ကြာဆံဟင်းခါး
ပုံပန်းသွင်ပြင်
မူရင်းနိုင်ငံ | မြန်မာနိုင်ငံ |
---|---|
ဆက်နွယ်သောအမျိုးသားအစားအစာ | မြန်မာအစားအသောက် |
အဓိက ပါဝင်ပစ္စည်း |
|
Ingredients generally used |
|
Cookbook: ကြာဆံဟင်းခါး Media: ကြာဆံဟင်းခါး |
ကြာဆံဟင်းခါး သည် သရေစာအဖြစ်ရော ဟင်းအဖြစ်ပါ စားသုံးကြသော အစားအစာတစ်မျိုး ဖြစ်သည်။ ချက်ပြုတ်ရ လွယ်ကူပြီး ဝယ်စားပါက ဈေးသက်သာပြီး နေရာတိုင်း နီးပါးရနိုင်သော အစားအစာ တစ်မျိုး ဖြစ်သည်။ အချို့က ကြာဆံချက်ဟု ခေါ်ပြီး တချို့က ကြာဆံဟင်းခါးဟု ခေါ်ကြသည်။
ကြာဆံချက်တွင် အဓိက ပါဝင်သည်တို့မှာ
- ပဲကြာဆံ
- ကြက်သား/ကြက်ရိုး
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ဂျင်း
- ပဲပြား
- မှိုခြောက် (ကြွက်နားရွက်မှို၊ အဖိုးကြီးနားရွက်)
- ပန်းခြောက်
- ပဲလိပ်
- ငရုတ်ကောင်း
- ငရုတ်သီး အရောင်တင်
- ငံပြာရည်
- နနွင်း
- ဆီ/ဆား တို့ ဖြစ်သည်။
တချို့က ငုံးဥ၊ ကြက်ဥတို့ကိုလည်း ထည့်စားတတ်ကြသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]ဤ မြန်မာ့ အစားအစာအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |