ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်
ပုံပန်းသွင်ပြင်
ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် (Khakaborazi National Park) သည် ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်တွင် တည်ရှိသည်။ ၁၉၉၆ ခုနှစ်တွင် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။ အကျယ်အဝန်းမှာ ၁၄၇၂ စတုရန်းမိုင် (၃၈၁၀ စတုရန်းကီလိုမီတာ) ရှိသည်။
တည်နေရာ
[ပြင်ဆင်ရန်]မြောက်လတ္တီတွဒ်၂၈°၀၄'၊ အရှေ့လောင်ဂျီတွဒ် ၉၇°၅၀'၊ နောင်မွန်းမြို့နယ် ကချင်ပြည်နယ်တွင်တည်ရှိသည်။
သဘာဝအရင်းအမြစ်များ
[ပြင်ဆင်ရန်]အမြဲစိမ်းတော၊ ထင်းရှူးတော၊ ရွက်ကြွေတော(အပေါ်ပိုင်းစိုစွတ်) စသည့်တို့သည် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၏ သစ်တောအမျိုးအစားများဖြစ်သည်။ ကတိုးချေ၊ ရှားပါးပန်ဒါနီများ၊ သားမင်း၊ တောင်ဆိတ်နီ (Red goral) များကိုတွေ့ရှိရသည်။ ပန်ဒါနီများသည် ရှးာပါးသတ္တဝါများဖြစ်ပြီး ကမ္ဘာပေါ်တွင် ယခုအခါ ၁၀,၀၀၀ အောက်တွင် ရောက်ရှိနေပြီ ဖြစ်သည်။
ခြိမ်းခြောက်နေသာအန္တရာယ်များ
[ပြင်ဆင်ရန်]ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ
[ပြင်ဆင်ရန်]ခရီးသွားလာရေးလုပ်ငန်းများ
[ပြင်ဆင်ရန်]လမ်းပန်းဆက်သွယ်ရေး
[ပြင်ဆင်ရန်]- ရန်ကုန်-မြစ်ကြီးနား လေယာဉ်ဖြင့် ၂ နာရီ
- မြစ်ကြီးနား-ပူတာအို လေယာဉ်ဖြင့် ၂၅ မိနစ်
- ပူတာအို-နောင်မွန်း ကားဖြင့် ၃၅ မိုင်[၁]
ကြည့်ရှုလေ့လာနိုင်သော အခွင့်အလမ်းများ
[ပြင်ဆင်ရန်]- ရေခဲဖုံးတောင်များပေါ်သို့ တက်ရောက်နိုင်ခြင်း၊
- ဧရာဝတီမြစ်ဖျားခံရာဒေသပတ်ဝန်းကျင် အခြေအနေများ လေ့လာ နိုင်ခြင်း၊
- သာယာလှပသောသဘာဝရေမြေ တောတောင်ရှုခင်းများ ခံစား ကြည့်ရှုနိုင်ခြင်း၊
- အပင်နှင့် တိရစ္ဆာန်မျိုးစိတ်သစ်များ လေ့လာရှာဖွေ ဖော်ထုတ် နိုင်ခြင်း၊
- ဒေသခံ ရဝမ်၊ လီဆူး၊ မြန်မာ-တိဘက်လူမျိုး များ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးစံနှင့် လူနေမှုစနစ်များကို လေ့လာနိုင်ခြင်း၊
- ရှားပါးတိရစ္ဆာန်ဖြစ်သည့် သားမင်း၊ ကတိုးချေ၊ ရေခဲတောင်ဆိတ်၊ ဂျီနက်၊ ဖက်ဂျီ တို့အပြင် လိပ်ပြာနှင့် အင်းဆက်ပိုးများအား လေ့လာ နိုင်ခြင်း။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန။ ၄ ဇန်နဝါရီ ၂၀၁၅ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန [၁] Archived 23 October 2014 at the Wayback Machine.
- Report: Myanmar Protected Area (2011)