ကုသိုလ်တော် ဘုရား(မန္တလေး)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကုသိုလ်တော်ဘုရား
မဟာလောကမာရဇိန်
Kuthodaw paya.JPG
ကုသိုလ်တော် ဘုရား(မန္တလေး) သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကုသိုလ်တော် ဘုရား(မန္တလေး)
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာမန္တလေးမြို့
ကိုဩဒိနိတ်22°00′17″N 96°06′46″E / 22.004712°N 96.112902°E / 22.004712; 96.112902ကိုဩဒိနိတ်: 22°00′17″N 96°06′46″E / 22.004712°N 96.112902°E / 22.004712; 96.112902
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံမြန်မာနိုင်ငံ
ဗိသုကာ
တည်ထောင်သူမင်းတုန်းမင်း
ပြီးစီးမေ ၄၊ ၁၈၆၈; ၁၅၁ နှစ် အကြာက (၁၈၆၈-၀၅-04)
ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီး

ကုသိုလ်တော် ဘုရားသည် မန္တလေးတောင်၏ အရှေ့တောင်ဖက်တွင် တည်ရှိပြီး မင်းတုန်းမင်း၏ ကုသိုလ်တော် ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၂၄ ဝါဆိုလတွင် မင်းတုန်းမင်း တည်ထားကိုးကွယ်ခဲ့သော ဘုရားဖြစ်ပြီး ဘွဲ့အမည်မှာ မဟာလောကမာရဇိန် ဖြစ်သည်။ တံတိုင်း ၃ ထပ်ရှိပြီး ဖိနပ်ခင်းအချင်း သံတောင် ၆၅၊ အရပ်တော် သံတောင် ၅၀၊ ၁ မိုက် ၄ သစ်ရှိသည်။

တည်နေရာ[ပြင်ဆင်ရန်]

အရှေ့ဘက်တွင် သစ်လုပ်ငန်း၊ အနောက်ဘက်တွင် မန္တလေးတောင်ခြေ အရှေ့တောင်စောင်းတန်း၊ မြောက်ဘက်တွင် ဘုန်းတော်တိုးရပ် တပ်မြေ၊ တောင်ဘက်တွင် ဒေါနဘွားရပ်တို့အကြား တည်ရှိသည်။


မြန်မာသက္ကရာဇ် ၁၂၃၀ ကဆုန်လဆန်း ၁ ရက်နေ့တွင်-

  • ဝိနည်း ၅ ကျမ်း၊ ကျောက်ချပ်ရေ (၁၁၁)၊
  • အဘိဓမ္မာ ၇ ကျမ်း၊ ကျောက်ချပ်ရေ (၂၀၈)၊
  • သုတ္တန်ပါဠိတော် ကျောက်ချပ်ရေ (၄၁၀) ရှိတဲ့ ဓမ္မစေတီတော် (၇၂၉)ဆူကို ထုလုပ် ဝန်းရံတည်ထားခဲ့သည်။ ကျောက်စာ အချပ်ရေများတဲ့ ဘုရားဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးစာအုပ်လို့ တင်စားရေးသားကြသည်။ [၁]


တည်ဆောက်ခြင်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၁၂၂၁ ခုနှစ် ကဆုန်လဆန်း ၁၃ ရက်နေ့ ည ၂ ချက်တီးကျော်တွင် မန္တလေးမြို့တော် ကို ပန္နက်ချရာတွင် တပြိုင်နက်တည်း အုတ်မြစ် ပန္နက်ချသော ၇ ဌာန အနက် ( ၇ ဌာနကား မြို့တော် ကျုံးတော် မဟာလောကမာရဇိန်စေတီတော် သိမ်တော်ကြီး မဟာအတုလဝေယန်ကျောင်းတော် ပိဋကတ်တိုက်တော် သုဓမ္မာဇရပ်တော် တို့ဖြစ်သည် ) မဟာ လောကမာရဇိန် စေတီတော်လည်း ပါဝင်လေသည်။ ထို့နောက် ကဆုန်လဆုတ် ၆ ရက်နေ့တွင် ၇ ဌာန ကို အုတ်စီ ခင်းရလေသည်။

မင်းတုန်းမင်းကြီး စေတီတော် တည်သည့် ကာလတွင် သီဟိုဠ်ကျွန်း ကဏ္ဏတိတ္ထမြို့မှ ရဟန်းတော် ၂ ပါး သိမ်ကိစ္စ ဝါဒကွဲပြားသဖြင့် အဆုံးဖြတ်ခံရန် မန္တလေးနေပြည်တော်သို့ ကြွချီ လာရာ ရဟန်းတော်များ အပြန်တွင် အတွင်းတော်မြဲ ဦးကြီး ဥပုသ်တော်ခေါင်း ဦးမွှေးနှင့် ဦးအောင်ထွန်း တို့ကို သီဟိုဠ်ကျွန်း သို့ စွယ်တော် ပင့်ထည့်လိုက်၍ စွယ်တော်ပွားတစ်ဆူ ပင့်ဆောင်လာခဲ့သဖြင့် ၁၂၂၃ ခုနှစ် တပေါင်းလဆုတ် ၁ ရက်နေ့တွင် စေတီတော်၌ ဌာပနာလေသည်။ ရတနာစေတီများနှင့် ဓာတ်တော်များ ဗောဓိရွက် စသည်တို့ကိုလည်း ဌာပနာလေသည်။

၁၂၂၄ ခုနှစ် ဝါဆိုလတွင် မဟာရံတံတိုင်း ၃ ထပ်နှင့် စေတီတော်ကြီး ပြီးစီး၍ လပြည့်ကျော် ၉ ရက်နေ့တွင် ထီးတော်တင်ကာ မဟာလောက မာရဇိန် စေတီတော်ဟူ၍ ဘွဲ့သမုတ်လေသည်။ ထို့နောက် မင်းတုန်းမင်းကြီးသည် ၁၂၃၃ ခုနစ် တွင် ပဥ္စမသင်္ဂါယနာ တင်တော်မူရာ ၁၂၂၂ ခုနှစ် ကဆုန်လဆန်း ၁ ရက်နေ့က စတင်ထုလုပ်ခဲ့သော ပိဋကတ် ကျောက်စာချပ်များကို စေတီတော်၏ ပထမ ဒုတိယ တတိယ တံတိုင်းအတွင်း ၌ ဂူစေတီများတည်၍ သွင်းနှံ စိုက်ထူခဲ့လေရာ ကျောက်စာချပ်နှင့် စေတီ ၇၂၉ ဆူရှိလေသည်။စေတီတော်မှာ ဉာဏ်တော် ၅၁ တောင် ၁ မိုက် ၄ သစ် ဖိနပ်တော်အခင်း ၆၅ တောင်ရှိ၍ မြောက်မျက်နှာတို့တွင် မူလတည်စက အုတ်ဇရပ် ၃၆ ဆောင်ပါ ဆောက်လုပ်ထားခဲ့၍ ယခုအခါ ပျက်စီးပျောက်ကွယ်ခဲ့လေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. နေထွတ် ၏ မန္တလေးအဘိဓာန်(၁၉၉၉)