မာတိကာသို့ ခုန်သွားရန်

ကရင်ပြည်သူ့ပါတီ

ဝီကီပီးဒီးယား မှ
ကရင်ပြည်သူ့ပါတီ
အင်္ဂလိပ် အမည်Kayin People's Party
အထွေထွေ အတွင်းရေးမှူးဦးစောစေးဝါး
ဥက္ကဋ္ဌစောထွန်းအောင်မြင့်
ဆောင်ပုဒ်KPP (ကရင်ပြည်သူ့ပါတီ) ဖားစည်တီး ပြည်ကြီးသာရမည်
တည်ထောင်ခြင်းမေ ၂၁၊ ၂၀၁၀ (၂၀၁၀-၀၅-၂၁)[]
ဌာနချုပ်ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မရမ်းကုန်းရပ်ကွက်၊ ရွှေဒါးကုန်းလမ်း၊ အမှတ်(၂၈)
နိုင်ငံရေး သဘောတရားကရင်အမျိုးသားရေး
အရောင်အပြာ၊ အနီ၊ အဖြူ
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ကရင်ပြည်နယ် လွှတ်တော် အမတ်နေရာ
၁ / ၂၃
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ကရင်ပြည်သူ့ပါတီ (အင်္ဂလိပ်: Kayin People's Party၊ အတိုကောက် KPP သို့မဟုတ် ကပပ) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။ ကရင်ပြည်သူ့ပါတီကို ၂၀၁၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး လက်ရှိ ပါတီဥက္ကဋ္ဌမှာ စောထွန်းအောင်မြင့် ဖြစ်သည်။

ပါတီမှတ်ပုံတင်ခြင်း

[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် နိုင်ငံရေးပါတီများအနေဖြင့် အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၁၈) ဖြင့် ခွင့်ပြုခဲ့သည်။[]

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မရမ်းကုန်းရပ်ကွက်၊ ရွှေဒါးကုန်းလမ်း၊ အမှတ်(၂၈) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားသည်။ []

ရွေးကောက်ပွဲ ယှဉ်ပြိုင်မှု

[ပြင်ဆင်ရန်]

၂၀၁၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ၆ နေရာအနိုင်ရခဲ့ရာတွင် ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာပါ ပါဝင်ခဲ့သည်။ [] ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်ပဲခူးဧရာဝတီတနင်္သာရီမွန်ပြည်နယ်ကရင်ပြည်နယ် မဲဆန္ဒနယ်များမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

မဲဆန္ဒနယ် ၁၂၂နေရာ ပါဝင်ယှဉ်ပြိုင်ရာ[] ကရင်ပြည်နယ် သံတောင်ကြီး မဲဆန္ဒနယ်(၂) ပြည်နယ်လွှတ်တော် တစ်နေရာသာအနိုင်ရခဲ့သည်။[] ပါတီ၏မူဝါဒမှာ ပါတီသည် ကရင်အမျိုးသားရေးကို ဦးစားပေး (၁) အဖြစ် လုပ်ဆောင်ပြီး တိုင်းရင်းသား လုပ်သားပြည်သူအားလုံး၏ အကျိုးကို ကျယ်ကျယ်ဝင့်ဝင့် လုပ်ဆောင်ရန် ဖြစ်သည်။[]

ကရင်တိုင်းရင်းသားများအား စောင့်ရှောက်နိုင်ရန်၊ တိုင်းပြည်အတွက် ကောင်းမွန်သည့်အလုပ်များ လုပ်ပေးရန် ရည်ရွယ်၍ ပါတီတည်ထောင်ခဲ့သည်။ ၂၀၁၀ ခုနှစ် မတ်လ ၃၁ တွင် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ရာ ၂၀၁၀ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် တည်ထောင်ခွင့် ရရှိခဲ့သည်။ ၂၀၁၀ ခုနှစ် မေလ ၁၂ ရက်နေ့တွင် ပါတီမှတ်ပုံတင် လျှောက်ထားခဲ့ပြီး မေလ ၂၁ ရက်နေ့တွင် ပါတီအမှတ်စဉ် ၉ ဖြင့် မှတ်ပုံတင်ခွင့် ရရှိခဲ့သည်။ []

အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင်မူ ကရင်ပြည်နယ်၊တနင်္သာရီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး တို့ ၌ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော် - ၄၄ နေရာ၊ကရင့်ရေးရာကိုယ်စားလှယ်နေရာ - ၅ နေရာ၊ပြည်သူ့လွှတ်တော် - ၁၈ နေရာ၊အမျိုးသားလွှတ်တော် - ၇ နေရာစုစုပေါင်း - ၇၄ နေရာတို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာတွင်[] ပြည်နယ်လွှတ်တော်(၁)နေရာဖြစ်သော သံတောင်ကြီးမဲဆန္ဒနယ်အမှတ်(၁) တွင်သာ အနိုင်ရခဲ့သည်။ []

ကရင်ပြည်သူ့ ပါတီဥက္ကဋ္ဌဖြစ်သူ စောထွန်းအောင်မြင့်သည်  ကရင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၀)တွင် ဝင်ရောက်ယှဉ်ပြိုင်ရာတွင်လည်း မဲရလဒ် ၁၄၃၀၀၊မဲပေးသူစုစုပေါင်းအရေအတွက်၏ ၃၆.၆၃ရာခိုင်နှုန်းအထိရရှိ ခဲ့သော်လည်း ပြိုင်ဘက်ဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာနော်ခရစ္စထွန်း(ခ)အားကာမိုးအား မဲရလဒ် ၃၇၅၀ မဲအကွာဖြင့် ရှုံးနိမ့်ခဲ့သည်ဟု ရွေးကောက်ပွဲဆိုင်ရာရလဒ်များက ဖော်ပြသည်။ [၁၀]

