ဧတဒဂ္ဂဝဂ်

ဝီကီပီးဒီးယား မှ

[၁] ဧတဒဂ္ဂဝဂ်၌ ဝဂ်ပေါင်း ၇-ဝဂ်ရှိသည်၊ ပဌမဝဂ်၌ (၁၀)သုတ်၊ ဒုတိယဝဂ်၌ (၁၁)သုတ်၊ တတိယဝဂ်၌ (၁၀)သုတ်၊ စတုတ္ထဝဂ်၌ (၁၆)သုတ်၊ ပဉ္စမဝဂ်၌ (၁၃)သုတ်၊ ဆဋ္ဌဝဂ်၌ (၁၀)သုတ်၊ သတ္တမဝဂ်၌ (၁၀)သုတ်အားဖြင့် သုတ်ပေါင်း (၈၀)ရှိသည်။ ထိုတွင် ပထမဝဂ်မှ စတုတ္ထဝဂ်အထိ ဧတဒဂ်ဘွဲ့ မထေရ်ပေါင်း (၄၁)ပါး၊ ပဉ္စမဝဂ်၌ ထေရီ (၁၃)ပါး၊ ဆဋ္ဌဝဂ်၌ ဥပါသကာ (၁၀)ဦး၊ သတ္တမဝဂ်၌ ဥပါသိကာ (၁၀)ဦး ရှိပါသည်။ ထိုတွင် အရှင်အာနန္ဒာသည် ဧတဒဂ်ဘွဲ့ (၅)ဘွဲ့၊ အရှင်စူဠပန္ထကထေရ် (၂)ဘွဲ့၊ အရှင်သုဘူတိ (၂)ဘွဲ့၊ အခြားမထေရ်များ (၁)ဘွဲ့စီ ရရှိတော်မူကြပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၂၃-၂၈။ အံ၊မြန်၊၁၊၃၀-၃၇။ အံ၊ဋ္ဌ၊၁၊၉၆-၃၅၂။ အံ၊ဋီ၊၁၊၁၄၂-၂၁၀။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၁၄-ဧတဒဂ္ဂဝဂ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