အင်္ဂုတ္တရနိကာယ်

ဝီကီပီးဒီးယား မှ

အင်္ဂုတ္တရနိကာယ် (အင်္ဂလိပ်: Anguttara Nikaya) သည် ဗုဒ္ဓဘာသာ၏ နိကာယ် ငါးရပ်တွင် စတုတ္ထမြောက် နိကာယ်ဖြစ်ကာ ပိဋကတ်အားဖြင့် သုတ္တန်ပိဋကတ်၌ ပါရှိ၏ ။

ထေရဝါဒဗုဒ္ဓဘာသာတွင် အင်္ဂုတ္တရနိကာယ်သည် ကျမ်းစာအနေဖြင့် (၁၁) ကျမ်းရှိ၍ ဆဋ္ဌသင်္ဂါယနာမူအရ စာမျက်နှာ ၁,၆၅၀ ရှိသည်။ နိကာယ်လေးခုတွင် အကြီးဆုံး၊ အကျယ်ဝန်းဆုံးဟု သတ်မှတ်ကြကာ လန်ဒန် ပါဠိစာပေအသင်းက Gradual Sayings အမည်ဖြင့် ပြန်ဆိုသည်။[၁]

ရှေးယခင် သက္ကတဘာသာသုံး ဗုဒ္ဓဘာသာဂိုဏ်းများ၏ သုတ္တန်ပိဋကတ်များတွင် Ekottara Āgama ဟူ၍ သုံးနှုန်းထားသည်ကို တွေ့ရှိရသည်။ ထို၌ပါသော Āgama သည် ပါဠိဘာသာအားဖြင့် နိကာယ နှင့်အတူတူပင်ဖြစ်၏ ။ တရုတ်ဘာသာဖြင့် ဘာသာပြန်မူများတွင် လည်း အင်္ဂုတ္တိရကျမ်းအပြည့်အစုံတည်ရှိ ကြွင်းကျန်ရစ်သည်ဟုဆိုသည်။ အမည်အားဖြင့် 增一阿含經 (Zēngyī Ahánjīng) ဖြစ်၍ တွေးမြင်ယူဆနိုင်ဖွယ်မှာ မဟာသံဃိကဂိုဏ်း (သို့) သာဝတ္ထိဝေဒဂိုဏ်းတို့၏ ပြင်ဆင်ပြုပြင်ထားမှုများမှ ဖြစ်နိုင်ပေသည်။ ကီအွန် (Keown) အဆိုအရ ပါဠိတော်ကျမ်းစာနှင့် သာဝတ္ထိဝေဒကျမ်းတို့ကြား အလွန်ကြီးမားသည့် ကွာဟချက်၊ ကွဲလွဲချက်များရှိသည်၊ မဟာယာနနွယ် သုတ်များအနက် သုံးပုံ နှစ်ပုံကျော်ကို အခြားနေရာ (ကျမ်း) များ၌မတွေ့ရသောကြောင့် ထိုသုတ္တန်ပိဋကတ်များမှ အများစုသည် နှောင်းပိုင်းမှသာဖြစ်ပေါ်လာခဲ့သည်ဟု ညွှန်းဆိုသည်။[၂]

ဝေါဟာရအဓိပ္ပာယ်[ပြင်ဆင်ရန်]

အင်္ဂုတ္တရနိကာယဟု ပါဠိတွင် ခေါ်တွင်၍ အင်္ဂုတ္တရ ကို အင်္ဂ နှင့် ဥတ္တရ စကားလုံးနှစ်ခုဖြင့် ပေါင်းစပ်ထား၏ ။ အနက်မှာ တစ်ခုထက် တစ်ခုပို၍ သာလွန်သွားသော၊ တစ်ပါးတစ်ပါးသော အင်္ဂါကို လွန်သော။ တစ်ခုတစ်ခုသော တရားကို လွန်သော ဟူ၍ ဖြစ်သည်။[၃]

ပါဝင်ဖွဲ့စည်းမှု[ပြင်ဆင်ရန်]

