မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်

ဝီကီပီးဒီးယား မှ
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်
 မြန်မာအစိုးရအဖွဲ့အစည်း
ကော်မရှင် အကျဉ်းချုပ်
ဖွဲ့စည်းခြင်း၅ စက်တင်ဘာ ၂၀၁၁
ယခင်အဖွဲ့အစည်းလူ့အခွင့်အရေး ကော်မတီ
ဌာနချုပ်အမှတ် ၂၇၊ ပြည်လမ်းလှိုင်မြို့နယ်ရန်ကုန်မြို့
ဌာနအကြီးအမှူးများသစ်လင်းအုန်း၊ ဥက္ကဋ္ဌ
ဝက်ဘ်ဆိုက်mnhrc.org.mm

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (အင်္ဂလိပ်: Myanmar National Human Rights Commission, အတိုကောက် MNHRC) သည် အဖွဲ့ဝင် ၁၁ ဦးပါဝင်သော လွတ်လပ်သည့် အမျိုးသားအဆင့် လူ့အခွင့်အရေး ကော်မရှင်အဖွဲ့တစ်ခု ဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

နအဖလက်ထက်

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မတီကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌရုံး၏ ၂၁-၄-၂၀၀၀ ရက်စွဲပါ စာအမှတ် ၁၄၂/နယက (ဥ) နဝတ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၆-၄-၂၀၀၀ ရက်စွဲပါ စာအမှတ်၊ ၁၀၀၊ မလက (၁)/ပထရ အရ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယ ရှေ့နေချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်များ ပါဝင်သည့် ပုဂ္ဂိုလ် (၁၅) ဦးဖြင့် ဖွဲ့စည်းခဲ့သည်။[]

ဦးသိန်းစိန်လက်ထက်

[ပြင်ဆင်ရန်]

ယင်းနောက်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းခြင်း ကို အမိန့်ကြော်ငြာစာအမှတ် (၃၄/၂၀၁၁) ဖြင့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့ တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတွင်းရေးမှူး ဖြစ်သူ ဦးတင်မျိုးကြည်မှ အစိုးရအဖွဲ့၏ အမိန့်အရ ထုတ်ပြန်ကြေညာခဲ့သည်။[]

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ခိုင်မာစွာရေရှည်ရပ်တည်နိုင်ရေးအတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းကို ၂၀၁၂ ခုနှစ်တွင် စတင်ရေးဆွဲခဲ့သည်။[]

ရေးဆွဲခဲ့သည့် ဥပဒေကြမ်းကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့တင်ပြခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂၁) ဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေ ထုတ်ပြန်ပြဋ္ဌာန်းခဲ့ကာ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေအရ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၂၃/၂၀၁၄) ဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို အဖွဲ့ဝင် (၁၁) ဦးဖြင့် ဖွဲ့စည်းခဲ့သည်။[]

ဦးဝင်းမြင့်လက်ထက်

[ပြင်ဆင်ရန်]

၂၀၁၈ ခုနှစ်တွင်  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ ပုဒ်မ ၁၉ ပါ ပြဋ္ဌာန်းချက်များအရ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်(၃)ဦးအားဖြည့်စွက်ခန့်ထားခဲ့သည်။[]

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၀) ဖြင့် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။[]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အမိန့်ကြော်ငြာ စာအမှတ် (၄/၂၀၂၁) ဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ‌ကော်မရှင်ကို ယခင်ပုဂ္ဂိုလ်များဖြင့်ပင် ဆက်လက် ဖွဲ့စည်းခဲ့သည်။[]

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် ၁၆/၂၀၂၅ အားဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အသစ်ကို ဖွဲ့စည်းခဲ့ပြီး ယခင်ကော်မရှင်အားလုံးကို ဖျက်သိမ်းခဲ့သည်။

ဦးမင်းအောင်လှိုင်အစိုးရလက်ထက်

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ဧပြီ ၁၀ရက်တွင် ဦးမင်းအောင်လှိုင်အစိုးရသည် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၃၀/၂၀၂၆ ဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခဲ့သည်။[]

