ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ
| ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ | |
|---|---|
| အင်္ဂလိပ် အမည် | Shan-ni Solidarity Party |
| ဥက္ကဋ္ဌ | ဦးအောင်ခင်း[၁] |
| အတွင်းရေးမှူး | ဦးစိုင်းနိုင်နိုင်ကျော်[၂] |
| တည်ထောင်ခြင်း | ၂၀ မေ ၂၀၁၅ |
| ခွဲထွက် | တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ |
| ဌာနချုပ် | အမှတ်(ဓ-၁/၇၀-ခ)၊ ကံကော်လမ်း၊ ၄၀×၄၁နှင့် ၆၇×၆၈လမ်းကြား၊ မဟာမြိုင်(၁)ရပ်ကွက်၊မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး |
| အဖွဲ့ဝင် | ၃,၅၀၀ ကျော်[၃] |
| မှတ်ပုံတင်အမှတ် | ၈ |
| အမျိုးသားလွှတ်တော် အမတ်နေရာ | ၀ / ၂၂၄
|
| ပြည်သူ့လွှတ်တော် အမတ်နေရာ | ၀ / ၄၄၀
|
| ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ | ၀ / ၈၈၀
|
| ပါတီအလံ | |
| ဖိုင်:Shanni Solidarity Party Logo.png | |
| မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ | |
ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (အင်္ဂလိပ်: Shan-ni Solidarity Party; အတိုကောက် SSP) သည် ၂၀၁၅ ခုနှစ်တွင် တရားဝင်ပေါ်ပေါက်လာသော ရှမ်းနီလူမျိုးအခြေပြု နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[၄] ပါတီဥက္ကဋ္ဌသည် ဦးအောင်ခင်း ဖြစ်သည်။
ပါတီ၏ နိုင်ငံရေးသဘောတရားမှာ ရှမ်းနီလူမျိုးများ၏ အခွင့်အရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်သည်။ ပါတီမူဝါဒမှာ ဒီမိုကရေစီနည်းအရ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး၊ တိုင်းရင်းသားမျိုးနွယ်စုများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်စေရေး တို့ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၁၂ ခုနှစ်တွင် တည်ထောင်ခဲ့သည့် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီတွင် သဘောထားကွဲလွဲမှုများရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ရှမ်းနီ (တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ အမည်ဖြင့် ပါတီအသစ်တည်ထောင်ရန် ပြန်လည်လျှောက်ထားခဲ့ပြီး ၂၀၁၅ ခုနှစ် မေလတွင် ပါတီအသစ်မှတ်ပုံတင် ရရှိခဲ့သည်။[၃]
၂၀၁၉ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ အဖြစ် အမည်ပြောင်းလဲခဲ့သည်။[၅]
ပါတီမှတ်ပုံတင်ခြင်း
[ပြင်ဆင်ရန်]၂၀၂၃
[ပြင်ဆင်ရန်]အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် စကစ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၈) ဖြင့် ခွင့်ပြုခဲ့သည်။[၆]
ရွေးကောက်ပွဲ ဝင်ပြိုင်မှုများ
[ပြင်ဆင်ရန်]၂၀၂၀
[ပြင်ဆင်ရန်]ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ခန္တီးမြို့နယ်နှင့် ကချင်ပြည်နယ်တွင် မိုးညှင်းမြို့နယ်တို့မှ စုစုပေါင်း ကိုယ်စားလှယ်(၁၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[၇]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "ပါတီမိတ်ဆက် (ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ-S.S.P)" (25 စက်တင်ဘာ ၂၀၂၀). Voice of Myanmar.
- ↑ "ရှမ်းနီ (တိုင်လျန်) သွေးစည်းညီညွတ်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်တို့ကို ဟောပြောတင်ပြ" (7 အောက်တိုဘာ ၂၀၂၀). Myanmar Digital News.
- 1 2 "ရှမ်းနီ (တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ" (၁၈ ဇူလိုင် ၂၀၁၅). ၇ ရက်သတင်းဂျာနယ် (၇၉၈). Retrieved on ၃၀ မတ် ၂၀၁၇.
- ↑ ရှမ်းနီ (တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်။ 17 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၀ မတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။
- ↑ ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီကို ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ [Shan-ni Solidarity Party(SSP) အမည်သို့ ပြောင်းလဲခွင့်ပြုခြင်း]။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (၂၇ မေ ၂၀၁၉)။ 4 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
- ↑ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ(Shan-Ni Solidarity Party (S.S.P)ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု။ Myanmar Digital News။ 2025-7-28 တွင် ပြန်စစ်ပြီး။
- ↑ ရှမ်းနီ (တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (ကျားမင်းပါတီ) ၏ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ။ BNI Media Group။ ၂၅ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
| ဤ မြန်မာ့နိုင်ငံရေးပါတီအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |