ဘိန်းမုန့်
ပုံပန်းသွင်ပြင်
ဘိန်းမုန့် သည် ဆန်ကို ရေစိမ်၍ ကြိတ်ထားသော မုန့်ရည်ဖြင့် ပြုလုပ်ထားသော အဆာပြေ စားသောက်ဖွယ်ရာတစ်ခု ဖြစ်သည်။ မုန့်ရည်ကို သကြား၊ ဆော်ဒါတို့ဖြင့် ရောကာ ဒယ်အိုးပူပေါ်တွင် ထည့်ပြီး နှမ်းနှင့် အုန်းသီးခြစ်များ ဖြူးကာ အဖုံးအုပ်၍ အဖုံးပေါ်မှလည်း မီးဖြင့် အပူပေး၍ ပြုလုပ်သည်။
ပါဝင်သောပစ္စည်းများ
[ပြင်ဆင်ရန်]- ဆန်
- သကြား၊ထန်းလျက်
- စားဆော်ဒါ
- အုန်းသီး
- ဆီ၊ နှမ်း(သို့)ဘိန်းစေ့