မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ

ဝီကီပီးဒီးယား မှ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏ ဒုတိယသမ္မတ
တာဝန်ထမ်းဆောင်ဆဲပုဂ္ဂိုလ်

၁၀ ဧပြီ ၂၀၂၆ မှစ၍
အဆိုပြုသူပြည်ထောင်စုလွှတ်တော်
ခန့်အပ်သူသမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့
သက်တမ်းငါးနှစ်
ဖွဲ့စည်းပုံ အခြေခံဥပဒေမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
စတင်ထမ်းဆောင်သူတင်အောင်မြင့်ဦး
စိုင်းမောက်ခမ်း
ဖွဲ့စည်းခြင်း၃၀ မတ် ၂၀၁၁
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်
 မြန်မာနိုင်ငံ မုခ်ဝ

မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ ဒုတိယအမြင့်ဆုံး ရာထူးဖြစ်သည်။[၁] ဤရာထူးကို ၂၀၀၈ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် စတင်ခန့်ထားခဲ့ပြီး နိုင်ငံတော်သမ္မတ၏ လက်အောက်တွင် ရှိသည်။ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ဤရာထူးကို စတင်ခဲ့ပြီး နိုင်ငံ​တော်၏ ဒုတိယ​ခေါင်း​ဆောင် အဖြစ် သတ်မှတ်ထားကာ၊ ပြည်​ထောင်စုအစိုးရအဖွဲ့တွင် ဒုတိယသမ္မတနှစ်ဦးကို ခန့်အပ်ထားသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် တပ်မတော်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်တွင် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ သည် ယာယီသမ္မတ နေရာယူပြီး အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ကာ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထံ အာဏာလွှဲခဲ့သည်။ ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူမှာ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ ပုဒ်မ (၄၂၄) အရ ဒုတိယသမ္မတအဖြစ် ဆက်လက်တည်ရှိခဲ့ပြီး[၂]၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၎င်းအား ၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ကျန်းမာရေးအကြောင်းပြချက်ဖြင့် တာဝန်မှ အနားပေးခဲ့သည်။[၃]

ဒုတိယသမ္မတများ (၂၀၁၁-လက်ရှိ)

[ပြင်ဆင်ရန်]

အောက်ပါတို့သည် ၂၀၁၁ ခုနှစ် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၂၀၁၁ မြန်မာနိုင်ငံ သမ္မတရွေးချယ်တင်မြှောက်ခြင်း မှစတင်၍ မြန်မာနိုင်ငံ၏ ဒုတိယအကြီးအကဲ နှင့် ဒုတိယသမ္မတရာထူးများ တာဝန်ယူခဲ့သူများ၏ စာရင်းဖြစ်သည်။[၄]

ဦးသိန်းစိန်အစိုးရလက်ထက်အတွင်း ဒုတိယသမ္မတ (၁) နှင့် (၂) နေရာတို့တွင် ပုဂ္ဂိုလ်လေးဦးအထိ တာဝန်ထမ်းဆောင်ခဲ့ကြသည်။ [၅] [၆][၇]

ဒုတိယသမ္မတ (၁) များ

[ပြင်ဆင်ရန်]
မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ (၁) များ စာရင်း (၂၀၁၁–လက်ရှိ)
စဉ် ပုံ အမည် ရာထူးသက်တမ်း နိုင်ငံရေးပါတီ နိုင်ငံတော်သမ္မတ(များ)
တာဝန်စတင်တာဝန်ပြီးဆုံးသက်တမ်း
၁။ တင်အောင်မြင့်ဦး

(၁၉၅၀ မွေး)

၃၀ မတ် ၂၀၁၁ ၁ ဇူလိုင် ၂၀၁၂ ၁ နှစ်၊ ၉၃ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သိန်းစိန်
၂။ စိုင်းမောက်ခမ်း

(၁၉၅၀ မွေး)

၁ ဇူလိုင် ၂၀၁၂ ၃၀ မတ် ၂၀၁၆ ၃ နှစ်၊ ၂၇၃ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
၃။ မြင့်ဆွေ