ဗုဒ္ဓဘုရားဟောတော်မူသော တရားများ၌ အကြောင်းအရာတစ်ခုကို အခြေခံ၍ ဟောသည်များပါဝင်သကဲ့သို့ အကြောင်းအရာ နှစ်ခု၊ သုံးခု မှသည် ဆယ့်တစ်ခုအထိ ဟောတော်မူသော တရားများလည်းရှိသည်။ ထို့ကြောင့် အကြောင်းအရာ တစ်ခုကို အခြေခံသော တရားများကို ဧကကနိပါတ် ဟူ၍ အမည်ပေးကာ ထိုမှအဆင့်ဆင့်တက်လျှက် ဆယ့်တစ်ခုကို အခြေခံဟောသောတရားများကို ဧကာဒသမဟူ၍ အမည်များပေးကာ ဤအင်္ဂုတ္တရနိကာယ်ကို ဖွဲ့စည်းထားသည်။

ထို့ကြောင့် ဤနိကာယ်ကို နိပါတ် (သို့) အခန်း (၁၁) ခန်းဖြင့် ဖွဲ့စည်း၍ ရှေးယခင်က သုတ်ပေါင်း ၉,၅၅၇ ရှိခဲ့ကြသည်ဟု ဂါထာတစ်ခုအရသိရပြီး လက်ရှိဆဋ္ဌသင်္ဂါယနာမူအရ သုတ်ပေါင်း ၇,၄၄၄ ဟူ၍ ရေတွက်နိုင်ကြောင်း ဓမ္မာစရိယ ဦးမောင်မောင်လေးက ဖော်ပြထားသည်။[၁]

ဤနိကာယ်တွင် နိပါတ်များမှာ အောက်ပါအတိုင်းဖြစ်၏ ။

  1. ဧကကနိပါတ်
  2. ဒုကနိပါတ်
  3. တိကနိပါတ်
  4. စတုက္ကနိပါတ်
  5. ပဉ္စကနိပါတ်
  6. ဆက္ကနိပါတ်
  7. သတ္တကနိပါတ်
  8. အဋ္ဌကနိပါတ်
  9. နဝကနိပါတ်
  10. ဒသကနိပါတ်
  11. ဧကာဒသကနိပါတ်

ဤနိကာယ်တွင် ဗုဒ္ဓဘာသာ၏ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ စသည့်တရားများပါဝင်သော ကျမ်းများဖြစ်ကြ၍ ဓမ္မ၏ သဘောတရား၊ လက်တွေ့နှစ်ဖြာစသည်တို့နှင့်ပတ်သက်၍ မရှိမဖြစ်လိုအပ်သော အကျဉ်ချုပ်များကို အစဉ်လိုက်ပြသဖော်ပြထားသည်။[၄]


ဧကကနိပါတ်[ပြင်ဆင်ရန်]

  • ၁။ ရူပါဒိဝဂ်
  • ၂။ နီဝရဏပ္ပဟာနဝဂ်
  • ၃။ အကမ္မနိယဝဂ်
  • ၄။ အဒန္တဝဂ်
  • ၆။ အစ္ဆရာသံဃာတဝဂ်
  • ၇။ ဝီရိယာရမ္ဘာဒိဝဂ်
  • ၈။ ကလျာဏမိတ္တာဒိဝဂ်
  • ၉။ ပမာဒါဒိဝဂ်
  • ၁၀။ ဒုတိယပမာဒါဒိဝဂ်
  • ၁၁။ အဓမ္မဝဂ်
  • ၁၂။ အနာပတ္တိဝဂ်
  • ၁၃။ ဧကပုဂ္ဂလဝဂ်
  1. ပဌမဝဂ်
  2. ဒုတိယဝဂ်
  3. တတိယဝဂ်
  4. စတုတ္ထဝဂ်
  5. ပဉ္စမဝဂ်
  6. ဆဋ္ဌဝဂ်
  7. သတ္တမဝဂ်

၁၅။ အဋ္ဌာနပါဠိ

  1. ပဌမဝဂ်
  2. ဒုတိယဝဂ်
  3. တတိယဝဂ်

၁၆။ ဧကဓမ္မပါဠိ

  • ပဌမဝဂ်
  • ဒုတိယဝဂ်
  • တတိယဝဂ်
  • စတုတ္ထဝဂ်

၁၇။ ပသာဒကရဓမ္မဝဂ်

၁၈။ အပရအစ္ဆရာသံဃာတဝဂ်

၁၉။ ကာယဂတာသတိဝဂ်

၂၀။ အမတဝဂ်

ဒုကနိပါတပါဠိ[ပြင်ဆင်ရန်]

