ရှမ်းပြည်နယ် လွှတ်တော်
| ရှမ်းပြည်နယ်လွှတ်တော် | |
|---|---|
| တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် | |
| အမျိုးအစား | |
| အမျိုးအစား | |
| သမိုင်းကြောင်း | |
| တည်ထောင်ခြင်း | ၃၁ ဇန်နဝါရီ ၂၀၁၁ |
| ခေါင်းဆောင်များ | |
ဥက္ကဋ္ဌ | |
ဒုဥက္ကဋ္ဌ | |
| ဖွဲ့စည်းပုံ | |
| အမတ်ဦးရေ | ၁၅၀ ရွေးကောက်ခံ ၁၁၇ ဦး တပ်မတော်သား ၃၃ ဦး |
နိုင်ငံရေး အုပ်စုများ | USDP (59) SNDP (20) |
| ရွေးကောက်ပွဲများ | |
နောက်ဆုံး ရွေးကောက်ပွဲ | ၂၀၂၅-၂၀၂၆ |
| အစည်းအဝေးနေရာ | |
| ပြည်နယ်လွှတ်တော်ခန်းမ တောင်ကြီးမြို့၊ ရှမ်းပြည်နယ် | |
| ဝက်ဘ်ဆိုဒ် | |
| https://shanstate.hluttaw.mm/ | |
ရှမ်းပြည်နယ်လွှတ်တော် (အင်္ဂလိပ်: Shan State Hluttaw) သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်၏ ဥပဒေပြုလွှတ်တော် တစ်ခုဖြစ်သည်။ လွှတ်တော်တစ်ရပ်တည်းရှိသော လွှတ်တော်အမျိုးအစားဖြစ်ပြီး အမတ်ဦးရေ ၁၄၀ ဦး (ရွေးကောက်ခံ ၁၀၇ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၃၃ ဦး) ရှိသည်။[၁]
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် မြို့နယ်တစ်မြို့နယ်လျှင် နှစ်ဦးကျစီရွေးကောက် တင်မြှောက်ပြီး၊ ရွေးကောက်တင်မြှောက်သည့် လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည်။
၂၀၂၆ ခုနှစ်အထိ ရှမ်းပြည်နယ်တွင် မြို့နယ် (၅၅) ခုဖြင့် သတ်မှတ်ဖွဲ့စည်းထားသဖြင့် မြို့နယ်ကိုယ်စားပြု ရွေးကောက်ခံကိုယ်စားလှယ် ၁၁၀ ဦးရှိပြီး၊ ရွေးကောက်ခံ အာခါ၊ ဗမာ၊ အင်းသား၊ ကချင်၊ ကယန်း၊ လားဟူ၊ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးများ(၇) ဦးနှင့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသော ခန့်အပ်ခံ တပ်မတော်သား ကိုယ်စားလှယ် ၃၃ ဦးလည်း ပါဝင်သည်။
ရွေးကောက်ပွဲများ
[ပြင်ဆင်ရန်]တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်
[ပြင်ဆင်ရန်]၂၀၂၅-၂၀၂၆ အထွေထွေ ရွေးကောက်ပွဲတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လပိုင်းတွင် ဆဋ္ဌမအကြိမ်ပြင်ဆင်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄ အရ ရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒနယ်များ သတ်မှတ်ရာတွင် မြို့နယ်တစ်မြို့နယ်လျှင် ကိုယ်စားလှယ်တစ်ဦးကျစီကို FPTP စနစ်ဖြင့် ရွေးချယ်ရန် သတ်မှတ်ရမည်ဖြစ်ပြီး၊ ကျန်ရှိသောကိုယ်စားလှယ်များအတွက် မြို့နယ်များကို စုစည်း၍ PR စနစ်ဖြင့် ရွေးချယ်နိုင်ရန် မဲဆန္ဒနယ်များ သတ်မှတ်ရဟု ပြဋ္ဌာန်းထားသည်။
ရှမ်းပြည်နယ်လွှတ်တော်၏ ရွေးကောက်ခံ မဲဆန္ဒနယ် ၁၀၀ နေရာတွင် ၅၀ နေရာကို မဲအများဆုံးအနိုင်ရသူယူစနစ်ဖြင့် ရွေးကောက်ခံရပြီး၊ ကျန် ၅၀ နေရာကို အချိုးကျကိုယ်စားပြုစနစ်ဖြင့် သတ်မှတ်ရွေးကောက်ခံရသည်။ ကျန်နေသော တိုင်းရင်းသားရေးရာဝန်ကြီးများ (၇) နေရာကို မဲအများဆုံးအနိုင်ရသူယူစနစ်ဖြင့် ရွေးကောက်ခံရသည်။
သို့သော် ရွေးကောက်ပွဲကော်မရှင်၏ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ် (၁၇) နယ်တွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်ကြောင်း ကြေညာသည်။[၂][၃][၄]
| စဉ် | ကိုယ်စားပြုပါတီ | အမတ်နေရာ | % | +/- | |||
|---|---|---|---|---|---|---|---|
| FPTP | PR | EM | Σ | ||||
| ၁။ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ | ၂၅ | ၂၉ | ၅ | ၅၉ | 39.33% | |
| ၂။ | ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ | ၆ | ၁၄ | ၀ | ၂၀ | 13.33% | |
| ၃။ | ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ | ၅ | ၆ | ၀ | ၁၁ | 7.33% | |
| ၄။ | ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ | ၁ | ၂ | ၀ | ၃ | 2.00% | |
| ၅။ | အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ | ၁ | ၁ | ၁ | ၃ | 2.00% | |
| ၆။ | တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ | ၀ | ၂ | ၀ | ၂ | 1.33% | |
| ၇။ | အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ | ၀ | ၀ | ၁ | ၁ | 0.67% | |
| ၈။ | တပ်မတော်သား | - | - | - | ၃၃ | 22.00% | |
| ၉။ | လစ်လပ် | ၁၇ | ၁ | ၀ | ၁၈ | 12.00% | |
| စုစုပေါင်း | ၁၅၀ | ||||||
အဓိကဖြစ်ရပ်များ