(၁၉၅၁ မွေး)

၃၀ မတ် ၂၀၁၆ ၇ ဩဂုတ် ၂၀၂၅ ၉ နှစ်၊ ၁၃၀ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထင်ကျော်
ကိုယ်တိုင် (ယာယီ)
ဝင်းမြင့်
ကိုယ်တိုင် (ယာယီ)
မင်းအောင်လှိုင်
၄။ ညိုစော

(မွေးနှစ်မသိရ)

၁၀ ဧပြီ ၂၀၂၆ လက်ရှိ ၂၀၆ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ဒုတိယသမ္မတ (၂) များ

[ပြင်ဆင်ရန်]
မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ (၂) များ စာရင်း (၂၀၁၁–လက်ရှိ)
စဉ် ပုံ အမည် ရာထူးသက်တမ်း နိုင်ငံရေးပါတီ နိုင်ငံတော်သမ္မတ(များ)
တာဝန်စတင်တာဝန်ပြီးဆုံးသက်တမ်း
၁။ စိုင်းမောက်ခမ်း

(၁၉၅၀ မွေး)

၃၀ မတ် ၂၀၁၁ ၁ ဇူလိုင် ၂၀၁၂ ၁ နှစ်၊ ၉၃ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သိန်းစိန်
၂။ ဉာဏ်ထွန်း

(၁၉၅၄ မွေး)

၁၅ ဩဂုတ် ၂၀၁၂ ၃၀ မတ် ၂၀၁၆ ၃ နှစ်၊ ၂၂၈ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
၃။ ဟင်နရီဗန်ထီးယူ

(၁၉၅၈ မွေး)

၃၀ မတ် ၂၀၁၆ ၂၈ မတ် ၂၀၂၃ ၈ နှစ်၊ ၂၃ ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထင်ကျော်
မြင့်ဆွေ (ယာယီ)
ဝင်းမြင့်
- ၂၈ မတ် ၂၀၂၃ ၂၂ ဧပြီ ၂၀၂၄ တစ်သီးပုဂ္ဂလ မြင့်ဆွေ (ယာယီ)
၄။ နန်းနီနီအေး

(၁၉၆၉ မွေး)

၁၀ ဧပြီ ၂၀၂၆ လက်ရှိ ၂၀၆ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မင်းအောင်လှိုင်

ဒုတိယသမ္မတ (၁၉၈၅–၁၉၈၈)

[ပြင်ဆင်ရန်]

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယသမ္မတရာထူးများ မပေါ်ပေါက်မီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ ကာလ ၁၉၈၅ ခုနှစ်တွင်လည်း ဒုတိယသမ္မတရာထူးကို ဖန်တီးခဲ့ဖူးသည်။ ထိုစဉ်က ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ အခြေခံဥပဒေ (ပါတီစည်းမျဉ်း) တို့ကို ပြင်ဆင်ချက်နှစ်ရပ် ပြုလုပ်၍ ဤရာထူးကို စတင်ဖန်တီးခဲ့ခြင်းဖြစ်သည်။[၈]

မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ (၁၉၈၅–၁၉၈၈)
စဉ် ပုံ အမည်
(မွေးဖွား–ကွယ်လွန်)
ရာထူးသက်တမ်း နိုင်ငံရေးပါတီ နိုင်ငံတော်သမ္မတ(များ) မှတ်ချက်
တာဝန်စတင်တာဝန်ပြီးဆုံးသက်တမ်း
၁။ အေးကို
(၁၉၂၁–၂၀၀၆)
ဒီဇင်ဘာ ၁၉၈၅ ၂၇ ဇူလိုင် ၁၉၈၈ ၂ နှစ်၊ ၂၉၂ ရက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ စန်းယု [၉][၁၀][၁၁]
၂၇ ဇူလိုင် ၁၉၈၈ ၁၂ ဩဂုတ် ၁၉၈၈ စိန်လွင်
၁၉ ဩဂုတ် ၁၉၈၈ ၁၈ စက်တင်ဘာ ၁၉၈၈ မောင်မောင်

