ဝက်သားတုတ်ထိုး

ဝီကီပီးဒီးယား မှ
ရန်ကုန်မြို့၏ လမ်းဘေးတွင် ရောင်းချသော ဝက်သားတုတ်ထိုး

ဝက်သားတုတ်ထိုးသည် ဝက်သားဖြင့် ပြုလုပ်သော အစားအစာတစ်ခုဖြစ်ပြီး လူကြိုက်များသော အစားအစာ တစ်မျိုးဖြစ်သည်။

ဝက်သားတုတ်ထိုးများနှင့် ၎င်းနှင့်အတူ တွဲဖက်စားသောက်ရသော ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ငရုတ်သီးအချဉ်ရည်နှင့် ဟင်းရည်များ

ပါဝင်သောပစ္စည်းများ[ပြင်ဆင်ရန်]

  1. ဝက်နားရွက်၊ ဝက်လျှာ၊ အူပိတ်၊ ကျောက်ကပ်၊ နှလုံး၊ အသဲ၊ အသား၊ အခေါက် စသည်များ[၁]
  2. ကြက်ဥ
  3. ရှာလကာရည်၊ ဟင်းချက်ဝိုင်၊ ခရုဆီ၊ ပျားရည်၊ ငံပြာရည်အကြည်၊ ဆီ
  4. ကြက်သားမှုန့်၊ ပဲငံပြာရည်အနောက်၊ ဆား၊ သကြား၊ တရုတ်မဆလာ
  5. နာနတ်ပွင့်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ငရုတ်ဆီ

အချဉ်ရည် ဆော့စ်[ပြင်ဆင်ရန်]

ဝက်သားတုတ်ထိုးကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငရုတ်ဆီ၊ ဆား၊ သကြား၊ ငံပြာရည်၊ ရှာလကာရည်၊ ထမင်းရည် စသည်တို့ဖြင့် ပြုလုပ်သော ဆော့စ်အချဉ်ရည်ဖြင့် တွဲဖက် စားသုံးကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "Pork on Stick (Wet-thar-dote-htoe) Myanmar Today (မေ ၁၇၊ ၂၀၂၃ တွင် ထည့်သွင်းပြီး)