[ပြင်ဆင်ရန်]- ၇ ဧပြီ ၂၀၂၆ - တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံထားရသူက အဆိုပြုသည့် ဝန်ကြီး ၇ ဦး၏ အမည်စာရင်းကို လွှတ်တော်က သဘောတူညီချက်ပေးသည်။ ဦးစိုင်းကျော်ဇံ အား ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ်ရန် လွှတ်တော်က သဘောတူသည်။ ဒေါ်ခင်ထွေးရီ အား ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်ရန် လွှတ်တော်က သဘောတူသည်။ ဦးသန်းဦးလွင် အား တရားသူကြီးချုပ်အဖြစ် ခန့်အပ်ရန် လွှတ်တော်က သဘောတူသည်။ ဒေါ်စန္ဒာအောင်၊ ဦးအောင်မော်၊ ဒေါ်သူဇာအောင် တို့အား တရားသူကြီးများအဖြစ် ခန့်အပ်ရန် လွှတ်တော်က သဘောတူသည်။[၅]
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်
[ပြင်ဆင်ရန်]| ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် | |||
|---|---|---|---|
| ပါတီ | အမတ်နေရာ | % | +/- |
| ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ | ၃၂ | 21.19% | |
| ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) | ၂၄ | 15.89% | |
| အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | ၂၄ | 15.89% | |
| တအာင်း(ပလောင်)အမျိုးသားပါတီ | ၇ | 4.64% | |
| ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် | ၆ | 3.97% | |
| ဝ ဒီမိုကရက်တစ်ပါတီ | ၂ | 1.32% | |
| လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ | ၂ | 1.32% | |
| ရှမ်းတိုင်းရင်းသားမျာ ဒီမိုကရက်တစ်ပါတီ (SNDP) | ၁ | 0.66% | |
| ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ | ၁ | 0.66% | |
| ဝ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ | ၁ | 0.66% | |
| လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ | ၁ | 0.66% | |
| အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ | ၁ | 0.66% | |
| တစ်သီးပုဂ္ဂလ | ၁ | 0.66% | |
| တပ်မတော်သား ကိုယ်စားလှယ်များ | ၃၄ | 22.52% | |
| လစ်လပ် | ၁၄ | 9.27% | |
| စုစုပေါင်း | ၁၅၁ | ||
ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်
[ပြင်ဆင်ရန်]| ရှမ်းပြည်နယ် လွှတ်တော် အမတ်နေရာများ (နိုဝင်ဘာ ၂၀၁၀) | |||
|---|---|---|---|
| ပါတီ | အမတ်နေရာ | % | +/- |
| ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ | ၅၄ | ၃၇.၇၆ | |
| ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ | ၃၁ | ၂၁.၆၈ | |
| ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် | ၆ | ၄.၂ | |
| တအာင်း(ပလောင်)အမျိုးသားပါတီ | ၄ | ၂.၈ | |
| အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ | ၃ | ၂.၁ | |
| ဝ ဒီမိုကရက်တစ်ပါတီ | ၃ | ၂.၁ | |
| ကရင်အမျိုးသားပါတီ | ၂ | ၁.၄ | |
| လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ | ၁ | ၀.၇ | |
| တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ | ၁ | ၀.၇ | |
| တစ်သီးပုဂ္ဂလ | ၂ | ၁.၄ | |
| တပ်မတော်သား ကိုယ်စားလှယ်များ | ၃၆ | ၂၅.၁၇ | |
| စုစုပေါင်း | ၁၄၃ | ၁၀၀ | |
အခြားကြည့်ရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Nixon၊ Hamish (September 2013)။ State and Region Governments in Myanmar (PDF)။ Myanmar Development Resource Institute။ p. 92။ 4 March 2016 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ 28 November 2015 တွင် ပြန်စစ်ပြီး။
- ↑ လာမည့်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၅၆ နယ်၊ အမျိုးသားလွှတ်တော် FPTP စနစ် မဲဆန္ဒနယ် ကိုးနယ်နှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် FPTP စနစ် မဲဆန္ဒနယ် ၅၆ နယ်၌ ရွေးကောက်ပွဲများ ကျင်းပမည်မဟုတ်ကြောင်း UEC ကြေညာ (in my)။ 2026-03-21 တွင် ပြန်စစ်ပြီး။
- ↑ Team၊ NPMNews။ ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် မဲဆန္ဒနယ်စာရင်းကို UEC ကြေညာ။ 2026-03-21 တွင် ပြန်စစ်ပြီး။
- ↑ ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်များစာရင်း ထုတ်ပြန်ကြေညာ | Ministry Of Information (in en)။ 2026-03-21 တွင် ပြန်စစ်ပြီး။
- ↑ တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ (in my)။ 2026-04-08 တွင် ပြန်စစ်ပြီး။