၁။ ပဌမပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • ၁။ ကမ္မကရဏဝဂ်
  • ၂။ အဓိကရဏဝဂ်

၂။ ဒုတိယပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • (၇) ၂။ သုခဝဂ်
  • (၈) ၃။ သနိမိတ္တဝဂ်
  • (၉) ၄။ ဓမ္မဝဂ်
  • (၁၀) ၅။ ဗာလဝဂ်
  • (၁၁) ၁။ အာသာဒုပ္ပဇဟဝဂ်

၃။ တတိယပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • (၁၂) ၂။ အာယာစနဝဂ်
  • (၁၃) ၃။ ဒါနဝဂ်
  • (၁၄) ၄။ သန္ထာရဝဂ်
  • (၁၅) ၅။ သမာပတ္တိဝဂ်
  • ကောဓပေယျာလံ
  • အကုသလပေယျာလံ
  • ဝိနယပေယျာလံ
  • ရာဂပေယျာလံ

တိကနိပါတပါဠိ[ပြင်ဆင်ရန်]

၁။ ပဌမပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • ၁။ ဗာလဝဂ်
  • ၂။ ရထကာရဝဂ်
  • ၃။ ပုဂ္ဂလဝဂ်
  • ၄။ ဒေဝဒူတဝဂ်
  • ၅။ စူဠဝဂ်

၂။ ဒုတိယပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • (၆) ၁။ ဗြာဟ္မဏဝဂ်
  • (၇) ၂။ မဟာဝဂ်
  • (၈) ၃။ အာနန္ဒဝဂ်
  • (၉) ၄။ သမဏဝဂ်
  • (၁၀) ၅။ လောဏကပလ္လဝဂ်

၃။ တတိယပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • (၁၁) ၁။ သမ္ဗောဓဝဂ်
  • (၁၂) ၂။ အာပါယိကဝဂ်
  • (၁၃) ၃။ ကုသိနာရဝဂ်
  • (၁၄) ၄။ ယောဓာဇီဝဝဂ်
  • (၁၅) ၅။ မင်္ဂလဝဂ်

စတုက္ကနိပါတပါဠိ[ပြင်ဆင်ရန်]

၁။ ပဌမပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • ၁။ ဘဏ္ဍဂါမဝဂ်
  • ၂။ စရဝဂ်
  • ၃။ ဥရုဝေလဝဂ်
  • ၄။ စက္ကဝဂ်
  • ၅။ ရောဟိတဿဝဂ်

၂။ ဒုတိယပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • (၆) ၁။ ပုညာဘိသန္ဒဝဂ်
  • (၇) ၂။ ပတ္တကမ္မဝဂ်
  • (၈) ၃။ အပဏ္ဏကဝဂ်
  • (၉) ၄။ မစလဝဂ်
  • (၁၀) ၅။ အသုရဝဂ်

၃။ တတိယပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • (၁၁) ၁။ ဝလာဟကဝဂ်
  • (၁၂) ၂။ ကေသိဝဂ်
  • (၁၃) ၃။ ဘယဝဂ်
  • (၁၄) ၄။ ပုဂ္ဂလဝဂ်
  • (၁၅) ၅။ အာဘာဝဂ်

၄။ စတုတ္ထပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • (၁၆) ၁။ ဣန္ဒြိယဝဂ်
  • (၁၇) ၂။ ပဋိပဒါဝဂ်
  • (၁၈) ၃။ သဉ္စေတနိယဝဂ်
  • (၁၉) ၄။ ဗြာဟ္မဏဝဂ်
  • (၂၀) ၅။ မဟာဝဂ်

