မော့စကော့ကျွန်းများ
မော့စကော့ကျွန်းများ | |
---|---|
ကျွန်းစု | |
ထားဝယ်မြစ်ဝ။ တောင်မော့စကော့ကျွန်းကို အပေါ်ဘယ်ဖက်တွင် တွေ့နိုင်သည်။ဓာတ်ပုံ နာဆာ | |
ကိုဩဒိနိတ်: 14°7′N 97°48′E / 14.117°N 97.800°E | |
နိုင်ငံ | မြန်မာနိုင်ငံ |
တိုင်းဒေသကြီး | တနင်္သာရီ |
ဧရိယာ | |
• စုစုပေါင်း | ၄၉.၁၉ စတုရန်းကီလိုမီတာ (၁၈.၉၉ စတုရန်းမိုင်) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၃၅၂ မီတာ (၁၁၅၅ ပေ) |
လူဦးရေ | |
• စုစုပေါင်း | ၀ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
မော့စကော့ကျွန်းများ သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး မြောက်ပိုင်းကမ်းရိုးတန်း၏ လက်ယာဘက် ကပ္ပလီပင်လယ်ပြင်တွင် တည်ရှိသည့် ကျွန်းတစ်ခု ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ တောင်ဘက်ပိုင်းတွင် တည်ရှိသည်။ ကျွန်းသို့ ခရီးသွားများ သွားလာခြင်းကို ခွင့်မပြုပေ။
ပထဝီသွင်ပြင်
[ပြင်ဆင်ရန်]ကျွန်း၏ အရှည်သည် ၇၀ ကီလိုမီတာရှည်သည်။ ကျွန်းတစ်ခုလုံး၏ ခြေသွေ့နေရာဒေသသည် ၄၁.၁၉ စတုရန်းကီလိုမီတာ ရှိသည်။[၁]
ကျွန်းတွင် လူအခြေချနေထိုင်မှု မရှိပေ။ သို့သော် ကျွန်းအနီးရှိ ကမ်းရိုးတန်းများမှ ငါးဖမ်းသမားများမှာမူ ခြောက်သွေ့ရာသီ၌ ကျွန်းတွင် ယာယီအလို့ငှါ နေထိုင်ကြသည်များ ရှိသည်။ ပုံမှန်အားဖြင့် ထိုငါးဖမ်းသမားများသည် ငါးဖမ်းရန်အတွက်ဖြစ်သော်လည်း သစ်များ ခုတ်လှဲခြင်း၊ ပင်လယ်လိပ်ဥများ၊ ငှက်သိုက်များ (Swiftlet nests) ရယူခြင်းနှင့် သစ်တောထွက်ပစ္စည်းများရယူခြင်းများ လုပ်ဆောင်ကြသည်။[၂]
ဂေဟဗေဒ
[ပြင်ဆင်ရန်]ပုံမှန်အားဖြင့် ကျွန်းများအားလုံးသည် သစ်တောများထူထပ်ကြကာ ကျောက်ဆောင်များက နက်ရှိုင်းစွာ တည်ရှိသည်။ ကျွန်းများ၏ ကမ်းခြေသည် ပင်လယ်လိပ်မျိုးစုံ၏ ဥ ဥရာ ဒေသလည်းဖြစ်သည်။ ကိုလိုနီခေတ် ၁၉၂၄ ခုနှစ်တွင် ကျွန်းစုတစ်ခုလုံးအား ထိန်းသိမ်းရေးနယ်မြေအဖြစ် ကြေညာခဲ့ပြီး ၁၉၂၇ ခုနှစ်တွင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အဖြစ် သတ်မှတ်ခဲ့သည်။
လက်ရှိတွင် ကျွန်းစုတစ်ခုလုံးအား မော့စ်ကော့ကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အဖြစ် သတ်မှတ်ထားသည်။ လိပ်ဥနှင့် ငှက်သိုက်များ စုဆောင်းခြင်းကို အကန့်အသတ်ဖြင့် ခွင့်ပြုထားသည်။[၃][၄]
ကျွန်းများ
[ပြင်ဆင်ရန်]မော့စ်ကော့ကျွန်းစုတွင် အဓိက ကျွန်းအုပ်စုလေးခု ပါဝင်သည်။
- မြောက်မော့စ်ကော့
