ဩရိမသုတ်

ဝီကီပီးဒီးယား မှ

[၁] ဒုစရိုက် ၁၀-ပါးသည် ဤဖက်ကမ်း, သုစရိုက် ဆယ်ပါးသည် ဟိုဖက်ကမ်း ဖြစ်သည်၊ ဟိုဖက်ကမ်း (နိဗ္ဗာန်)သို့ သွားရောက်သောသူတို့သည် နည်းပါးကုန်၏။ ဤသတ္တဝါအပေါင်းသည် ဤဖက်ကမ်း (သက္ကာယဒိဋ္ဌိ)သို့သာလျှင် အဖန်ဖန် ပြေး သွားကြ၏။

ကောင်းစွာ ဟောကြားတော်မူအပ်သော (လောကုတ္တရာ)တရားတော်အား လျော်စွာ ကျင့်ကုန်သောသူတို့သည် သေမင်း၏တည်ရာ (ဝဋ်တရား)ကို (ကူးတက်၍) ဟိုဖက်ကမ်း (နိဗ္ဗာန်)သို့ ရောက်ကုန်လတ္တံ့-အစရှိသည်ဖြင့် ပညာရှိသူများ ဆောင်ရွက် ရမည့် လုပ်ငန်းနှင့် ဗောဇ္ဈင်ပွားများပြီးသူတို့၏ အကျိုးကျေးဇူးတို့ကို ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၃၊၄၆၃-၄။ အံ၊မြန်၊၃၊၄၅၆-၇။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ စတုတ္ထပဏ္ဏာသက၊ (၁၇)၂-ဇာဏုဿောဏိဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