အဓိမာနသုတ်

ဝီကီပီးဒီးယား မှ

[၁] “မိမိရဟန္တာဖြစ်ပြီ” ဟု အထင်ကြီး (ရပြီဟုထင်မှတ်) ခြင်းကြောင့် ပြောဆိုတတ်သည်။ ယင်းအထင်ကြီးခြင်းသည် ဗဟုဿုတရှိသူ ဖြစ်တတ်သည်။ ဟုတ်/မဟုတ်ကို စေတောပရိယအဘိညာဏ်ရှိသော မြတ်စွာဘုရားနှင့် မြတ်စွာဘုရား၏ တပည့်သာဝကတို့ သိရှိနိုင်ပုံ၊ အဘိဇ္ဈာ, ဗျာပါဒ, ထိန-မိဒ္ဓ၊ ဥဒ္ဓစ္စ ဝိစိကိစ္ဆာ, အမှုသစ်လုပ်ငန်း, စကားပြောဆိုမှု, အိပ်ခြင်း အပေါင်းအဖော် (မိတ်ဆွေဖွဲ့မှု) အနည်းငယ်မျှ တရားထူးကို ရကာမျှဖြင့် ရောင့်ရဲ ပြီးဆုံးခြင်းသို့ရောက်သူ-ဟူသောတရားဆယ်မျိုးကို မပယ်စွန့်ဘဲ ဤသာသနာတော်၌ မကြီးပွားနိုင်-ဟု အရှင်မဟာကဿပထေရ် ရာဇဂြိုဟ်မြို့ ဝေဠုဝန် ကျောင်းတော်၌ ရဟန်းတို့အား ဟောကြားတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၃၊၃၈၆-၉။ အံ၊မြန်၊၃၊၃၈၁-၃။ အံ၊ဋ္ဌ၊၃၊၃၂၅။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၉)၄-ထေရဝဂ္ဂ၊ ဆဋ္ဌသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