ခေတ်အဆက်ဆက်ကော်မရှင်များ

[ပြင်ဆင်ရန်]
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (၁၀ ဧပြီ ၂၀၂၆ – လက်ရှိ)
စဉ်အမည်ရာထူးစတင်ရက်ပြီးဆုံးရက်တာဝန်ထမ်းဆောင်မှုကာလမှတ်ချက်
၁။ဦးသစ်လင်းအုန်းဥက္ကဋ္ဌ၁၀ ဧပြီ ၂၀၂၆လက်ရှိ၇၆ ရက်
၂။ဒေါက်တာ မြင့်သူမြိုင်အဖွဲ့ဝင်၁၀ ဧပြီ ၂၀၂၆လက်ရှိ၇၆ ရက်
၃။ဦးဝင်းလှိုင်ဦး (ခ) ကုန်ဇမှုန်းအဖွဲ့ဝင်၁၀ ဧပြီ ၂၀၂၆လက်ရှိ၇၆ ရက်
၄။ဦးသန်းဝင်းအဖွဲ့ဝင်၁၀ ဧပြီ ၂၀၂၆လက်ရှိ၇၆ ရက်
၅။ဦးတင်ကိုကိုအဖွဲ့ဝင်၁၀ ဧပြီ ၂၀၂၆လက်ရှိ၇၆ ရက်
၆။ဦးအုန်းခိုင်အဖွဲ့ဝင်၁၀ ဧပြီ ၂၀၂၆လက်ရှိ၇၆ ရက်
၇။ဒေါက်တာ နုနုရီအဖွဲ့ဝင်၁၀ ဧပြီ ၂၀၂၆လက်ရှိ၇၆ ရက်
၈။ဒေါ်စန္ဒာအဖွဲ့ဝင်၁၀ ဧပြီ ၂၀၂၆လက်ရှိ၇၆ ရက်
၉။ဒေါက်တာ ဆွေဆွေအောင်အဖွဲ့ဝင်၁၀ ဧပြီ ၂၀၂၆လက်ရှိ၇၆ ရက်
၁၀။ဒေါက်တာ တင်ဌေးအိအဖွဲ့ဝင်၁၀ ဧပြီ ၂၀၂၆လက်ရှိ၇၆ ရက်
၁၁။ဒေါက်တာ ဥမ္မာကျော်အဖွဲ့ဝင်၁၀ ဧပြီ ၂၀၂၆လက်ရှိ၇၆ ရက်
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (၃၁ ဇန်နဝါရီ ၂၀၂၅ – ၁၀ ဧပြီ ၂၀၂၆)
စဉ်အမည်ရာထူးစတင်ရက်ပြီးဆုံးရက်တာဝန်ထမ်းဆောင်မှုကာလမှတ်ချက်
၁။ဦးပေါ်လွင်စိန်ဥက္ကဋ္ဌ၃၁ ဇန်နဝါရီ ၂၀၂၅၁၀ ဧပြီ ၂၀၂၆ နှစ်၊ ၆၉ ရက်
၂။ဦးကျော်စိုးအဖွဲ့ဝင်၃၁ ဇန်နဝါရီ ၂၀၂၅၁၀ ဧပြီ ၂၀၂၆ နှစ်၊ ၆၉ ရက်
၃။ဒေါက်တာသန်းမြင့်အဖွဲ့ဝင်၃၁ ဇန်နဝါရီ ၂၀၂၅၁၀ ဧပြီ ၂၀၂၆ နှစ်၊ ၆၉ ရက်
၄။ဒေါက်တာမြင့်သူမြိုင်အဖွဲ့ဝင်၃၁ ဇန်နဝါရီ ၂၀၂၅၁၀ ဧပြီ ၂၀၂၆ နှစ်၊ ၆၉ ရက်
၅။ဦးတင်အောင်အဖွဲ့ဝင်၃၁ ဇန်နဝါရီ ၂၀၂၅၁၀ ဧပြီ ၂၀၂၆ နှစ်၊ ၆၉ ရက်
၆။ဦးကျော်မြင့်အဖွဲ့ဝင်၃၁ ဇန်နဝါရီ ၂၀၂၅၁၀ ဧပြီ ၂၀၂၆ နှစ်၊ ၆၉ ရက်
၇။ဦးဝင်းလှိုင်ဦး (ခ) ကုန်ဇမှုန်းအဖွဲ့ဝင်၃၁ ဇန်နဝါရီ ၂၀၂၅၁၀ ဧပြီ ၂၀၂၆ နှစ်၊ ၆၉ ရက်
၈။ဦးသန်းဝင်းအဖွဲ့ဝင်၃၁ ဇန်နဝါရီ ၂၀၂၅၁၀ ဧပြီ ၂၀၂၆ နှစ်၊ ၆၉ ရက်
၉။ဦးတင်ကိုကိုအဖွဲ့ဝင်၃၁ ဇန်နဝါရီ ၂၀၂၅၁၀ ဧပြီ ၂၀၂၆ နှစ်၊ ၆၉ ရက်
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (၇ စက်တင်ဘာ ၂၀၂၄ – ၃၁ ဇန်နဝါရီ ၂၀၂၅)
စဉ်အမည်ရာထူးစတင်ရက်ပြီးဆုံးရက်တာဝန်ထမ်းဆောင်မှုကာလမှတ်ချက်
၁။ဦးပေါ်လွင်စိန်ဥက္ကဋ္ဌ၇ စက်တင်ဘာ ၂၀၂၄၃၁ ဇန်နဝါရီ ၂၀၂၅၁၄၆ ရက်သံအမတ်ကြီး (အငြိမ်းစား)
၂။ဒေါက်တာနန္ဒာမွှန်းဒုတိယဥက္ကဋ္ဌ၇ စက်တင်ဘာ ၂၀၂၄၃၁ ဇန်နဝါရီ ၂၀၂၅၁၄၆ ရက်အမြဲတမ်းအတွင်းဝန် (အငြိမ်းစား)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