အလားတူရာထူးများ

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် ဒုတိယသမ္မတရာထူးများ မပေါ်ပေါက်မီ ခေတ်အဆက်ဆက်၌ အစိုးရအဖွဲ့ နှင့် တပ်မတော် ဒုတိယအကြီးအကဲနေရာများသည် အမည်နာမအမျိုးမျိုးဖြင့် အောက်ပါအတိုင်း ရှိခဲ့ကြသည်။

(၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း သီးသန့်ခန့်အပ်ခဲ့သော ဒုတိယသမ္မတရာထူးကို နောက်ခံသမိုင်းကြောင်း သီးခြားကဏ္ဍတွင် ကြည့်ရှုပါ။)

မြန်မာနိုင်ငံ၏ ဒုတိယအကြီးအကဲများ (၁၉၄၈–၂၀၁၁)
#ဓာတ်ပုံအမည်တာဝန်စတင်ရက်တာဝန်ပြီးဆုံးရက်နိုင်ငံရေးပါတီ / အဖွဲ့အစည်းမူလရာထူး / မှတ်ချက်
၁။ ပါလီမန်ဒီမိုကရေစီခေတ် (၁၉၄၈–၁၉၆၂)
၁ ဗိုလ်လက်ျာ၄ ဇန်နဝါရီ ၁၉၄၈၁၄ စက်တင်ဘာ ၁၉၄၈ဖဆပလဒုတိယဝန်ကြီးချုပ်
၂ ဗိုလ်ချုပ် စမစ်ဒွန်း၄ ဇန်နဝါရီ ၁၉၄၈၃၁ ဇန်နဝါရီ ၁၉၄၉တပ်မတော်တပ်မတော်စစ်သေနာပတိချုပ်
၃ စောကြာဒိုး၁၄ စက်တင်ဘာ ၁၉၄၈၁၄ စက်တင်ဘာ ၁၉၄၈တပ်မတော်ဒုတိယကာကွယ်ရေးဦးစီးချုပ်
၄ ဦးကျော်ငြိမ်း၁၄ စက်တင်ဘာ ၁၉၄၈၂ ဧပြီ ၁၉၄၉ဖဆပလဒုတိယဝန်ကြီးချုပ်
၅ ဗိုလ်ချုပ်ကြီး နေဝင်း၁ ဩဂုတ် ၁၉၄၈၁၀ ဒီဇင်ဘာ ၁၉၄၉တပ်မတော်ဒုတိယဝန်ကြီးချုပ်
၆ စဝ်ခွန်ချို၁၀ ဒီဇင်ဘာ ၁၉၄၉၂၉ အောက်တိုဘာ ၁၉၅၈တစ်သီးပုဂ္ဂလဒုတိယဝန်ကြီးချုပ်
၇ ဦးသိမ်းမောင်၂၉ အောက်တိုဘာ ၁၉၅၈၂၇ ဖေဖော်ဝါရီ ၁၉၅၉တစ်သီးပုဂ္ဂလအိမ်စောင့်အစိုးရ ဒုတိယဝန်ကြီးချုပ်
၈ ဦးလွန်းဘော်၂၇ ဖေဖော်ဝါရီ ၁၉၅၉၄ ဧပြီ ၁၉၆၀တစ်သီးပုဂ္ဂလအိမ်စောင့်အစိုးရ ဒုတိယဝန်ကြီးချုပ်
၉ စဝ်ခွန်ချို၄ ဧပြီ ၁၉၆၀၂ မတ် ၁၉၆၂တစ်သီးပုဂ္ဂလဒုတိယဝန်ကြီးချုပ်
၂။ တော်လှန်ရေးကောင်စီနှင့် မဆလခေတ် (၁၉၆၂–၁၉၈၅)
၁၀ ဗိုလ်မှူးချုပ် အောင်ကြီး၂ မတ် ၁၉၆၂၁၅ ဖေဖော်ဝါရီ ၁၉၆၃မဆလတော်လှန်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ
၁၁ ဗိုလ်ချုပ်ကြီး စန်းယု၁၅ ဖေဖော်ဝါရီ ၁၉၆၃၂၀ ဧပြီ ၁၉၇၂မဆလတော်လှန်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ
၁၂ သူရ ဦးတင်ဦး၂၀ ဧပြီ ၁၉၇၂၈ မတ် ၁၉၇၄မဆလဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)
၁၃ သူရ ဦးကျော်ထင်၂ မတ် ၁၉၇၄၈ မတ် ၁၉၇၄မဆလဒုတိယဝန်ကြီးချုပ် (ကာကွယ်ရေး)
၁၄ ဦးလွင်၂ မတ် ၁၉၇၄၂၉ မတ် ၁၉၇၇မဆလဒုတိယဝန်ကြီးချုပ်
၁၅ ဦးထွန်းတင်၂၉ မတ် ၁၉၇၇၂၆ ဇူလိုင် ၁၉၈၈မဆလဒုတိယဝန်ကြီးချုပ်
၁၆ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းရီ၁၃ မတ် ၁၉၈၁၁၉၈၃မဆလဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၁၇ ဒုတိယဗိုလ်ချုပ်ကြီး စောမောင်၁၉၈၃ဒီဇင်ဘာ ၁၉၈၅မဆလဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း)
၃။ စစ်အာဏာသိမ်းကာလ (နဝတ/နအဖ) (၁၉၈၈–၂၀၁၁)
၁၈ ဗိုလ်ချုပ်ကြီး သန်းရွှေ၁၈ စက်တင်ဘာ ၁၉၈၈ဇွန် ၁၉၉၃နဝတနဝတ ဒုတိယဥက္ကဋ္ဌ
၁၉ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးဇူလိုင် ၁၉၉၃၃၀ မတ် ၂၀၁၁နအဖနအဖ ဒုတိယဥက္ကဋ္ဌ
၄။ စစ်အာဏာသိမ်းကာလ (၂၀၂၁–၂၀၂၆)
၂၀ ဒုတိယဗိုလ်ချုပ်မှူးကြီး

