စုန္ဒသုတ်

ဝီကီပီးဒီးယား မှ

(၄)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ၊ သာဝတ္ထိမြို့တော် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် အရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်ဝင်စံမှုနှင့် စပ်လျဉ်း၍ အရှင်အာနန္ဒာ၏ လျှောက်ထားချက်များ၊ ဘုရားရှင်၏ ပြန်လည်မိန့်ကြားချက်များ၊ အတ္တဒီပ၊ အတ္တသရဏ၊ ဓမ္မဒီပ၊ ဓမ္မသရဏ၊ အနညသရဏဖြစ်အောင် သတိပဋ္ဌာန် လေးပါးကို ပွားများနေရမည်-ဟု ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -အရှင်သာရိပုတ္တရာ၏ ပရိနိဗ္ဗာန်ပြုပုံ အပြည့်အစုံ ပါရှိပါသည်။

ဋီကာ၌ -အရှင်သာရိပုတ္တရာ၏ မွေးချင်းခြောက်ဦး ပါရှိပါသည်။


[၂] ဘုရားရှင် ပါဝါမြို့ ကမ္မာရယုတ္တ စုန္ဒ၏ သရက်ဥယျာဉ်ဝယ် သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်၏ မိန့်ကြားတော်မူချက်အရ စုန္ဒကမ္မာရယုတ္တက “သူနှစ်သက် သော ပစ္ဆာမဘူမကအရပ်သား ဗြာဟ္မဏများ၏ သောစေယျအကျင့်များအား လျှောက်ထားမှုကို အကြောင်းပြု၍ ယင်းတို့၏ သောစေယျနှင့် မြတ်ဗုဒ္ဓ၏ သောစေယျတို့ မတူညီပုံကို ဒုစရိုက်ဆယ်ပါး သုစရိုက်ဆယ်ပါးတို့ဖြင့် အကျယ်တဝင့် ရှင်းလင်းဟောတော်မူရာ စုန္ဒကမ္မာရပုတ္တ ဥပါသကာအဖြစ် ခံယူပုံကို ပြဆိုသည့်သုတ်။


[၃] ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံတော်မူမည့်နေ့၌ စုန္ဒကမ္မာရယုတ္တ၏ သူကရမဒ္ဒဝ ဆွမ်းပုံ၊ ပါဝါမှ ကုသိနာရုံသို့ ကြွတော်မူပုံ၊ အကျိုးအာနိသင်ကြီးမားသည့် ဆွမ်းနှစ်မျိုးတို့ကို ဟောကြားတော်မူပုံ-တို့ကို ပြဆိုသည့်သုတ်။


[၄] တစ်သိန်းတန် ရွှေခွက်များဖြင့် ပါဝါမြို့၊ စုန္ဒရွှေပန်းထိန်သည်၏နေအိမ်၌ ဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းလုပ်ကျွေးကြရာ ပါပဘိက္ခုက ရွှေခွက်ကို ခိုးယူထားသည်ကို မသိဟန်ပြု၍ “လောက၌ ရဟန်းအမျိုးအစား အဘယ်မျှ ရှိပါသနည်း”ဟု စုန္ဒရွှေပန်းထိန်သည်၏ မေးလျှောက်ချက်အရ လောက၌ ရဟန်းလေးမျိုးရှိကြောင်း အကျယ်ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌-ဤသုတ်ဖြစ်ပေါ်လာပုံနှင့်တကွ ပုဒ်အဖွင့်များ ပါရှိပါသည်။ [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၁၃၉-၁၄၁။ သံ၊မြန်၊၃၊၁၄၅-၆။ သံ၊ဋ္ဌ၊၃၊၂၄၅-၂၅၇။ သံ၊ဋီ၊၂၊၄၇၈-၄၈၀။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၃-သတိပဋ္ဌာနသံယုတ္တ၊ ၂-နာလန္ဒဝဂ္ဂ၊ တတိယသုတ်။
  2. -အံ၊၃၊၄၇၂-၄၈၂။ အံ၊မြန်၊၃၊၄၆၅-၄၇၂။ အံ၊ဋ္ဌ၊၃၊၃၃၈။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ စတုတ္ထပဏ္ဏာသက၊ (၁၇) ၂-ဇာဏုဿောဏိဝဂ္ဂ၊ ဒသမသုတ်။
  3. -ဥဒါန၊၁၇၉-၁၈၃။ ဥဒါန၊မြန်၊၁၆၂-၁၆၆။ ဥဒါန၊ဋ္ဌ၊၃၆၁-၇။ -ခုဒ္ဒကနိကာယ၊ ဥဒါန၊ ၈-ပါဋလိဂါမိယဝဂ္ဂ၊ ပဉ္စမသုတ်။ (ဒီ၊၂၊၁၀၅။)
  4. -သုတ္တနိ၊၂၉၃-၄။ သုတ္တန်။မြန်၊၂၇၇-၈။ သုတ္တနိ၊ဋ္ဌ၊၁၊၁၄၂-၉။ -ခုဒ္ဒကနိကာယ၊ သုတ္တနိပါတ၊ ၁-ဥရဂဝဂ္ဂ၊ ပဉ္စမသုတ်။
  5. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