အရိယာဝါသသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] အရိယာဝါသ တရားဆယ်ပါး ခေါင်းစဉ်ကို ဟောတော်မူသည့်သုတ်။


[၂] အထက်သုတ်ပါ အရိယာဝါသ တရားဆယ်ပါးကို တစ်ပါးစီ တစ်ပါးစီ အကျယ် ဝေဖန်၍ ဟောကြားတော်မူသည့်သုတ်။

ဤသုတ်တော်ကို ကုရုနိုင်ငံ ကမ္မာသဒမ္မ နိဂုံး၌ ဟောကြားတော်မူပါသည်။

အဋ္ဌကထာ၌ -ကုရုနိုင်ငံသား ရဟန်းတော်များအား မဟာနိဒါနသုတ် အစရှိသော နက်နဲသောသုတ်တော်များ ဟောတော်မူပုံ အစရှိသည်တို့ကို ဖွင့်ပြထားပါသည်။ ။

ဋီကာ၌ -ကုရုနိုင်ငံသားများနှင့် ကုရုနိုင်ငံ၏ ရေမြေအကြောင်း၊ သတိပဋ္ဌာန် တရားတော်နှင့် ကုရုနိုင်ငံသားများ၊ ဗုဒ္ဓရက္ခိတကျေးသားဝတ္ထု၊ ဒီဃနိကာယ်၌ မဟာ နိဒါနသုတ်နှင့် မဟာသတိပဋ္ဌာနသုတ်တော်၊ မဇ္ဈိမနိကာယ်၌ သတိပဋ္ဌာနသုတ်၊ သာရောပမသုတ်၊ ရုက္ခောပမသုတ်၊ ရဋ္ဌပါလသုတ်၊ မာဂဏ္ဍိယသုတ်၊ အာနေဉ္ဇသပ္ပါယ သုတ်တော် အစရှိသည်တို့ကို ဟောတော်မူပုံ အစရှိသည်တို့ဖြင့် ဖွင့်ပြထားပါသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၃၊၂၇၉။ အံ၊မြန်၊၃၊၂၈၀။ အံ၊ဋ္ဌ၊၃၊၂၉၁။ အံ၊ဋီ၊၃၊၃၀၉။ (ဒီ၊၃၊၂၂၄-၂၅၇) -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ ပဌမပဏ္ဏာသက၊ ၂-နာထဝဂ္ဂ၊ နဝမသုတ်။
  2. -အံ၊၃၊၂၈၀-၁။ အံ၊မြန်၊၃၊၂၈၁-၃။ အံ၊ဋ္ဌ၊၃၊၂၉၂။ အံ၊ဋီ၊၃၊၃၀၉-၃၁၂။ -အင်္ဂုတ္တရနိကာယ ... ဒသမ (ဒုတိယအရိယာဝါသ)သုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