အရက္ခေယျသုတ်
ပုံပန်းသွင်ပြင်
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
[၁] ဘုရားရှင်၏ သန့်ရှင်းစင်ကြယ် (အပြစ်ကင်း)သော ကိုယ်အကျင့် “ကာယ သမာစာရ” နှုတ်အကျင့် “ဝစီသမာစာရ”၊ စိတ်အကျင့် “မနောသမာစာရ”၊ အသက်မွေးမှု “ပရိသုဒ္ဓါဇီဝ” ဟူသော တရားလေးပါးနှင့် ပြည့်စုံတော်မူခြင်းကြောင့် “ငါ၏ ကာယဒုစရိုက်, ဝစီဒုစရိုက်, မနောဒုစရိုက်နှင့် မှားယွင်းနေသော အသက်မွေးမှုကို အခြားသူ မသိပါစေလင့်” ဟု စောင့်ရှောက်ထိန်းသိမ်း (ဖုံးဖိ)စရာ မလို-ဟု အခြားသူ တစ်စုံ တစ်ယောက်မျှ မသိရအောင် စောင့်ရှောက်ထိန်းသိမ်း (ဖုံးဖိ)စရာ မလိုသော တရား လေးပါးနှင့် လောက၌ တစ်စုံ တစ်ယောက်သော သမဏ, ဗြာဟ္မဏ, မာရ, ဗြဟ္မာမျှ ကြောင်းကျိုး, သဘာဝ ယုတ္တိရှိရှိ ကဲ့ရဲ့ပြစ်တင်မှု မပြုနိုင်သော -(၁) တရားတော်၏ သွာက္ခာတတာဂုဏ်၊ (၂) သာဝကတို့ နိဗ္ဗာန်သို့ ရောက်စေနိုင်သောအကျင့်၊ (၃) ရာပေါင်းမက များစွာသောသာဝကတို့ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်မှု-ဟူသော တရားသုံးပါးတို့ကို ဟောတော်မူသည့်သုတ်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ -အံ၊၂၊၄၅၉-၄၆၀။ အံ၊မြန်၊၂၊၅၇၉-၅၈၀။ အံ၊ဋ္ဌ၊၃၊၁၇၄။ -အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ၊ ၆-အဗျကတဝဂ္ဂ၊ ပဉ္စမသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