ဗလီဗဒ္ဒသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးနေတော်မူစဉ်

၁ -မိမိနွားအုပ်၌သာ ကြမ်းတမ်းလျက် အခြားနွားအုပ်၌ မကြမ်းထမ်းသော နွားလား။

၂ -အခြားနွားအုပ်၌သာ ကြမ်းထမ်းလျက် မိမိနွားအုပ်၌ မကြမ်းထမ်းသော နွားလား။

၃ -မိမိနွားအုပ်၌လည်း ကြမ်းထမ်း၊ အခြားနွားအုပ်၌လည်း ကြမ်းထမ်းသော နွားလား။

၄ -မိမိနွားအုပ်၌လည်း မကြမ်းထမ်း၊ အခြားနွားအုပ်၌လည်း မကြမ်းထမ်းသော နွားလား-ဟူသော နွားလားလေးမျိုးနှင့်တူသော ပုဂ္ဂိုလ်လေးမျိုးကို ရဟန်းတို့အား ဘုရားရှင် ဟေကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌လည်း ဖွင့်ဆိုချက်များပါရှိပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၄၂၃-၄။ အံ၊မြန်၊၁၊၄၃၆-၇။ အံ၊ဋ္ဌ၊၂၊၃၂၈။ အံ၊ဋီ၊၂၊၃၂၄။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ၃-တတိယပဏ္ဏာသက၊ (၁၁)၁-ဝလာဟကဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