- ဟိန်းဇံကျွန်းစု 14°24′N 97°46′E / 14.400°N 97.767°E - ဟိန်းဇံမြစ်ဝ၏ ၂၅ ကီလိုမီတာအကွာတွင် တည်ရှိပြီး ကျွန်းငယ်လေးခု ပါဝင်သော ကျွန်းအုပ်စုဖြစ်သည်။ ဟိန်းဇံဘုတ်ကျွန်းမှာ အကြီးဆုံးဖြစ်ကာ ၃.၂ ကီလိုမီတာ ရှည်လျားပြီး ၁.၄ ကီလိုမီတာ အကျယ်အဝန်းရှိကာ အမြင့်ဆုံးမှတ်မှာ ၃၁၂ မီတာ ဖြစ်သည်။
- ဘုတ်ရဲဂံကျွန်းစု 14°18′N 97°47′E / 14.300°N 97.783°E - ဘုတ်ရဲဂံကျွန်းသည် ဝိုင်းဝန်းသော သဏ္ဌာန်ရှိပြီး ၂ ကီလိုမီတာ အချင်းရှိကာ အကြီးဆုံးကျွန်းဖြစ်သည်။ အမြင့်ဆုံးအမှတ်မှာ ၃၅၉ မီတာရှိပြီး ကျန်ကျွန်းများမှာ ပြန့်ကျဲနေသော ကျွန်းငယ် ခြောက်ခု ဖြစ်သည်။
- အလယ်မော့စ်ကော့ (မောင်းမကန်ကျွန်းစု) 14°9′N 97°47′E / 14.150°N 97.783°E - ကျွန်းကြီးနှစ်ခုနှင့် ကျွန်းငယ်နှစ်ခု ပါဝင်သည်။ Sabyat ကျွန်းသည် မြောက်ဘက်အကျဆုံးဖြစ်ပြီး အမြင့်ဆုံးအမှတ်မှာ ၁၁၉ မီတာဖြစ်သည်။ မြောက်ကျွန်းမှာ အကြီးဆုံးကျွန်းဖြစ်ပြီး ၆.၈ ကီလိုမီတာအရှည်နှင့် ၃.၃ ကီလိုမီတာ ရှည်လျားကာ အမြင့်ဆုံးအမှတ်မှာ ၃၁၂ မီတာ ဖြစ်သည်။
- တောင်မော့စ်ကော့ (လောင်းလုံဘုတ်ကျွန်းစု) 13°51′N 97°55′E / 13.850°N 97.917°E - အဓိကကျွန်းနှစ်ခုဖြစ်သော ၆ ကီလိုမီတာရှည်သော အိတ်ဘုတ်ကျွန်းနှင့် ၁၀ ကီလိုမီတာရှည်သော အောက်ဘုတ်ကျွန်းတို့မှာ တောင်မြောက်တန်း၍ တည်ရှိသည်။ ၁.၅ ကီလိုမီတာအရှည်ရှိ ငှက်သိုက်ကျွန်းမှာ အနည်းငယ်သေးကာ ကျွန်းနှစ်ခုအကြားတွင်သည်။ အောက်ဘုတ်ကျွန်းမှာ မော့စ်ကော့ကျွန်းစုတွင် အကြီးဆုံးကျွန်း ဖြစ်သည်။ တောင်မော့စ်ကော့ကျွန်းအုပ်စုမှာ သန္တာကျောက်တန်းများဖြင့် ဝန်းရံထားပြီး တောင်မော့စကော့အား အမျိုးသား အဏ္ဏဝါဥယျာဉ်အဖြစ် သတ်မှတ်ရန် ၁၉၈၂ ခုနှစ်တွင် အဆိုပြုခဲ့သည်။[၅] တောင်မော့စ်ကော့ကျွန်းတွင် တပ်မတော် စခန်းတစ်ခု ရှိသည်။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]ကိုဩဒိနိတ်: 14°07′30″N 97°48′15″E / 14.12500°N 97.80417°E
ကိုးကား
[ပြင်ဆင်ရန်]- ↑ Prostar Sailing Directions 2005 India & Bay of Bengal Enroute By National Geospatial-intelligence Agency
- ↑ Moscos Islands Wildlife Sanctuary Archived 2008-12-01 at the Wayback Machine.
- ↑ Ramsar - Burma Archived 2011-08-25 at the Wayback Machine.
- ↑ Ramsar - Burma Archived 2011-08-25 at the Wayback Machine.
- ↑ Marine Protected Areas in Southeast Asia Archived 2011-12-13 at the Wayback Machine.