၅။ ပဉ္စမပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • (၂၁) ၁။ သပ္ပုရိသဝဂ်
  • (၂၂) ၂။ ပရိသာဝဂ်
  • (၂၃) ၃။ ဒုစ္စရိတဝဂ်
  • (၂၄) ၄။ ကမ္မဝဂ်
  • (၂၅) ၅။ အာပတ္တိဘယဝဂ်
  • (၂၆) ၆။ အဘိညာဝဂ်
  • (၂၇) ၇။ ကမ္မပထဝဂ်
  • (၂၈) ၈။ ရာဂပေယျာလံ

ပဉ္စကနိပါတပါဠိ[ပြင်ဆင်ရန်]

၁။ ပဌမပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • ၁။ သေခဗလဝဂ်
  • ၂။ ဗလဝဂ်
  • ၃။ ပဉ္စင်္ဂိကဝဂ်
  • ၄။ သုမနဝဂ်
  • ၅။ မုဏ္ဍရာဇဝဂ်

၂။ ဒုတိယပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • (၆) ၁။ နီဝရဏဝဂ်
  • (၇) ၂။ သညာဝဂ်
  • (၈) ၃။ ယောဓာဇီဝဝဂ်
  • (၉) ၄။ ထေရဝဂ်
  • (၁၀) ၅။ ကကုဓဝဂ်

၃။ တတိယပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • (၁၁) ၁။ ဖာသုဝိဟာရဝဂ်
  • (၁၂) ၂။ အန္ဓကဝိန္ဒဝဂ်
  • (၁၃) ၃။ ဂိလာနဝဂ်
  • (၁၄) ၄။ ရာဇဝဂ်
  • (၁၅) ၅။ တိကဏ္ဍကီဝဂ်

၄။ စတုတ္ထပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • (၁၆) ၁။ သဒ္ဓမ္မဝဂ်
  • (၁၇) ၂။ အာဃာတဝဂ်
  • (၁၈) ၃။ ဥပါသကဝဂ်
  • (၁၉) ၄။ အရညဝဂ်
  • (၂၀) ၅။ ဗြာဟ္မဏဝဂ်

၅။ ပဉ္စမပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • (၂၁) ၁။ ကိမိလဝဂ်
  • (၂၂) ၂။ အက္ကောသကဝဂ်
  • (၂၃) ၃။ ဒီဃစာရိကဝဂ်
  • (၂၄) ၄။ အာဝါသိကဝဂ်
  • (၂၅) ၅။ ဒုစ္စရိတဝဂ်
  • (၂၆) ၆။ ဥပသမ္ပဒါဝဂ်
  • ၁။ သမ္မုတိပေယျာလံ
  • ၂။ သိက္ခာပဒပေယျာလံ
  • ၃။ ရာဂပေယျာလံ

ဆက္ကနိပါတပါဠိ[ပြင်ဆင်ရန်]

၁။ ပဌမပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • ၁။ အာဟုနေယျဝဂ်
  • ၂။ သာရဏီယဝဂ်
  • ၃။ အနုတ္တရိယဝဂ်
  • ၄။ ဒေဝတာဝဂ်
  • ၅။ ဓမ္မိကဝဂ်

၂။ ဒုတိယပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • ၆။ မဟာဝဂ်
  • ၇။ ဒေဝတာဝဂ်
  • ၈။ အရဟတ္တဝဂ်
  • ၉။ သီတိဝဂ်
  • ၁၀။ အာနိသံသဝဂ်
  • ၁၁။ တိကဝဂ်
  • ၁၂။ သာမညဝဂ်
  • ၂၄။ ရာဂပေယျာလံ

သတ္တကနိပါတပါဠိ[ပြင်ဆင်ရန်]

ပဌမပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • ၁။ ဓနဝဂ်
  • ၂။ အနုသယဝဂ်
  • ၃။ ဝဇ္ဇိသတ္တကဝဂ်
  • ၄။ ဒေဝတာဝဂ်
  • ၅။ မဟာယညဝဂ်
  • ၆။ အဗျာကတဝဂ်
  • ၇။ မဟာဝဂ်
  • ၈။ ဝိနယဝဂ်
  • ၉။ သမဏဝဂ်

အဋ္ဌကနိပါတပါဠိ[ပြင်ဆင်ရန်]

၁။ ပဌမပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • ၁။ မေတ္တာဝဂ်
  • ၂။ မဟာဝဂ်
  • ၃။ ဂဟပတိဝဂ်
  • ၄။ ဒါနဝဂ်
  • ၅။ ဥပေါသထဝဂ်