ပါတီမှတ်ပုံတင်ခြင်း

[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် နိုင်ငံရေးပါတီများအနေဖြင့် အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၁၈) ဖြင့် ခွင့်ပြုခဲ့သည်။[]


အလံနှင့် အမှတ်တံဆိပ်

[ပြင်ဆင်ရန်]

ပါတီ အလံ၏ အလယ်ဗဟိုတွင် ကရင်ဖားစည်ကို ထည့်သွင်းထားသည်။ ကရင်ဘိုးဘွားများ၏ အမွေအနှစ်ကို ထိန်းသိမ်း မြတ်နိုးတတ်သည့် ကရင်ဘဝဓလေ့ကို ဖော်ညွှန်းထားခြင်း ဖြစ်သည်။ အလံတွင် ပါဝင်သော သုံးရောင်ခြယ်မှာ အဖြူသည် ဖြူစင်သန့်ရှင်းခြင်း၊ မြင့်မြတ်ခြင်းကို ဖော်ညွှန်းသည်။ အနီမှာ သွေးကဲ့သို့ ရဲရဲနီပြီး ရဲရင့်ခြင်း၊ သတ္တိရှိခြင်း၊ အားမာန်ရှိခြင်းကို ဖော်ညွှန်းပြီး အပြာရောင်မှာ ကရင်လူမျိုးများ၏ သစ္စာရှိခြင်း၊ ရိုးသားခြင်း၊ တည်ကြည်ခြင်းများကို ဖော်ညွှန်းသည်။[၁၁]

ပါတီ၏ ရုံးတံဆိပ်

[ပြင်ဆင်ရန်]
ကရင်ပြည်သူ့ပါတီ ရုံးတံဆိပ်

အလယ်စက်ဝိုင်းတွင် ဖားစည်မျက်နှာပြင်ကို ထည့်သွင်းထားသည်။ ဖားစည်၏ အပေါ်တွင် ပါတီ၏ အမည်ကို မြန်မာဘာသာဖြင့် ကရင်ပြည်သူ့ပါတီ၊ အောက်ဘက်တွင် အင်္ဂလိပ်ဘာသာဖြင့် Kayin Peoples Party ဟု ရေးသားထားသည်။[၁၁]

ပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုဝန်ကြီးနေရာခန့်အပ်ခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့က ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က၎င်း၏တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတွင် ကရင်ပြည်သူ့ပါတီ၏ ဥက္ကဋ္ဌဖြစ်သူစောထွန်းအောင်မြင့်အား ပြည်ထောင်စုဝန်ကြီးနေရာပေးခဲ့သည်။ [၁၂]

ထို့ကြောင့် အမေရိကန်ပြည်ထောင်စု၏ ၂၀၂၁ မေလ၁၇ရက်  ပိတ်ဆို့အရေးယူမှု(၁၆)ဦး စာရင်းထဲ ပါတီ၏ ဥက္ကဋ္ဌဖြစ်သူပါဝင်သွားသည်။ [၁၃] [၁၄]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 ကရင်ပြည်သူ့ပါတီ Vote4Myanmar။ 18 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  2. 1 2 ကရင်ပြည်သူ့ပါတီ (KPP) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု Ministry of Information။ 2025-7-14 တွင် ပြန်စစ်ပြီး။
  3. ကရင်ပြည်သူ့ပါတီ (KPP) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု Myawaddy။ 24 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-7-14 တွင် ပြန်စစ်ပြီး။
  4. မော်ကွန်းတင်ပြီးမိတ္တူ 8 July 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 May 2022 တွင် ပြန်စစ်ပြီး။
  5. https://www.bbc.com/burmese/burma/2015/09/150918_2015_election_party_9
  6. မော်ကွန်းတင်ပြီးမိတ္တူ 18 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 May 2022 တွင် ပြန်စစ်ပြီး။
  7. မော်ကွန်းတင်ပြီးမိတ္တူ 12 May 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 May 2022 တွင် ပြန်စစ်ပြီး။
  8. မော်ကွန်းတင်ပြီးမိတ္တူ 21 April 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 May 2022 တွင် ပြန်စစ်ပြီး။
  9. မော်ကွန်းတင်ပြီးမိတ္တူ 18 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 May 2022 တွင် ပြန်စစ်ပြီး။
  10. မော်ကွန်းတင်ပြီးမိတ္တူ 18 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 May 2022 တွင် ပြန်စစ်ပြီး။
  11. 1 2 ကရင်ပြည်သူ့ပါတီ မူဝါဒလမ်းစဉ်များ 16 June 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  12. မော်ကွန်းတင်ပြီးမိတ္တူ 13 July 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 May 2022 တွင် ပြန်စစ်ပြီး။
  13. https://www.rfa.org/burmese/news/us-sanctions-on-16-individuals-connected-to-myanmar-military-regime-05172021120843.html
  14. https://burmese.voanews.com/a/us-sanctions-on-myanmar/5893562.html