ဥဿူရဘတ္တသုတ်

ဝီကီပီးဒီးယား မှ

[၁] ဤသုတ်၌ (က)နေ့မြင့်မှထမင်းချက်သောအိမ်၌ အပြစ်ငါးမျိုး၊ (ခ)အချိန်မီ ထမင်းချက်သောအိမ်၌ အကျိုး ၅-ပါးတို့ကို ဟောတော်မူသည့်သုတ်။ [၂]


ဥဿူရဘတ္တသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် နေမြင့်မှ ထမင်းချက်သော အိမ်၏ အပြစ်နှင့် အချိန်မီ ထမင်းချက်သော အိမ်၏ အကျိုးကို ဟောကြားထားသည်။[၃]

ဥဿူရဘတ္တသုတ်[ပြင်ဆင်ရန်]

နေမြင့်မှ ထမင်းချက်သော အိမ်၌ အပြစ်[ပြင်ဆင်ရန်]

ရဟန်းတို့ နေမြင့်မှ ထမင်းချက်သော အိမ်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူ -

(၁) ခရီးသွားဧည့်သည်တို့ကို အခါအားလျော်စွာ မပူဇော်ရကုန်။

(၂) ဗလိနတ်စာကို ခံကုန်သော နတ်တို့ကို အခါအားလျော်စွာ မပူဇော်ရကုန်။

(၃) တစ်ထပ်သာ စားကုန်သော ညဉ့်စာစားခြင်းမှ ရှောင်ကြဉ်ကုန်သော, နေလွဲ စားခြင်းမှ ရှောင်ကြဉ်ကုန်သော သမဏဗြဟ္မဏတို့ကို အခါအားလျော်စွာ မပူဇော်ရကုန်။

(၄) ကျွန်အမှုလုပ်ယောက်ျားတို့သည် မျက်နှာမသာမယာဘဲ အလုပ်လုပ်ကြရကုန်၏။

(၅) အခါမဲ့၌ စားသမျှ ထမင်းသည် ဩဇာမရှိ။

ရဟန်းတို့ နေမြင့်မှ ထမင်းချက်သော အိမ်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။[၃]

အချိန်မီ ထမင်းချက်သော အိမ်၌ အကျိုး[ပြင်ဆင်ရန်]

ရဟန်းတို့ အချိန်မီ ထမင်းချက်သော အိမ်၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးနည်းဟူမူ -

(၁) ခရီးသွားဧည့်သည်တို့ကို အခါအားလျော်စွာ ပူဇော်ရကုန်၏။

(၂) ဗလိနတ်စာကို ခံကုန်သော နတ်တို့ကို အခါအားလျော်စွာ ပူဇော်ရကုန်၏။

(၃) တစ်ထပ်သာ စားကုန်သော ညဉ့်စာ စားခြင်းမှ ရှောင်ကြဉ်ကုန်သော နေလွဲ စားခြင်းမှ ရှောင်ကြဉ်ကုန်သော သမဏဗြဟ္မဏတို့ကို အခါအားလျော်စွာ ပူဇော်ရကုန်၏။

(၄) ကျွန်အမှုလုပ်ယောက်ျားတို့သည် မျက်နှာသာယာကုန်လျက် အလုပ်ကို လုပ်ကုန်၏။

(၅) အချိန်မီ စားသမျှ ထမင်းသည် ဩဇာရှိ၏။

ရဟန်းတို့ အချိန်မီ ထမင်းချက်သော အိမ်၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၂၂၇။ အံ၊မြန်၊၂၊၂၈၈-၉။ အံ၊ဋ္ဌ၊၃၊၈၂။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ပဉ္စမပဏ္ဏာသက၊ (၂၃)၃-ဒီဃစာရိကဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ၃.၀ ၃.၁ ၃.၂ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ) ၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ (၅) ပဉ္စမပဏ္ဏာသက (၂၃) ၃- ဒီဃစာရိကဝဂ် ၈-ဥသူရဘတ္တသုတ်။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ သာသနာ - ၂၅၄၁၊ ကောဇာ - ၁၃၅၉၊ ၁၉၉၈ ခုနှစ်။ pp. ၂၈၇၊ ၂၈၉။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)