၃။ဦးကျော်စိုးအဖွဲ့ဝင်၇ စက်တင်ဘာ ၂၀၂၄၃၁ ဇန်နဝါရီ ၂၀၂၅၁၄၆ ရက်ညွှန်ကြားရေးမှူး (အငြိမ်းစား)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန
၄။ဒေါက်တာသန်းမြင့်အဖွဲ့ဝင်၇ စက်တင်ဘာ ၂၀၂၄၃၁ ဇန်နဝါရီ ၂၀၂၅၁၄၆ ရက်ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ ဆေးသိပ္ပံပညာဦးစီးဌာန
၅။ဒေါ်နုနုယဉ်အဖွဲ့ဝင်၇ စက်တင်ဘာ ၂၀၂၄၃၁ ဇန်နဝါရီ ၂၀၂၅၁၄၆ ရက်အမြဲတမ်းအတွင်းဝန် (အငြိမ်းစား)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး
၆။ဒေါက်တာတင်မောင်မောင်သန်းအဖွဲ့ဝင်၇ စက်တင်ဘာ ၂၀၂၄၃၁ ဇန်နဝါရီ ၂၀၂၅၁၄၆ ရက်ဌာနစုမှူး (အငြိမ်းစား)၊ အမှတ် (၂) စက်မှုဝန်ကြီးဌာန
၇။ဒေါက်တာမြင့်သူမြိုင်အဖွဲ့ဝင်၇ စက်တင်ဘာ ၂၀၂၄၃၁ ဇန်နဝါရီ ၂၀၂၅၁၄၆ ရက်ပါမောက္ခ/ဌာနမှူး၊ ဥပဒေပညာဌာန၊ ရန်ကုန်တက္ကသိုလ်
၈။ဦးတင်အောင်အဖွဲ့ဝင်၇ စက်တင်ဘာ ၂၀၂၄၃၁ ဇန်နဝါရီ ၂၀၂၅၁၄၆ ရက်ဌာနကြီးမှူး (အငြိမ်းစား)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)
၉။ဒေါ်တင်ကြည်ဦးအဖွဲ့ဝင်၇ စက်တင်ဘာ ၂၀၂၄၃၁ ဇန်နဝါရီ ၂၀၂၅၁၄၆ ရက်ဒုတိယညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
၁၀။ဦးကျော်မြင့်အဖွဲ့ဝင်၇ စက်တင်ဘာ ၂၀၂၄၃၁ ဇန်နဝါရီ ၂၀၂၅၁၄၆ ရက်ဒုတိယညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
၁၁။ဦးဝင်းလှိုင်ဦး (ခ) ကုန်ဇမှုန်းအဖွဲ့ဝင်၇ စက်တင်ဘာ ၂၀၂၄၃၁ ဇန်နဝါရီ ၂၀၂၅၁၄၆ ရက်ဂေါပကအဖွဲ့ဝင်၊ စိန်မေရီကတ်သလစ်ဘုရားကျောင်း
၁၂။ဦးသန်းဝင်းအဖွဲ့ဝင်၇ စက်တင်ဘာ ၂၀၂၄၃၁ ဇန်နဝါရီ ၂၀၂၅၁၄၆ ရက်ဂေါပကအဖွဲ့ဝင်၊ ပိန္နဲကုန်းဂျာမေဗလီ
၁၃။ဦးတင်ကိုကိုအဖွဲ့ဝင်၇ စက်တင်ဘာ ၂၀၂၄၃၁ ဇန်နဝါရီ ၂၀၂၅၁၄၆ ရက်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာတမီလ်ဟိန္ဒူဖောင်ဒေးရှင်း
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (၃ ဩဂုတ် ၂၀၂၃ – ၇ စက်တင်ဘာ ၂၀၂၄)
စဉ်အမည်ရာထူးစတင်ရက်ပြီးဆုံးရက်တာဝန်ထမ်းဆောင်မှုကာလမှတ်ချက်
၁။ဦးပေါ်လွင်စိန်ဥက္ကဋ္ဌ၃ ဩဂုတ် ၂၀၂၃၇ စက်တင်ဘာ ၂၀၂၄ နှစ်၊ ၃၅ ရက်သံအမတ်ကြီး (အငြိမ်းစား) []
၂။ဒေါက်တာနန္ဒာမွှန်းဒုတိယဥက္ကဋ္ဌ၃ ဩဂုတ် ၂၀၂၃၇ စက်တင်ဘာ ၂၀၂၄ နှစ်၊ ၃၅ ရက်အမြဲတမ်းအတွင်းဝန် (အငြိမ်းစား)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
၃။ဦးကျော်စိုးအဖွဲ့ဝင်၃ ဩဂုတ် ၂၀၂၃၇ စက်တင်ဘာ ၂၀၂၄ နှစ်၊ ၃၅ ရက်ညွှန်ကြားရေးမှူး (အငြိမ်းစား)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန
၄။ဒေါက်တာသန်းမြင့်အဖွဲ့ဝင်၃ ဩဂုတ် ၂၀၂၃၇ စက်တင်ဘာ ၂၀၂၄ နှစ်၊ ၃၅ ရက်ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ ဆေးသိပ္ပံပညာဦးစီးဌာန
၅။ဒေါ်နုနုယဉ်အဖွဲ့ဝင်၃ ဩဂုတ် ၂၀၂၃၇ စက်တင်ဘာ ၂၀၂၄ နှစ်၊ ၃၅ ရက်အမြဲတမ်းအတွင်းဝန် (အငြိမ်းစား)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး
၆။ဒေါက်တာတင်မောင်မောင်သန်းအဖွဲ့ဝင်၃ ဩဂုတ် ၂၀၂၃၇ စက်တင်ဘာ ၂၀၂၄ နှစ်၊ ၃၅ ရက်ဌာနစုမှူး (အငြိမ်းစား)၊ အမှတ် (၂) စက်မှုဝန်ကြီးဌာန
၇။ဒေါက်တာမြင့်သူမြိုင်အဖွဲ့ဝင်၃ ဩဂုတ် ၂၀၂၃၇ စက်တင်ဘာ ၂၀၂၄ နှစ်၊ ၃၅ ရက်ပါမောက္ခ/ဌာနမှူး၊ ဥပဒေပညာဌာန၊ ရန်ကုန်တက္ကသိုလ်
၈။ဦးတင်အောင်အဖွဲ့ဝင်၃ ဩဂုတ် ၂၀၂၃၇ စက်တင်ဘာ ၂၀၂၄ နှစ်၊ ၃၅ ရက်ဌာနကြီးမှူး (အငြိမ်းစား)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)
၉။ဒေါ်တင်ကြည်ဦးအဖွဲ့ဝင်၃ ဩဂုတ် ၂၀၂၃၇ စက်တင်ဘာ ၂၀၂၄ နှစ်၊ ၃၅ ရက်ဒုတိယညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
၁၀။ဦးကျော်မြင့်အဖွဲ့ဝင်၃ ဩဂုတ် ၂၀၂၃၇ စက်တင်ဘာ ၂၀၂၄ နှစ်၊ ၃၅ ရက်ဒုတိယညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (၁၄ ဇန်နဝါရီ ၂၀၂၀ – ၃ ဩဂုတ် ၂၀၂၃)
စဉ် အမည် ရာထူး စတင်ရက် ပြီးဆုံးရက် တာဝန်ထမ်းဆောင်မှုကာလ မှတ်ချက်
၁။ ဦးလှမြင့်[၁၀] ဥက္ကဋ္ဌ ၁၄ ဇန်နဝါရီ ၂၀၂၀ ၃ ဩဂုတ် ၂၀၂၃  နှစ်၊ ၂၀၁ ရက် မြန်မာကိုယ်စားလှယ်၊ အာဆီယံအစိုးရအချင်းချင်းလူ့အခွင့်အရေးကော်မရှင် [၁]
၂။ ဒေါက်တာနန္ဒာမွှန်း ဒုတိယဥက္ကဋ္ဌ ၁၄ ဇန်နဝါရီ ၂၀၂၀ ၃ ဩဂုတ် ၂၀၂၃  နှစ်၊ ၂၀၁ ရက် အမြဲတမ်းအတွင်းဝန် (အငြိမ်းစား)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
၃။ ဦးပေါ်လွင်စိန် အဖွဲ့ဝင် ၁၄ ဇန်နဝါရီ ၂၀၂၀ ၃ ဩဂုတ် ၂၀၂၃  နှစ်၊ ၂၀၁ ရက် သံအမတ်ကြီး (အငြိမ်းစား)
၄။ ဦးကျော်စိုး အဖွဲ့ဝင် ၁၄ ဇန်နဝါရီ ၂၀၂၀ ၃ ဩဂုတ် ၂၀၂၃  နှစ်၊ ၂၀၁ ရက် ညွှန်ကြားရေးမှူး (အငြိမ်းစား)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန
၅။ ဒေါက်တာသန်းမြင့် အဖွဲ့ဝင် ၁၄ ဇန်နဝါရီ ၂၀၂၀ ၃ ဩဂုတ် ၂၀၂၃  နှစ်၊ ၂၀၁ ရက် ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ ဆေးသိပ္ပံပညာဦးစီးဌာန
၆။ ဒေါ်နုနုယဉ် အဖွဲ့ဝင် ၁၄ ဇန်နဝါရီ ၂၀၂၀ ၃ ဩဂုတ် ၂၀၂၃  နှစ်၊ ၂၀၁ ရက် အမြဲတမ်းအတွင်းဝန် (အငြိမ်းစား)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး
၇။ ဒေါက်တာတင်မောင်မောင်သန်း အဖွဲ့ဝင် ၁၄ ဇန်နဝါရီ ၂၀၂၀ ၃ ဩဂုတ် ၂၀၂၃  နှစ်၊ ၂၀၁ ရက် ဌာနစုမှူး (အငြိမ်းစား)၊ အမှတ် (၂) စက်မှုဝန်ကြီးဌာန
၈။ ဒေါက်တာမြင့်သူမြိုင် အဖွဲ့ဝင် ၁၄ ဇန်နဝါရီ ၂၀၂၀ ၃ ဩဂုတ် ၂၀၂၃  နှစ်၊ ၂၀၁ ရက် ပါမောက္ခ/ဌာနမှူး၊ ဥပဒေပညာဌာန၊ ရန်ကုန်တက္ကသိုလ်
၉။ ဦးတင်အောင် အဖွဲ့ဝင် ၁၄ ဇန်နဝါရီ ၂၀၂၀ ၃ ဩဂုတ် ၂၀၂၃  နှစ်၊ ၂၀၁ ရက် ဌာနကြီးမှူး (အငြိမ်းစား)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)
၁၀။ ဒေါ်တင်ကြည်ဦး အဖွဲ့ဝင် ၁၄ ဇန်နဝါရီ ၂၀၂၀ ၃ ဩဂုတ် ၂၀၂၃  နှစ်၊ ၂၀၁ ရက် ဒုတိယညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
၁၁။ ဦးကျော်မြင့် အဖွဲ့ဝင် ၁၄ ဇန်နဝါရီ ၂၀၂၀ ၃ ဩဂုတ် ၂၀၂၃  နှစ်၊ ၂၀၁ ရက် ဒုတိယညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (၂၅ ဧပြီ ၂၀၁၈ – ၁၄ ဇန်နဝါရီ ၂၀၂၀)
စဉ် အမည် ရာထူး စတင်ရက် ပြီးဆုံးရက် တာဝန်ထမ်းဆောင်မှုကာလ မှတ်ချက်
၁။ ဦးဝင်းမြ ဥက္ကဋ္ဌ ၂၅ ဧပြီ ၂၀၁၈ ၁၄ ဇန်နဝါရီ ၂၀၂၀  နှစ်၊ ၂၆၄ ရက် သံအမတ်ကြီး (အငြိမ်းစား)
၂။ ဦးစစ်မြိုင် ဒုတိယဥက္ကဋ္ဌ ၂၅ ဧပြီ ၂၀၁၈ ၁၄ ဇန်နဝါရီ ၂၀၂၀  နှစ်၊ ၂၆၄ ရက် ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ လူမှုဝန်ထမ်းဦးစီးဌာန
၃။ ဦးဇော်ဝင်း အဖွဲ့ဝင် ၂၅ ဧပြီ ၂၀၁၈ ၁၄ ဇန်နဝါရီ ၂၀၂၀  နှစ်၊ ၂၆၄ ရက် ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ အကျဉ်းဦးစီးဌာန
၄။ ဦးယုလွင်အောင် အဖွဲ့ဝင် ၂၅ ဧပြီ ၂၀၁၈ ၁၄ ဇန်နဝါရီ ၂၀၂၀  နှစ်၊ ၂၆၄ ရက် ဥက္ကဋ္ဌ (အငြိမ်းစား)၊ လူမှုဖူလုံရေးအဖွဲ့
၅။ ဦးညွန့်ဆွေ အဖွဲ့ဝင် ၂၅ ဧပြီ ၂၀၁၈ ၁၄ ဇန်နဝါရီ ၂၀၂၀  နှစ်၊ ၂၆၄ ရက် ဒုတိယညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ နိုင်ငံခြားရေးဝန်ကြီးဌာန
၆။ ဒေါက်တာမြင့်ကြည် အဖွဲ့ဝင် ၂၅ ဧပြီ ၂၀၁၈ ၁၄ ဇန်နဝါရီ ၂၀၂၀  နှစ်၊ ၂၆၄ ရက် ဒုတိယပါမောက္ခချုပ် (စီမံ) (အငြိမ်းစား)
၇။ ဒေါက်တာဉာဏ်ဇော် အဖွဲ့ဝင် ၂၅ ဧပြီ ၂၀၁၈ ၁၄ ဇန်နဝါရီ ၂၀၂၀  နှစ်၊ ၂၆၄ ရက် ပြည်နယ်ဆေးရုံအုပ်ကြီး (အငြိမ်းစား)
၈။ ဒေါက်တာဒေါ်သန်းနွဲ့ အဖွဲ့ဝင် ၂၅ ဧပြီ ၂၀၁၈ ၁၄ ဇန်နဝါရီ ၂၀၂၀  နှစ်၊ ၂၆၄ ရက် ပါမောက္ခ/ဌာနမှူး (အငြိမ်းစား)၊ ဥပဒေပညာဌာန
၉။ ဒေါ်မြမြ အဖွဲ့ဝင် ၂၅ ဧပြီ ၂၀၁၈ ၁၄ ဇန်နဝါရီ ၂၀၂၀  နှစ်၊ ၂၆၄ ရက် ဒုတိယအထွေထွေမန်နေဂျာ (အငြိမ်းစား)၊ ပြန်ကြားရေးဝန်ကြီးဌာန
