မာတိကာသို့ ခုန်သွားရန်

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်

ဝီကီပီးဒီးယား မှ
ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်
အင်္ဂလိပ် အမည်Arakan League for Democracy
ခေါင်းဆောင်အေးသာအောင်
တည်ထောင်ခြင်း၂၇ စက်တင်ဘာ ၁၉၈၉
ဖျက်သိမ်းခြင်း၁၃ ဇန်နဝါရီ ၂၀၁၄[၁]
ဌာနချုပ်၃၇၃ အောက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့
ရွေးကောက်ပွဲသင်္ကေတ
ဖိုင်:Ald-logo-lamp.jpg
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (အင်္ဂလိပ်: Arakan League for Democracy; အတိုကောက် ALD) သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။ ပါတီကို ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၈၉ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ၌ မှတ်ပုံတင်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ မဲများစွာရရှိခဲ့ပြီး[၂] အမတ်နေရာ ၁၁ နေရာ အနိုင်ရရှိခဲ့သည်။[၃]

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီ လက်ထက်တွင် ပါတီဖျက်သိမ်းခဲ့သည်။

၂၀၁၂ ခုနှစ် ဧပြီ ၆ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့သည်။[၄]

၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် တို့သည် ရခိုင်အမျိုးသားပါတီ အမည်ဖြင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။[၅] ၂၀၁၃ မေလမှ စတင်ခဲ့သည့် ပါတီနှစ်ခု ပေါင်းစည်းရေးသည် ရှစ်လကျော်ကြာမြင့်ခဲ့ပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။[၆][၇][၈][၉][၁၀]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ "Arakanese Political Parties Merge to Form ANP"။ 3 February 2014 တွင် ပြန်စစ်ပြီး။
  2. ↑ Authorities threaten to abolish Arakanese party 2 June 2013 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . Narinjara.com, 28 November 2012
  3. ↑ Arakan League for Democracy Re-Registers as Political Party[လင့်ခ်သေ] Narinjara.com, 30 April 2012
  4. ↑ ALD Allowed to Re-Establish as Political Party 1 June 2012 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . Narinjara.com, 11 April 2012
  5. ↑ Naw Say Phaw Waa။ "Rakhine parties formalise merger"၊ 21 June 2013။ 22 June 2013 တွင် ပြန်စစ်ပြီး။
  6. ↑ Arakanese Political Parties Merge to Form ANP။ The Irrawaddy (14 January 2014)။ 3 February 2014 တွင် ပြန်စစ်ပြီး။
  7. ↑ Arakan National Party receives official recognition။ Bnionline.net (2014-03-19)။ 2014-04-14 တွင် ပြန်စစ်ပြီး။
  8. ↑ Mya၊ Nang (2013-10-08)။ Newly formed Rakhine National Party appoints leadership | DVB Multimedia Group။ Dvb.no။ 25 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-04-14 တွင် ပြန်စစ်ပြီး။
  9. ↑ Arakan alliance | DVB Multimedia Group။ Dvb.no (2014-03-09)။ 15 April 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-04-14 တွင် ပြန်စစ်ပြီး။
  10. ↑ Sittwe to host Arakan National Party’s important meeting။ Bnionline.net (2014-03-24)။ 2014-04-14 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]