မြန်မာနိုင်ငံ ရွေးကောက်ပွဲများ
![]() |
ဤဆောင်းပါးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ တစိတ်တဒေသ ဖြစ်သည် |
|
တရားစီရင်ရေး
|
လတ်တလော ရွေးကောက်ပွဲများ
|
အဝေးရောက်အစိုးရအဖွဲ့
|
အခြားအကြောင်းအရာများ |
![]() |
မြန်မာနိုင်ငံသည် ၁၉၂၂ ခုနှစ် မှစ၍ အထွေထွေရွေးကောက်ပွဲပေါင်း ၁၇ ခု ကျင်းပခဲ့ပြီး ဖြစ်သည်။ ခေတ်သစ်မြန်မာနိုင်ငံတွင် ကျင်းပသည့် ရွေးကောက်ပွဲများသည် ပြည်ထောင်စု၊ တိုင်း/ပြည်နယ် သို့မဟုတ် ဒေသဟု အဆင့်များ သတ်မှတ်ကာ ကျင်းပကြသည်။ ခေါင်းဆောင်တင်မြှောက်သည့် ကိုယ်စားလှယ်အဖွဲ့က နိုင်ငံအဆင့်တွင် နိုင်ငံတော်၏ အကြီးအကဲ၊ သမ္မတတို့ကို ရွေးချယ်ကြသည်။
လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုလွှတ်တော်၊ သမ္မတ၊ အစိုးရအဖွဲ့တို့၏ သက်တမ်းသည် ၅ နှစ် ဖြစ်သည်။[၁]
ဖြစ်ရပ်များ
[ပြင်ဆင်ရန်]ရွေးကောက်ပွဲအားလုံးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ယူကျင်းပသည်။ နောက်ဆုံးကျင်းပခဲ့သည့် ရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ်တွင် ကျင်းပခဲ့သည်။ ထို့ရွေးကောက်ပွဲတွင် မြန်မာ့တပ်မတော်သည် သောင်းပြိုကမ်းပြိုအနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲလိမ်သည်ဟု စွပ်စွဲပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပိုက်ခဲ့သည်။
ကိုလိုနီခေတ်
[ပြင်ဆင်ရန်]ဗြိတိသျှအုပ်ချုပ်မှုအောက်တွင် မြန်မာနိုင်ငံ၌ ဒိုင်အာခီစနစ် (Diarchy) နှင့် အခြားပြုပြင်ပြောင်းလဲရေးများအရ ဥပဒေပြုကောင်စီအတွက် ရွေးကောက်ပွဲများကို စတင်ကျင်းပခဲ့သည်။ ဤရွေးကောက်ပွဲတွင် မြန်မာ့အမျိုးသားရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့ပြီး နိုင်ငံရေးပါတီအချို့ စတင်ပေါ်ပေါက်လာခဲ့သည်။
၁၉၃၂ ခုနှစ် ရွေးကောက်ပွဲတွင် ဗြိတိသျှအိန္ဒိယမှ ခွဲထွက်သင့်၊ မခွဲထွက်သင့် ဆန္ဒမဲပေးသည့် ရွေးကောက်ပွဲဖြစ်ပြီး ခွဲထွက်ရေးဘက်က အနိုင်ရခဲ့သည်။
၁၉၃၆ ခုနှစ် အထွေထွေရွေးကောက်ပွဲ
[ပြင်ဆင်ရန်]၁၉၃၅ မြန်မာနိုင်ငံတော်အစိုးရအက်ဥပဒေအရ ကျင်းပသည့် ပထမဆုံးရွေးကောက်ပွဲဖြစ်ပြီး အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံအစိုးရကို ဖွဲ့စည်းရန် ရည်ရွယ်သည်။ ဤရွေးကောက်ပွဲတွင် ဒေါက်တာဘမော်၏ "ဆင်းရဲသားပါတီ" နှင့် ဦးဘဖေ၏ "ငါးပွင့်ဆိုင်အဖွဲ့ချုပ်" တို့ အဓိက ယှဉ်ပြိုင်ခဲ့ကြသည်။
စဉ် | ရွေးကောက်ပွဲများ | ခေတ် | |
---|---|---|---|
၁။ | အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၂၂ | ကိုလိုနီခေတ် | |
၂။ | အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၂၅ | ||
၃။ | အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၂၈ | ||
၄။ | အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၃၂ | ||
၅။ | အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၃၆ | ||
၆။ | အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၄၇ |
လွတ်လပ်ပြီး ပါလီမန်ဒီမိုကရေစီခေတ် (၁၉၄၈-၁၉၆၂)
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် အစောပိုင်းကာလတွင် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပြီး အောက်ပါအထွေထွေရွေးကောက်ပွဲများကို ကျင်းပခဲ့သည်-
၁၉၅၁-၁၉၅၂ ခုနှစ် အထွေထွေရွေးကောက်ပွဲ
[ပြင်ဆင်ရန်]လွတ်လပ်ရေးရပြီး ပထမဆုံးကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲဖြစ်သည်။ ပြည်တွင်းမတည်ငြိမ်မှုများကြောင့် အပိုင်းလိုက်ကျင်းပခဲ့ရသည်။ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖ.ဆ.ပ.လ) က အများစုအနိုင်ရခဲ့ပြီး ဦးနုသည် ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။
၁၉၅၆ ခုနှစ် အထွေထွေရွေးကောက်ပွဲ
[ပြင်ဆင်ရန်]ဖ.ဆ.ပ.လ ပါတီသည် အနိုင်ရခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်သည် ၁၉၅၁-၅၂ ခုနှစ် ရွေးကောက်ပွဲထက် မဲအပြတ်အသတ် နည်းပါးခဲ့သည်။ အတိုက်အခံ "ပြည်သူ့ညီညွတ်ရေးတပ်ဦး" သည် ထောက်ခံမှု အများအပြား ရရှိခဲ့သည်။
၁၉၆၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ
[ပြင်ဆင်ရန်]ဦးနု၏ သန့်ရှင်း ဖ.ဆ.ပ.လ နှင့် ဦးဗဟန်း၏ တည်မြဲ ဖ.ဆ.ပ.လ တို့ ပြိုင်ဆိုင်ခဲ့ကြရာ သန့်ရှင်း ဖ.ဆ.ပ.လ က အပြတ်အသတ် အနိုင်ရခဲ့သည်။ ဤရွေးကောက်ပွဲသည် ပါလီမန်ဒီမိုကရေစီခေတ်၏ နောက်ဆုံးရွေးကောက်ပွဲဖြစ်သည်။
စဉ် | ရွေးကောက်ပွဲများ | ခေတ် | |
---|---|---|---|
၁။ | အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၅၁-၁၉၅၂ | ပါလီမန်ဒီမိုကရေစီခေတ် | |
၂။ | အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၅၆ | ||
၃။ | အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၆၀ |
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် (၁၉၇၄-၁၉၈၈)
[ပြင်ဆင်ရန်]၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် တစ်ပါတီစနစ် (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ - မ.ဆ.လ) အောက်သို့ ရောက်ရှိခဲ့သည်။ ဤကာလအတွင်း ရွေးကောက်ပွဲများသည် အမည်ခံသာဖြစ်ပြီး တကယ်တမ်းတွင် စစ်အစိုးရ၏ ဆုပ်ကိုင်မှုကို ခိုင်မာစေခဲ့သည်-
၁၉၇၄ ခုနှစ် အထွေထွေရွေးကောက်ပွဲ
[ပြင်ဆင်ရန်]မ.ဆ.လ ပါတီကသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့သည်။
၁၉၇၈ ခုနှစ် အထွေထွေရွေးကောက်ပွဲ
[ပြင်ဆင်ရန်]မ.ဆ.လ ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။
၁၉၈၁ ခုနှစ် အထွေထွေရွေးကောက်ပွဲ
[ပြင်ဆင်ရန်]မ.ဆ.လ ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး သမ္မတဦးစန်းယုကို ရွေးချယ်တင်မြှောက်ခဲ့သည်။
၁၉၈၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ
[ပြင်ဆင်ရန်]မ.ဆ.လ ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။
စဉ် | ရွေးကောက်ပွဲများ | ခေတ် | |
---|---|---|---|
၁။ | အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၇၄ | မဆလခေတ် | |
၂။ | အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၇၈ | ||
၃။ | အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၈၁ | ||
၄။ | အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၈၅ |
၁၉၈၈ ခုနှစ် အရေးတော်ပုံနှင့် စစ်အစိုးရကာလ (၁၉၈၈-၂၀၁၀)
[ပြင်ဆင်ရန်]နေဝင်း၏ တစ်ပါတီလမ်းစဉ်စနစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (BSPP) သည် ၁၉၈၈ ခုနှစ်တွင် ကျဆုံးခဲ့သည်။ ရှစ်လေးလုံးအရေးအခင်း ဖြစ်ပွားပြီး နောက်ပိုင်း ဖြစ်သည်။ စစ်တပ်က အာဏာသိမ်းခဲ့ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) အမည်ဖြင့် အုပ်ချုပ်ခဲ့သည်။
၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ
[ပြင်ဆင်ရန်]နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) က ကျင်းပပေးခဲ့သည်။ အဓိကအတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အနိုင်ရခဲ့သည်။ အဓိကနေရာ ၄၉၂ နေရာတွင် ၃၉၂ နေရာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ တစ်ပါတီစနစ်အောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အစိုးရသစ်တစ်ခုကို ဖွဲ့စည်းရမည် ဖြစ်သည်။ သို့သော် SLORC သည် ရွေးကောက်ပွဲ၏ ရလဒ်ကို ငြင်းဆိုခဲ့သည်။
စဉ် | ရွေးကောက်ပွဲများ | ခေတ် | |
---|---|---|---|
၁။ | အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၉၀ | နဝတခေတ် |
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလက်ထက် (၂၀၁၀-၂၀၂၁)
[ပြင်ဆင်ရန်]၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးနောက် မြန်မာနိုင်ငံသည် ပါတီစုံစနစ်ဖြင့် ရွေးကောက်ပွဲများကို ပြန်လည်ကျင်းပခဲ့သည်-
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသမိုင်းသည် နိုင်ငံရေးမတည်ငြိမ်မှုများ၊ အာဏာသိမ်းမှုများနှင့် ဒီမိုကရေစီအရေးအတွက် ရုန်းကန်လှုပ်ရှားမှုများကို ထင်ဟပ်နေပါသည်။
စဉ် | ရွေးကောက်ပွဲများ | လွှတ်တော် | |
---|---|---|---|
၁။ | အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၀ | ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် | |
၂။ | ကြားဖြတ် ရွေးကောက်ပွဲ၊ ၂၀၁၂ | ||
၃။ | အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅ | ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် | |
၄။ | ကြားဖြတ် ရွေးကောက်ပွဲ၊ ၂၀၁၇ | ||
၅။ | ကြားဖြတ် ရွေးကောက်ပွဲ၊ ၂၀၁၈ | ||
၆။ | အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၂၀ | ရွေးကောက်ပွဲရလဒ်များ ပယ်ဖြတ်ပြီး စစ်တပ်က အာဏာသိမ်းခဲ့သည်။ |
၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ
[ပြင်ဆင်ရန်]အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အများစု အနိုင်ရခဲ့ပြီး ဦးသိန်းစိန် ဦးဆောင်သော အရပ်သားအသွင်ပြောင်း အစိုးရကို ဖွဲ့စည်းခဲ့သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ
[ပြင်ဆင်ရန်]NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ဤရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးတွင် သမိုင်းဝင်အပြောင်းအလဲတစ်ခု ဖြစ်ခဲ့သည်။
အမျိုးသားလွှတ်တော်
[ပြင်ဆင်ရန်]

အမျိုးသားလွှတ်တော် နေရာ ၂၂၄ နေရာတွင် ၁၆၈ နေရာအတွက် အရွေးခံခဲ့ကြသည်။ ကျန် ၅၈ နေရာ (၂၅%) သည် အရွေးခံသည့် အထဲတွင် မပါပေ။ ထို ၂၅ % သည် တပ်မတော် ကိုယ်စားလှယ်များအတွက် ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများ တစ်ခုစီတွင် အဖွဲ့ဝင် ၁၂ ယောက် ရွေးချယ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုစီမှ အဖွဲ့ဝင် တစ်ဦးစီလည်း ပါဝင်သည်။
ပါတီ | ဆန္ဒမဲ | % | အမတ်နေရာ | % | +/–[မှတ်စု ၁] | |
---|---|---|---|---|---|---|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | 135 | 60.3 | ![]() | |||
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ | 11 | 4.9 | ![]() | |||
ရခိုင်အမျိုးသားပါတီ | 10 | 4.5 | ![]() | |||
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် | 3 | 1.3 | ![]() | |||
တအာင်း(ပလောင်)အမျိုးသားပါတီ | 2 | 0.9 | ![]() | |||
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် | 2 | 0.9 | ![]() | |||
မွန်အမျိုးသားပါတီ | 1 | 0.4 | ![]() | |||
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ | 1 | 0.4 | ![]() | |||
ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် | 1 | 0.4 | ![]() | |||
တစ်သီးပုဂ္ဂလ | 2 | 0.9 | ![]() | |||
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ | 0 | 0.0 | ![]() | |||
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ | 0 | 0.0 | ![]() | |||
အခြား | 0 | 0.0 | ![]() | |||
စစ်ဖက် ကိုယ်စားလှယ် | – | – | 56 | 25.0 | ![]() | |
စုစုပေါင်း | ၁၀၀ | 224 | ၁၀၀ | – | ||
ရင်းမြစ်: Myanmar Times,[၂] UEC[၃] |
ပြည်သူ့လွှတ်တော်
[ပြင်ဆင်ရန်]ပြည်သူ့လွှတ်တော်တွင် နေရာ ၄၄၀ တွင် ၃၃၀ သည် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ရှမ်းပြည်နယ်ရှိ (၇) နေရာသည် မငြိမ်မသက်ဆူပူမှုများ ဖြစ်နေသည့်အတွက် နောက်မှ ရွေးချယ်မည် ဖြစ်ပြီး ၃၂၃ နေရာအတွက်သာ ရွေးချယ်ခဲ့သည်။[၄] ကျန်သော နေရာ ၁၁၀ (၂၅%) သည် တပ်မတော်ကိုယ်စားလှယ်များအတွက် ဖြစ်သည်။ မြို့နယ်နှင့် လူဦးရေပေါ်မူတည်ကာ မဲဆန္ဒနယ်များမှ အဖွဲ့ဝင်များကို ရွေးချယ်ခဲ့သည်။