၂။ ဒုတိယပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • (၆) ၁။ ဂေါတမီဝဂ်
  • (၇) ၂။ ဘူမိစာလဝဂ်
  • (၈) ၃။ ယမကဝဂ်
  • (၉) ၄။ သတိဝဂ်
  • (၁၀) ၅။ သာမညဝဂ်
  • (၁၁)။ ရာဂပေယျာလံ

နဝကနိပါတပါဠိ[ပြင်ဆင်ရန်]

၁။ ပဌမပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • ၁။ သမ္ဗောဓိဝဂ်
  • ၂။ သီဟနာဒဝဂ်
  • ၃။ သတ္တာဝါသဝဂ်
  • ၄။ မဟာဝဂ်
  • ၅။ သာမညဝဂ်

၂။ ဒုတိယပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • (၆) ၁။ ခေမဝဂ်
  • (၇) ၂။ သတိပဋ္ဌာနဝဂ်
  • (၈) ၃။ သမ္မပ္ပဓာနဝဂ်
  • (၉) ၄။ ဣဒ္ဓိပါဒဝဂ်
  • (၁၀) ၅။ ရာဂပေယျာလံ

ဒသကနိပါတပါဠိ[ပြင်ဆင်ရန်]

၁။ ပဌမပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • ၁။ အာနိသံသဝဂ်
  • ၂။ နာထဝဂ်
  • ၃။ မဟာဝဂ်
  • ၄။ ဥပါလိဝဂ်
  • ၅။ အက္ကောသဝဂ်

၂။ ဒုတိယပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • (၆) ၁။ သစိတ္တဝဂ်
  • (၇) ၂။ ယမကဝဂ်
  • (၈) ၃။ အာကင်္ခဝဂ်
  • (၉) ၄။ ထေရဝဂ်
  • (၁၀) ၅။ ဥပါလိဝဂ်

၃။ တတိယပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • (၁၁) ၁။ သမဏသညာဝဂ်
  • (၁၂) ၂။ ပစ္စောရောဟဏိဝဂ်
  • (၁၃) ၃။ ပရိသုဒ္ဓဝဂ်
  • (၁၄) ၄။ သာဓုဝဂ်
  • (၁၅) ၅။ အရိယဝဂ်

၄။ စတုတ္ထပဏ္ဏာသကံ[ပြင်ဆင်ရန်]

  • (၁၆) ၁။ ပုဂ္ဂလဝဂ်
  • (၁၇) ၂။ ဇာဏုဿောဏိဝဂ်
  • (၁၈) ၃။ သာဓုဝဂ်
  • (၁၉) ၄။ အရိယမဂ္ဂဝဂ်
  • (၂၀) ၅။ အပရပုဂ္ဂလဝဂ်
  • (၂၁) ၁။ ကရဇကာယဝဂ်
  • (၂၂) ၂။ သာမညဝဂ်
  • ၂၃။ ရာဂပေယျာလံ

ဧကာဒသကနိပါတပါဠိ[ပြင်ဆင်ရန်]

  • ၁။ နိဿယဝဂ်
  • ၂။ အနုဿတိဝဂ်
  • ၃။ သာမညဝဂ်
  • ၄။ ရာဂပေယျာလံ

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ဓမ္မာစရိယ ဦးမောင်မောင်လေး (ဩဂုတ် ၁၉၈၉)။ ပိဋကတ်အနှစ်ချုပ်၊ အင်္ဂုတ္တရနိကာယ် (ဧကကနိပါတ်မှ ပဉ္စကနိပါတ်အထိ)။ ရန်ကုန်: နှလုံးလှစာပေ။
  2. A Dictionary of Buddhism, by Damien Keown, Oxford University Press: 2004
  3. မြန်မာ-ပါဠိ-အင်္ဂလိပ် အဘိဓာန်၊ ဦးဟုတ်စိန်
  4. Ko Lay (1991)။ Myanmar Pitaka Association (ed.)။ Guide to Tipitaka (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Kuala Lumpur, Malaysia: Sin Jayanti Buddhist Temple။