၁၀။ ဦးခင်မောင်လေး အဖွဲ့ဝင် ၂၅ ဧပြီ ၂၀၁၈ ၁၄ ဇန်နဝါရီ ၂၀၂၀  နှစ်၊ ၂၆၄ ရက် ညွှန်ကြားရေးမှူး (အငြိမ်းစား)၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန
၁၁။ ဦးစိုးဘုန်းမြင့် အဖွဲ့ဝင် ၂၅ ဧပြီ ၂၀၁၈ ၁၄ ဇန်နဝါရီ ၂၀၂၀  နှစ်၊ ၂၆၄ ရက် ဦးစီးအရာရှိ (အငြိမ်းစား)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး
၁၂။ ဦးစိန်သန်း အဖွဲ့ဝင် ၂၅ ဧပြီ ၂၀၁၈ ၁၄ ဇန်နဝါရီ ၂၀၂၀  နှစ်၊ ၂၆၄ ရက် ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး
၁၃။ ဦးညွန့်တင် အဖွဲ့ဝင် ၂၅ ဧပြီ ၂၀၁၈ ၁၄ ဇန်နဝါရီ ၂၀၂၀  နှစ်၊ ၂၆၄ ရက် သံအမတ်ကြီး (အငြိမ်းစား)
၁၄။ ဒေါက်တာဒေါ်တင်မေထွန်း အဖွဲ့ဝင် ၂၅ ဧပြီ ၂၀၁၈ ၁၄ ဇန်နဝါရီ ၂၀၂၀  နှစ်၊ ၂၆၄ ရက် ပါမောက္ခ (အငြိမ်းစား)၊ အဝေးသင်တက္ကသိုလ် (ရန်ကုန်)
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (၂၄ စက်တင်ဘာ ၂၀၁၄ – ၂၅ ဧပြီ ၂၀၁၈)
စဉ် အမည် ရာထူး စတင်ရက် ပြီးဆုံးရက် တာဝန်ထမ်းဆောင်မှုကာလ မှတ်ချက်
၁။ ဦးဝင်းမြ ဥက္ကဋ္ဌ ၂၄ စက်တင်ဘာ ၂၀၁၄ ၂၅ ဧပြီ ၂၀၁၈  နှစ်၊ ၂၁၃ ရက် သံအမတ်ကြီး (အငြိမ်းစား)
၂။ ဦးစစ်မြိုင် ဒုတိယဥက္ကဋ္ဌ ၂၄ စက်တင်ဘာ ၂၀၁၄ ၂၅ ဧပြီ ၂၀၁၈  နှစ်၊ ၂၁၃ ရက် ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ လူမှုဝန်ထမ်းဦးစီးဌာန
၃။ ဦးဇော်ဝင်း အဖွဲ့ဝင် ၂၄ စက်တင်ဘာ ၂၀၁၄ ၂၅ ဧပြီ ၂၀၁၈  နှစ်၊ ၂၁၃ ရက် ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ အကျဉ်းဦးစီးဌာန
၄။ ဦးယုလွင်အောင် အဖွဲ့ဝင် ၂၄ စက်တင်ဘာ ၂၀၁၄ ၂၅ ဧပြီ ၂၀၁၈  နှစ်၊ ၂၁၃ ရက် ဥက္ကဋ္ဌ (အငြိမ်းစား)၊ လူမှုဖူလုံရေးအဖွဲ့
၅။ ဦးညွန့်ဆွေ အဖွဲ့ဝင် ၂၄ စက်တင်ဘာ ၂၀၁၄ ၂၅ ဧပြီ ၂၀၁၈  နှစ်၊ ၂၁၃ ရက် ဒုတိယညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ နိုင်ငံခြားရေးဝန်ကြီးဌာန
၆။ ဒေါက်တာမြင့်ကြည် အဖွဲ့ဝင် ၂၄ စက်တင်ဘာ ၂၀၁၄ ၂၅ ဧပြီ ၂၀၁၈  နှစ်၊ ၂၁၃ ရက် ဒုတိယပါမောက္ခချုပ် (စီမံ) (အငြိမ်းစား)
၇။ ဒေါက်တာဉာဏ်ဇော် အဖွဲ့ဝင် ၂၄ စက်တင်ဘာ ၂၀၁၄ ၂၅ ဧပြီ ၂၀၁၈  နှစ်၊ ၂၁၃ ရက် ပြည်နယ်ဆေးရုံအုပ်ကြီး (အငြိမ်းစား)
၈။ ဒေါက်တာဒေါ်သန်းနွဲ့ အဖွဲ့ဝင် ၂၄ စက်တင်ဘာ ၂၀၁၄ ၂၅ ဧပြီ ၂၀၁၈  နှစ်၊ ၂၁၃ ရက် ပါမောက္ခ/ဌာနမှူး (အငြိမ်းစား)၊ ဥပဒေပညာဌာန
၉။ ဒေါ်မြမြ အဖွဲ့ဝင် ၂၄ စက်တင်ဘာ ၂၀၁၄ ၂၅ ဧပြီ ၂၀၁၈  နှစ်၊ ၂၁၃ ရက် ဒုတိယအထွေထွေမန်နေဂျာ (အငြိမ်းစား)၊ ပြန်ကြားရေးဝန်ကြီးဌာန