စိုးဝင်း

၁ ဖေဖော်ဝါရီ ၂၀၂၁၃၀ မတ် ၂၀၂၆နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ


အခြားကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ Constitution of the Republic of the Union of Myanmar (2008), Chapter III: The President and Vice Presidents။ Burma Library (2008)။ 2 June 2011 တွင် ပြန်စစ်ပြီး။
  2. ↑ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၂) ကျင်းပ"။
  3. ↑ ORDER NO (33/2024): VP PERMITTED TO RETIRE။ mitv (22 April 2024)။ 22 April 2024 တွင် ပြန်စစ်ပြီး။
  4. ↑ The Statesman's Year-Book 1986-87။ Google Books (1986)။ 2 April 2026 တွင် ပြန်စစ်ပြီး။
  5. ↑ "ဒု သမ္မတလောင်း ဦးမြင့်ဆွေကို ဘယ်လိုမြင်ကြသလဲ"။
  6. ↑ "ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း ဒုတိယ သမ္မတ ဖြစ်လာဖွယ် ရှိ"။
  7. ↑ "ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ဒုသမ္မတ ခန့်အပ်"။
  8. ↑ The Far East and Australasia 1995။ Europa Publications။ 1994။ ISBN 9781857430004။
  9. ↑ Chiefs of State and Cabinet members of foreign governments / National Foreign Assessment Center. Jan-Aug 1986။ 2003။ hdl:2027/mdp.39015073049077။
  10. ↑ Chiefs of State and Cabinet members of foreign governments / National Foreign Assessment Center. 1988July-Dec.။ 2003။ hdl:2027/osu.32435024019804။
  11. ↑ Limited၊ Europa Publications (March 1988)။ The Europa year book။ Europa Publications။ ISBN 9780946653416။