ပါတီ | ဆန္ဒမဲ | % | အမတ်နေရာ | % | +/–[မှတ်စု ၁] | |
---|---|---|---|---|---|---|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | 12,473,406 | 56.82 | 255 | 58.0 | ![]() | |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ | 6,180,040 | 28.15 | 30 | 6.8 | ![]() | |
မွန်အမျိုးသားပါတီ | 12 | 2.7 | ![]() | |||
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် | 12 | 2.7 | ![]() | |||
ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် | 3 | 0.7 | ![]() | |||
တအာင်း(ပလောင်)အမျိုးသားပါတီ | 3 | 0.7 | ![]() | |||
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ | 2 | 0.5 | ![]() | |||
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် | 2 | 0.5 | ![]() | |||
ကချင်ပြည်နယ်ဒီမိုကရေစီပါတီ | 1 | 0.2 | ![]() | |||
ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ | 1 | 0.2 | ![]() | |||
ဝ ဒီမိုကရက်တစ်ပါတီ | 1 | 0.2 | ![]() | |||
တစ်သီးပုဂ္ဂလ | 1 | 0.2 | ![]() | |||
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ | 0 | 0.0 | ![]() | |||
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ | 0 | 0.0 | ![]() | |||
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ | 0 | 0.0 | ![]() | |||
ဒေသမတည်ငြိမ်မှုကြောင့် ဖျက်သိမ်း | 7 | 1.6 | ![]() | |||
စစ်ဖက် ကိုယ်စားလှယ် | – | – | 110 | 25.0 | ![]() | |
စုစုပေါင်း | 21,951,803 | ၁၀၀ | 440 | ၁၀၀ | – | |
ရင်းမြစ်: UEC[၅] |
၂၀၂၀ ပြည့်နှစ် အထွေအထွေရွေးကောက်ပွဲ
[ပြင်ဆင်ရန်]NLD ပါတီသည် အပြတ်အသတ် ထပ်မံအနိုင်ရရှိခဲ့သည်။ သို့သော် မြန်မာ့တပ်မတော်က မဲမသမာမှုများရှိသည်ဟု စွပ်စွဲကာ ရွေးကောက်ပွဲရလဒ်များကို လက်မခံခဲ့ပေ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းယူခဲ့ပြီး ရွေးကောက်ခံ NLD အစိုးရကို ဖြုတ်ချခဲ့သည်။ ၎င်းသည် လက်ရှိနိုင်ငံရေးအကျပ်အတည်း၏ အစဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်
[ပြင်ဆင်ရန်]စဉ် | ရွေးကောက်ပွဲများ | လွှတ်တော် |
---|---|---|
၁။ | အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၂၅ | တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် |
မှတ်စုများ
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ Net Gain/Loss numbers shown are compared with the results of the previous general election, not with the results of the by-elections in 2012.
ဆက်စပ်အကြောင်းအရာများ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Constitution of the Republic of the Union of Myanmar (2008) (English). Sections 61, 119, 151, 168, 235.
- ↑ The Myanmar Times Election Live။ Myanmar Times။ 20 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Announcement 93/2015။ 20 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 November 2015 တွင် ပြန်စစ်ပြီး။
- ↑ Oliver Holmes (11 November 2015)။ Myanmar election: Aung San Suu Kyi calls for reconciliation talks with military။ The Guardian။ 11 November 2015 တွင် ပြန်စစ်ပြီး။
- ↑ Announcement 92/2015။ 20 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 November 2015 တွင် ပြန်စစ်ပြီး။