ပုဏ္ဏိယသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပုဏ္ဍိယရဟန်းက ဘုရားရှင်အား မေးလျှောက်ခြင်းကြောင့်-

-ရဟန်းသည် သဒ္ဓါတရားရှိသော်လည်း

-ဘုရားရှင်ထံ မချဉ်းကပ်၊ (အနီးသို့ရောက်အောင်မသွား)

-မဆည်းကပ်၊ (အထံတော်သို့ မကြာ မကြာ မသွားရောက်)

-သိလိုသောပြဿနာကို မမေးမြန်း မလျှောက်ထား။

-မိန့်ကြားတော်မူချက်များကို နားစိုက်၍မထောင်။

-တရားတော်ကို မနာယူ။

-နာယူပြီးသော တရားတော်ကို မမေ့မပျောက်အောင် ဆောင်မထား။

-ဆောင်ထားအပ်သောတရားတော်၏ အနက်အဓိပ္ပါယ်ကို မဆင်ခြင်။

-အနက်အဓိပ္ပါယ်(အကျိုး) ပါဠိ (အကြောင်း)ကို သိသည်။

-သိသည့်အတိုင်း ဓမ္မာနုဓမ္မပဋိပတ်ကို မကျင့်သုံးခြင်း။ ဟူသော ဘုရားရှင် (ဟောတော်မူသည့်) ဓမ္မဒေသနာဉာဏ်တော်အား မထင်ရှားသော အကြောင်းရှစ်မျိုးကိုလည်းကောင်း။

-သဒ္ဓါတရားရှိသော ရဟန်းတော်သည် ဘုရားရှင်ထံတော်သို့ ချဉ်းကပ်ခြင်း၊

-သိလိုသောပြဿနာကို မေးမြန်း လျှောက်ထားခြင်း၊

-မိန့်ကြားတော်မူချက်များကို ရိုသေစွာ နားစိုက်၍ထောင်ခြင်း။

-တရားတော်ကို နာယူခြင်း၊

-နာယူပြီးသော တရားတော်ကို မမေ့မပျောက်အောင် ဆောင်ထားခြင်း၊

-ဆောင်ထားအပ်သောတရားတော်၏ အနက်အဓိပ္ပါယ်ကို စိစစ်ဆင်ခြင်ခြင်း၊

-အနက်အဓိပ္ပါယ်(အကျိုး) ပါဠိ(အကြောင်း)ကို သိမြင်ခြင်း၊

-သိသည့်အတိုင်း ဓမ္မာနုဓမ္မပဋိပတ်အကျင့်ကို ကျင့်သုံးခြင်း-ဟူသော ဘုရားရှင် ဟောကြားတော်မူသည့် ဓမ္မဒေသနာဉာဏ်တော်အား ထင်ရှားသော အကြောင်းရှစ်မျိုးကိုလည်းကောင်း အရှင်ပုဏ္ဏယအား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အရှင်ပုဏ္ဏိယထေရ်၏ မေးမြန်းလျှောက်ထားချက်အရ အထက်သုတ်တော်အတိုင်း ဘုရားရှင် ဟောကြားတော်မူသည့် တရားဒေသနာတော် ဉာဏ်၌ မထင်ခြင်းအကြောင်းရှစ်မျိုးတို့တွင်

-ယဉ်ကျေးလိမ္မာစွာ ပြောဆိုသောစကားကို မပြောဆိုခြင်း၊

-ကြည်လင်ပြတ်သားမှုမရှိသည့် အနက်အဓိပ္ပါယ်ကို သိလွယ်သောစကားသံ မဟုတ်ခြင်း၊

-သီတင်းသုံးဖော်တို့အား ပစ္စုပ်, သံသာ ကျိုးနှစ်ဖြာကို ထင်ရှားစွာ မပြနိုင်၊ ကုသိုလ်တရားတို့၌ မဆောက်တည်စေနိုင်၊ ကုသိုလ်တရားတို့၌ မထက်သန် စေနိုင်၊ ကုသိုလ်တရားတို့၌ ရွှင်လန်းအားတက်မှု မပြုနိုင်ခြင်းဟူသော အကြောင်းနှစ်ပါးကို ဖြည့်စွက်လျက်လည်းကောင်း၊

-ဉာဏ်၌ထင်ရှားစွာဖြစ်သော အကြောင်းရှစ်မျိုးတို့တွင်

-လိမ္မာယဉ်ကျေးသောစကားကို ပြောဆိုခြင်း၊

-ကြည်လင်ပြတ်သားစွာ, အနက်အဓိပ္ပါယ်ကိုသိလွယ်သော စကားသံဖြင့် ပြောဆိုခြင်း၊

-သီတင်းသုံးဖော်တို့အား ပစ္စုပ်, သံသာ ကျိုးနှစ်ဖြာကို ထင်ရှားစွာပြနိုင်, ကုသိုလ် တရားတို့၌ ဆောက်တည်စေနိုင်, ကုသိုလ်တရားတို့၌ ထက်သန်စေနိုင်, ကုသိုလ်တရားတို့၌ ရွှင်လန်းအားတက်စေနိုင်ခြင်းဟူသော အကြောင်းနှစ်ပါးကို ဖြည့်စွက်၍လည်းကောင်း အရှင်ပုဏ္ဏိယထေရ်အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. အံ၊၃၊၁၅၁-၂။ အံ၊မြန်၊၃၊၁၅၄။ -အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ (၉) ၄-သတိဝဂ္ဂ၊ ဒုတိယသုတ်။
  2. -အံ၊၃၊၃၇ဝ-၃၈၀။ အံ၊မြန်၊၃၊၃၇၅-၆။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ (၉)၄-ထေရဝဂ္ဂ၊ တတိယသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