၁၀။ ဦးခင်မောင်လေး အဖွဲ့ဝင် ၂၄ စက်တင်ဘာ ၂၀၁၄ ၂၅ ဧပြီ ၂၀၁၈  နှစ်၊ ၂၁၃ ရက် ညွှန်ကြားရေးမှူး (အငြိမ်းစား)၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန
၁၁။ ဦးစိုးဘုန်းမြင့် အဖွဲ့ဝင် ၂၄ စက်တင်ဘာ ၂၀၁၄ ၂၅ ဧပြီ ၂၀၁၈  နှစ်၊ ၂၁၃ ရက် ဦးစီးအရာရှိ (အငြိမ်းစား)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (၅ စက်တင်ဘာ ၂၀၁၁ – ၂၄ စက်တင်ဘာ ၂၀၁၄)
စဉ် အမည် ရာထူး စတင်ရက် ပြီးဆုံးရက် တာဝန်ထမ်းဆောင်မှုကာလ မှတ်ချက်
၁။ ဦးဝင်းမြ ဥက္ကဋ္ဌ ၅ စက်တင်ဘာ ၂၀၁၁ ၂၄ စက်တင်ဘာ ၂၀၁၄  နှစ်၊ ၁၉ ရက် သံအမတ်ကြီး (အငြိမ်းစား)
၂။ ဦးစစ်မြိုင် အတွင်းရေးမှူး ၅ စက်တင်ဘာ ၂၀၁၁ ၂၄ စက်တင်ဘာ ၂၀၁၄  နှစ်၊ ၁၉ ရက် ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ လူမှုဝန်ထမ်းဦးစီးဌာန
၃။ ဦးကျော်တင့်ဆွေ ဒုတိယဥက္ကဋ္ဌ ၅ စက်တင်ဘာ ၂၀၁၁ ၂၄ စက်တင်ဘာ ၂၀၁၄  နှစ်၊ ၁၉ ရက် သံအမတ်ကြီး (အငြိမ်းစား)
၄။ ဦးထွန်းအောင်ချိန် အဖွဲ့ဝင် ၅ စက်တင်ဘာ ၂၀၁၁ ၂၄ စက်တင်ဘာ ၂၀၁၄  နှစ်၊ ၁၉ ရက် ပါမောက္ခ (အငြိမ်းစား)၊ သမိုင်းဌာန
၅။ ဦးလှမြင့် အဖွဲ့ဝင် ၅ စက်တင်ဘာ ၂၀၁၁ ၂၄ စက်တင်ဘာ ၂၀၁၄  နှစ်၊ ၁၉ ရက် သံအမတ်ကြီး (အငြိမ်းစား)
၆။ ဦးသန်းဝင်း အဖွဲ့ဝင် ၅ စက်တင်ဘာ ၂၀၁၁ ၂၄ စက်တင်ဘာ ၂၀၁၄  နှစ်၊ ၁၉ ရက် ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ သစ်တောဦးစီးဌာန
၇။ ဒေါက်တာဉာဏ်ဇော် အဖွဲ့ဝင် ၅ စက်တင်ဘာ ၂၀၁၁ ၂၄ စက်တင်ဘာ ၂၀၁၄  နှစ်၊ ၁၉ ရက် ပြည်နယ်ဆရာဝန်ကြီး (အငြိမ်းစား)
၈။ ဒေါက်တာဒေါ်သန်းနွဲ့ အဖွဲ့ဝင် ၅ စက်တင်ဘာ ၂၀၁၁ ၂၄ စက်တင်ဘာ ၂၀၁၄  နှစ်၊ ၁၉ ရက် ပါမောက္ခ (အငြိမ်းစား)၊ ဥပဒေပညာဌာန
၉။ ဒေါ်စောခင်ကြီး အဖွဲ့ဝင် ၅ စက်တင်ဘာ ၂၀၁၁ ၂၄ စက်တင်ဘာ ၂၀၁၄  နှစ်၊ ၁၉ ရက် ပါမောက္ခ (အငြိမ်းစား)၊ နိုင်ငံတကာဆက်ဆံရေးပညာဌာန
၁၀။ ဦးတင်ညို အဖွဲ့ဝင် ၅ စက်တင်ဘာ ၂၀၁၁ ၂၄ စက်တင်ဘာ ၂၀၁၄  နှစ်၊ ၁၉ ရက် ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ အခြေခံပညာဦးစီးဌာန
၁၁။ ဦးခွထီးရို အဖွဲ့ဝင် ၅ စက်တင်ဘာ ၂၀၁၁ ၂၄ စက်တင်ဘာ ၂၀၁၄  နှစ်၊ ၁၉ ရက် ပြည်နယ်ဥပဒေအရာရှိ (အငြိမ်းစား)
၁၂။ ဦးခင်မောင်လေး အဖွဲ့ဝင် ၅ စက်တင်ဘာ ၂၀၁၁ ၂၀ စက်တင်ဘာ ၂၀၁၄  နှစ်၊ ၁၅ ရက် ညွှန်ကြားရေးမှူး (အငြိမ်းစား)၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန
၁၃။ ဦးလဖိုင်ဇော်ဂွန်း အဖွဲ့ဝင် ၅ စက်တင်ဘာ ၂၀၁၁ ၂၄ စက်တင်ဘာ ၂၀၁၄  နှစ်၊ ၁၉ ရက် သံမှူးကြီး (အငြိမ်းစား)
