင်းခိုင်သန်းတို့ကို ဝန်ကြီးချုပ်အဖြစ် စင်ပြိုင်ခန့်အပ်ထားခြင်းများလည်း ရှိသည်။[]

ဝန်ကြီးချုပ်များစာရင်း

[ပြင်ဆင်ရန်]

ဆက်စပ်ကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. "On The Day the Prime Minister of British Burma was Hanged"။
  2. "စစ်ကောင်စီက အိမ်စောင့်အစိုးရ ဖွဲ့"။
  3. "Myanmar forms caretaker government: State Administration Council" 1 August 2021 တွင် ပြန်စစ်ပြီး Archived from the original on 19 February 2023။
  4. Myanmar parliament approves Aung San Suu Kyi 'PM-like' role 10 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 July 2021 တွင် ပြန်စစ်ပြီး။
  5. NCGUB ဝန်ကြီးချုပ်၏ နိုင်ငံရေးသုံးသပ်ချက်
  6. ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း 14 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 June 2021 တွင် ပြန်စစ်ပြီး။