၁၄။ ဦးညွန့်ဆွေ အဖွဲ့ဝင် ၅ စက်တင်ဘာ ၂၀၁၁ ၂၄ စက်တင်ဘာ ၂၀၁၄  နှစ်၊ ၁၉ ရက် ဒုတိယညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ နိုင်ငံခြားရေးဝန်ကြီးဌာန
၁၅။ ဒေါ်စန်းစန်း အဖွဲ့ဝင် ၅ စက်တင်ဘာ ၂၀၁၁ ၂၄ စက်တင်ဘာ ၂၀၁၄  နှစ်၊ ၁၉ ရက် ညွှန်ကြားရေးမှူး (အငြိမ်းစား)၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန

ကိုးကား

[ပြင်ဆင်ရန်]
  1. Myanmar National Human Rights Commission 21 February 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၂ ဖေဖော်ဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  2. မြန်မာ့အလင်းသတင်းစာ (၆.၉.၂၀၁၁)
  3. Myanmar National Human Right Commission (in en)။ 21 February 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၂ ဖေဖော်ဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  4. မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း (၂၄ စက်တင်ဘာ ၂၀၁၄)။ 21 February 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၂ ဖေဖော်ဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  5. မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဖြည့်စွက်ခန့်ထားခြင်း (၂၅ ဧပြီ ၂၀၁၈)။ 21 February 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၂ ဖေဖော်ဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  6. မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း (၁၄ ဇန်နဝါရီ ၂၀၂၀)။ 9 December 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၂ ဖေဖော်ဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  7. မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information ၂၂ ဖေဖော်ဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  8. မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း | Ministry Of Information 2026-04-10 တွင် ပြန်စစ်ပြီး။
  9. မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း MOI Myanmar (၃ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၅၉ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂ ရက်) တာဝန်မှအနားယူခွင့်ပြုခြင်း MOI Myanmar (၂ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။